ဥာဏ်လင်းအောင်နှင့်ဂျေမီ - ဇော်ပိုင်နှင့်အောင်လ

Wednesday, November 30, 2011

~











ထိုင်းနိုင်ငံဘုရင်မင်းမြတ်ဘူမိဘောအဒူယာဒက် ၏ ၈၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲ တော်တရပ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်မဲဆောက် မြို့တွင်ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပရေးကော်မတီက ဒေသတွင်းရောက်မြန်မာများအတွက် ပျော်ပွဲရွှင်ပွဲများအဖြစ် မြန်မာနိုင်ငံမှနံမည်ရအဆိုတော်များ၏ ဂီတဖျော်ဖြေပွဲများနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးလက်ဝှေ့ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်နေ့ညတွင် မြန်မာအဆိုတော် ဥာဏ်လင်းအောင်နှင့်ဂျေမီ တို့သီဆိုမည်ဖြစ် ပြီး ၉ ရက်နေ့ ညတွင် အဆိုတော် ဇော်ပိုင်နှင့်အောင်လ တို့သီဆိုကြမည်ဖြစ်ကာ ၀င်ကြေး လက်မှတ်ကို ထိုင်းဘတ်ငွေ ၈၀ ဖြင့်ရောင်းချမည်ဖြစ်သည်။

ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်နေ့အထိ ညဘက်တွင်ကျင်းပမည့် ထိုင်း-မြန်မာချစ်ကြည်ရေး လက်ဝှေ့ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ထိုးသတ်လိုသည့် မြန်မာလက်ဝှေ့ဝါသနာရှင်များ ပွဲကျင်း ပရာလက်ဝှေ့ကြိုးဝိုင်းအနီးတွင် စာရင်ပေးသွင်းနိုင်သည်ဟုသိရသည်။

နှစ်စဉ်ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏ အထိမ်းအမှတ်ပွဲ တော်ကို မဲဆောက်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနှစ်စဉ်ကျင်းပပြုလုပ်ရာ ပွဲတော်သို့ သောင်းနှင့်ချီသည့်မြန်မာများတက်ရောက်အားပေးကြသည်။

ပုံစာ - ပွဲတော်ကြော်ညာများ။
ဓာတ်ပုံ - ဧရာဝတီ။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved