အာဆီယံ-ဂျပန် စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို တည်ခင်းတဲ့ ဗုဒ္ဓဟူးနေ့ ညစာစားပွဲမှာ ရုပ်သေးနဲ့ဧည့်ခံနေပုံ
ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တနှစ်တခါ ပြုလုပ်ခဲ့တာ အခု ၃၇ ကြိမ်မြောက်ပါပြီ။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲပါ။
မြန်မာပြည်မှာ ဂျပန်ကုမ္ပဏီများရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး ရှိလာနိုင်တာမို့ နိုဝင်ဘာလ ၂ ရက်ကနေ စတင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲဟာ မြန်မာပြည်အတွက် အခွင့်အကြီးတခုပဲလို့ Japan times သတင်းစာမှာ မနေ့တုန်းက ရေးသားထားပါတယ်။ မြန်မာပြည်ထဲ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတွေထဲမှာ ဂျပန်က နံပတ် ၁၂ ချိတ်နေပါတယ် တဲ့။
.
0 comments :
Post a Comment