အမေရိကန်မှာ မွေနေတဲ့ မြန်မာမြွေ

Monday, November 7, 2011






အင်တာနက်မှာ Burmese ဆိုပြီး ရှာလိုက်ရင် မြွေတွေ ကြောင်တွေ ထွက်လာတယ်။ အခုလည်း တွေ့ပြန်ပြီ။ အရင်လ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ Burmese Python အမျိုးအစား စပါးကြီးမြွေတကောင် အသေ ဖမ်းမိတယ်၊ ထုံးစံအတိုင်း
အဲဗားဂလိတ်တောထဲမှာပါ။

အဲဒီမြွေရဲ့ ဗိုက်ထဲ သမင်တကောင် တွေ့ရတယ်။

စပါးကြီးမြွေ အမျိုးအစား အများအပြားရဲ့ နာမည်မှာ Burmese ဆိုတာ ပါနေတတ်တယ်။


မြန်မာဘလော့တခုဖြစ်တဲ့ http://yanmyo123.blogspot.com/2009/07/blog-post_29.html မှာ တော့ သူတို့အကြောင်းကို အသေးစိတ် ရေးထားပါတယ်

http://kthwe.blogspot.com/2009/08/endangered-species.html မှာ ရေးထားတဲ့ ဒီမြွေတွေအကြောင်း ၀တ္ထုတို နဲ့ မှတ်ချက်တွေမှာလည်း မှတ်သားစရာတွေ ပါဝင်ပါတယ်။


တောသဘာဝ အားကြီးသူက အားနည်းသူကို စားတာပဲ။ ဒါပေမယ့် အားနည်းသူတွေ မျိုးမပျောက်ဘူး။ သဘာဝက အဲဒီလို ဖန်တီးထားတာကိုး။

ခုတော့ ဒီမြွေတွေကြောင့် အဲဒီ သဘာဝ ပျက်ကရော။

အဲဒီမြွေကြီးတွေက အကောင်ပေါက်နှုန်းများပြီး သူတို့အရေအတွက် များလွန်းလာတော့ အဲဗားဂလိတ် သဘာဝဥယျာဉ်မှာ သူတို့ကို ဖမ်းပြီးပင်စင်ပေးနေရတယ်။

ဥယျာဉ်ထဲက အကောင်မှန်သမျှကို မြိုချကြမှာလေ။

Linkပိုင်ရှင်တွေက သူတို့မြွေကို မမွေးနိုင်တော့ဘူးဆိုရင် သဘာဝဥယျာဉ်ထဲ ၀င်ကြေး ဒေါ်လာ ၂၀ ပေးပြီး ၀င်လာ၊ တပေခွဲအရွယ် မြွေပေါက်စကို လာချသွားရုံပဲ။

တနှစ်အတွင်း အဲဒီမြွေ ၅ ပေ ရှည်သွားတယ်၊ အရွယ်ရောက်လာရင် ပေ၂၀ ထက်မက ရှည်သွားနိုင်တယ် လို့ ၀က်ဆိုက်မှာ ရှင်းပြထားပါတယ်

၂၀၀၀ ကတည်းက အဲဗားဂလိတ်တောမှာ သူတို့ကို ကိုင်နေပါပြီ။ နှစ်စဉ် ရာနဲ့ချီ ရှင်းနေတယ်။

2010 - 322
2009 - 367

2008 - 343
2007 - 248

2006 - 170
2005 - 94

2004 - 70
2003 - 23

2002 - 14
2001 - 3

2000 - 2
စုစုပေါင်း ကောင်ရေ - 1,334

အဲဒီထဲမှာ ဒီနှစ်အတွင်း သတ်လိုက်တဲ့ ကောင်ရေ ၁၃၀ မပါသေးဘူး လို့ အဲဗားဂလိတ်တောရဲ့ ၀က်ဆိုက် http://www.nps.gov/ever မှာ ရေးပါတယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved