ဆက်သွယ်ရေးကဏ္ဍ သုတေသန သုံးသပ်ချက်

Friday, November 4, 2011


သုတေသနနဲ့ ဈေးကွက် အဖွဲ့က မြန်မာပြည်အတွက် ဆက်သွယ်ရေး၊ မိုဘိုင်းနဲ့ အင်တာနက်ဆိုင်ရာ သုံးသပ်ချက်ပါ။

၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တပ်သြဇာမကင်းတဲ့ အစိုးရတက်လာသည့်တိုင် တကယ်လိုအပ်နေတဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အခြေခံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အလားအလာ မတွေ့သေးပါ။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို အစိုးရပိုင်ဝန်ဆောင်မှုအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဆက်လက် လက်ဝါးကြီးအုပ်ထားဆဲဖြစ်ပါတယ်။ စစ်အစိုးရတဖြစ်လဲ အရပ်သားအစိုးရရဲ့ ရှေးရိုးစွဲမကင်းတဲ့ ပြုပြင်ပြောင်းလဲရေး ချဉ်းကပ်မှုတွေကြောင့် ပြည်တွင်းတယ်လီဖုန်းကွန်ယက် ဝန်ဆောင်မှုကို MPT က ဆက်လက်ထိန်းချုပ်နေတာ အံ့သြစရာမရှိပါ။

ဈေးကွက်ဆိုင်ရာ အချက်အလက်များ

မြန်မာ့ မိုဘိုင်းဖုန်းဈေးကွက်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ၁၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။

မိုဘိုင်းဖုန်း ဈေးကွက် အဲလိုတက်လာတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အတော်ကို နိမ့်ကျတဲ့ အခြေအနေကနေ မိုဘိုင်းသုံးစွဲသူအရေအတွက် တိုးတက်လာတာကြောင့်မို့ပါပဲ။ ၂၀၁၁ အစောပိုင်းမှာ မိုဘိုင်းဖုန်း သုံးစွဲသူ ၅ သိန်းခွဲအထိ ရှိတယ် ဆိုပေမယ့် တကယ်တမ်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ကြည့်ရင် ၁ ရာခိုင်နှုန်း ကျော်ရုံလေး ရှိပါသေးတယ်။

ကြိုးဖုန်း သုံးစွဲသူအရေအတွက်လည်း တရှိန်တည်းတက်လာပါတယ်။ ဒါပေမယ့် ဒီတိုးတက်နှုန်းက မိုဘိုင်းဈေးကွက်လိုပါပဲ။ ဖုန်းရရှိမှုနှုန်း နည်းနေပါသေးတယ်။ ၂၀၁၁ မှာဆို ၁ ရာခိုင်နှုန်းအောက် ရောက်နေပါသေးတယ်။

အင်တာနက်နဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အတိအကျ သိရဖို့ ခက်နေပါတယ်။
၂၀၁၁ မှာ အင်တာနက်သုံးစွဲသူဟာ လူ ၁ ထောင်လျှင် ၂ ဦးနှုန်းလောက်ပဲလို့ ဆိုနိုင်ပါတယ်။ အင်တာနက် ကိုယ်ပိုင်ချိတ်နိုင်မှုဟာ အနည်းငယ်သာဖြစ်ပြီး ၁ ထောင်မှာ ၁ ဦးနှုန်းအောက် ရှိနေပါသေးတယ်။

Broadband ဆားဗစ်ဟာ အရေအတွက် နည်းနေပါသေးတယ်။ ဒါပေမယ့် ကောင်းတာကတော့ WiMAX ဆားဗစ် အပါအဝင် တခြား အင်တာနက်ဆားဗစ် ပလက်ဖောင်းတွေ မြန်မာပြည်မှာ မိတ်ဆက်လာတာပါပဲ။

မြန်မာပြည်မှာ ဒီကဏ္ဍတွေ ပြုပြင်ပြောင်းလဲရေးအတွက် အကြီးအကျယ် လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ ဒါပေမယ့် ဒီလိုအပ်ချက်ကို ဖော်ဆောင်ဖို့ အရိပ်လက္ခဏာ မတွေ့ရသေးပါ။

Ref: TMC Net







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved