ယူအက်စ်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးကျော်ဝင်း

Tuesday, November 29, 2011

...







အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့တဲ့ သံတမန် ဦးကျော်ဝင်းအကြောင်း ၀ါရှင်တန်ပို့စ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး “It’s a good thing” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ မကြာသေးမီက ဖြစ်ပျက် နေတာတွေဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဟုတ်မဟုတ် ဆိုတာကိုတော့ လာမယ့်နှစ်မှပဲ ပြောနိုင်ပါလိမ့်မယ် တဲ့။

ဦးကျော်ဝင်းရဲ့ ၀န်ထမ်းဘ၀ အစပိုင်းကာလအကြောင်းလည်း ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ပြင်က သင်တန်းကျောင်းတခုမှာ ကြုံခဲ့ရတဲ့ သင်ကြားမှုတွေက စစ်ဘက်ဝန်ထမ်းဘ၀နဲ့ ပိုသက်ဆိုင်ပြီး သံခင်းတမန်ခင်းနဲ့ မဆိုင်လှဘူးလို့ ဆိုတယ်။ သင်တန်းမှာ ကြုံခဲ့ရတဲ့ စည်းကမ်းချက်တွေအကြောင်း ပြောပြရာမှာတော့ -

“နောက်ပိုင်း ကျနော်တို့ တဖြည်းဖြည်း နားလည်လာတာက အမိန့်တွေ နာခံဖို့ ကျနော်တို့ကို သင်ပေးနေပါလား ဆိုတာပါပဲ။ ကွန်ပလိန်းမတက်နဲ့၊ ပြန်မမေးနဲ့၊ ခိုင်းတာလုပ် ပေါ့ဗျာ” လို့ ဆိုပါတယ်။ ဒီလို အနေအထားမျိုးကို သူ့ရဲ့ အနှစ်သုံးဆယ်သက်တမ်း ၀န်ထမ်းဘ၀တလျှောက်မှာ အသားကျခဲ့ရတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့် တောင်းပြီး ကတည်းက မြန်မာပြည်သား အများအပြား နေထိုင်တဲ့ မေရီလန်းပြည်နယ် Gaithersburg မြို့ မိတ်ဆွေတယောက်ရဲ့ အိမ်မှာ နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ၀ါရှင်တန်ပို့စ် - http://www.washingtonpost.com

ဆက်စပ်သတင်း - ဒု သံရုံး တာဝန်ခံ ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့်တောင်း http://bur.irrawaddy.org//index.php/news/6758-2011-07-04-06-27-39







...

1 comments :

  1. Anonymous said... :

    န၀တ ကောင်းပါတယ်ဆိုတုန်းကလည်းသူတို့ ပဲ။ အခုတမျိုး တော်ကြာတမျိုးနဲ့ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved