သမ္မတကြီးဘယ်လိုလုပ်မှာလဲ

Thursday, November 3, 2011

ဦးခင်ဇော်

သမ္မတကြီးခင်ဗျား။ ။တနင်္သာရီတိုင်းသားတစ်ဦးအနေနဲ့ ဒီစာကို ရေးသား ပေးပို့လိုက်ပါတယ်၊ ပထမဆုံး တင်ပြချင်တာကတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်(ဂေါ်ဇီလာ)ရင်ထဲက ခံယူထားရမယ့် ခံယူချက်ပါ၊ ဂေါ်ဇီလာကြီးက အရင်ကလိုပုခုံးပေါ်မှာ ရွှေအပွင့်တွေတပ်ထား ပြီး တစ်သွေးတစ်သံ တစ်မိန့် နဲ့ အမိန့်ပေးနိုင်တဲ့ဒုတိယ ဗိုလ်ချုပ်ကြီး မဟုတ်တော့ပါဘူး၊

ဒီနေ့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာလဲ တပ်မတော်အစိုးရ မဟုတ်တော့ဘဲ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားပြီး ပြည်သူ့ အကျိုးစီးပွား ဦးထိပ်ထား မိမိ အကျိုး ဖယ်ရှား ရမယ့်အစိုးရနှင့် ခေတ်သစ်တစ်ခု ဆိုတော့ ဂေါ်ဇီလာကြီး အနေနဲ့ အိပ်မက် စိတ်ကူးထဲက နိုးထပြီး ပကတိ အသိစိတ်နှင့် ယုံကြည်လက်ခံနိုင်ဖို့ပါ၊ လက်ရှိ အခြေနေကို တည်ငြိမ်စွာနဲ့ လက်ခံနိုင်သူဟာ ဘယ်တော့မှ မကျဆုံးနိုင်ပါဘူး၊

တနင်္သာရီတိုင်း ၀န်ကြီးချုပ် တာဝန် စယူတဲ့အချိန်ကနေ ယနေ့အချိန်ထိ ဒေသရဲ့အကျိုး ဘာတွေ လုပ်ပေးခဲ့ပါသလဲ စိတ်ရင်းစေတနာ အမှန်နဲ့ တနင်္သာရီတိုင်းဒေသ အတွက် လုပ်ပေးခဲ့တာ ရှိရင် ပြည်သူရဲ့အကျိုးကို တကယ်အကျိုးပြု ဆောင်ရွက်ခဲ့တာ ရှိရင် တရားဝင် ထုတ်ပြန် ရှင်းလင်းပြပါ၊ ကျေးဇူးတရား သိတတ်လွန်းတဲ့ ကျွန်တော်တို့ဒေသ ပြည်သူတွေက ငါတို့ဝန်ကြီးချုပ် ဘာလုပ်ခဲ့သလဲ ဆိုတဲ့ သမိုင်းကျမ်း တစ်စောင် ပြုစုပြီး ဂုဏ်ပြုကြမှာပါ

လက်ရှိအခြေနေမှာ တော့ တိုင်း ၀န်ကြီးချုပ်ဦးခင်ဇော် (ဂေါ်ဇီလာကြီး)ကတော့ ခိုးသားငါးရာမှ ဆက်ကြေးတောင်းပြီး နေတော့ ပြည်နယ်နှင့်တိုင်း ဆယ့်လေးခုထဲမှာ ဆယ့်သုံးခုက ဘာအသံမှ မထွက်ဘဲ ဂေါ်ဇီလာကြီး သတင်းတွေက အင်တာနက်နဲ့ ပြည်သူတွေရဲ့ အသံတွေထဲမှာ နေ့တဓူဝ ကြားနေရပါတယ်၊

ဒါ့အပြင် ၀န်ကြီးချုပ်ကြီးပြုတ်တော့မယ် ဆိုတဲ့အသံတွေကလည်း မကြာမကြာ ကြားနေရပါတယ်၊ ဒါတွေဟာ ဒေသခံ ပြည်သူတွေရဲ့ ၀န်ကြီးချုပ်အပေါ် ထားရှိတဲ့ မေတ္တာတွေလို့ ခံယူရမှာဖြစ်ပါတယ်၊
အင်တာနက်ပေါ်တွင် ဂေါ်ဇီလာသတင်းတွေ အမြဲတွေ့နေရတော့ ဇော်ဂျီဖောင့်အစား ဂေါ်ဇီလာဖောင့် လို့တောင်ပြောင်းလိုက်ချင် တော့တယ်၊

တနင်္သာရီတိုင်း ရဲ့ မြို့တော် တိုင်းအစိုးရ အဖွဲ့ရုံးစိုက်ရာ မြို့ကိုထားဝယ်မြို့လို့နိုင်ငံတော်က သတ်မှတ်လိုက်တဲ့အခါမှာ ၀န်ကြီးချုပ်နေနဲ့ တော်တော်ခံစားသွားရပါတယ်၊ မြိတ်မှာ ထားလည်းရရဲ့သားနဲ့ကွာ ထားဝယ်မှာက သူဌေးသိပ်မရှိဘဲနဲ့ ပျင်းစရာ ကြီး လို့စပြီး ဖောက်ပြန် ပြောဆိုတော့တာဘဲ့နော်၊ ပြီးတော့ ထားဝယ်သားတွေ သောက်သုံးမကျဘူး ဆိုပြီး လူသိထင်ရှားစိန်ခေါ်စော် ကားပြန်တယ်၊ ဟုတ်ပါတယ် ထားဝယ်သားတွေဟာ ခင်ဗျားလောက် သောက် သုံး မကျပါဘူး၊

ဒါပေမယ့် သမိုင်းမှာ အတင်ခံရပါတယ် ၀န်ကြီးချုပ် ဦးစိန်ဝင်း၊ ၀န်ကြီးချုပ်ဦးဗဆွေ၊ ဗိုလ်မှုးဗထူး၊ မီးပုံးပျံ ဦးကျော်ရင်၊ ဦးငွေကိုင်၊ ဦးဟန်တင် စတဲ့ ထင်ရှား ကျော်ကြားတဲ့ ကမ္ဘာသိ နိုင်ငံသိပုဂ္ဂိုလ်ကြီးတွေဟာ ထားဝယ်သားတွေပါ၊ လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင်တောင် ထားဝယ်သွေး မကင်းပါဘူး၊ သတိရတုန်း ပြောရအုံးမယ် မြိတ်နဲ့ ကော့သောင်း ခိုးသားငါးရာကလ စဉ်းကြေးပို့ပြီးပြီလား၊ တော်ကြာ ပြုတ်သွားလို့ရှိရင်မရဘဲ နေအုံးမယ် မရသေးရင်လည်း ဖုန်းဆက်ပြီး အမြန်တောင်းလိုက်ပါနော်၊ တော်ကြာ ပြုတ်သွားမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ်၊ ဂေါ်ဇီလာရဲ့ ဘက်တော်သား လုံခြုံစီမံ ၀န်ကြီး ဗိုလ်မှုးကြီး ဇော်လွင်(ပြောင်ကြီး)ကိုခွဲပေးရသေးလား၊

ဂေါ်ဇီလာကြီးဝန်ကြီးချုပ်တာဝန်ယူပြီးတာ ထားဝယ်အ.ထ.က (၂) ကဘော်လုံးကွင်းမြေ၊ ရွေဝယ် သိရိအားကစားကွင်း တွေ ဧည့်ရိပ်သာတွေကိုတောင် ရောင်းစားဖို့ အပိုင်ကြံလိုက်သေးတယ် မဟုတ်လား၊ အခြေနေမကောင်းတာနဲ့ လက်ရှောင်ထားတာ အဲဒါတောင် အစိုးရ ဧည့်ရိပ်သာကို တစ်လ(ဆယ်သိန်း)နဲ့ company တစ်ခုကို ငှါးရမ်းထားတယ်မဟုတ်လား ထားဝယ်မှာငှါးနေတဲ့အိမ် လခကျတော့ မပေးဘူး အနိုင်ကျင့်ထားတယ် မီးဖိုးလည်း မပေးဘူး တစ်လကို မီတာခ ဆယ်သိန်း ကျော်လောက် သုံးပြီးမီတာခ မပေးဘဲ ထားတာ ဖိုးသီးချိုက ကြောက်လွန်းလို့ မတောင်းရဲဘူး လို့ ကြားရတယ်၊ ဖိုးသီးချိုဆီကတော့ လစဉ် ဆက်ကြေး တွေ တောင်းပြီးတော့ မီးဖိုးလေးတော့ ပေးသင့်တာပေါ့ ဂေါ်ဇီလာကြီးရာ၊

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး တွေကို မယုံဘူး၊ တိုင်းထွေအုပ်မင်းကြီး၊ တိုင်းရဲမင်းကြီးနဲ့ အုပ်စုဖွဲ့ပြီး အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားတယ်၊ ၀န်ကြီးအဆင့်တွေက ရုံးအုပ်စာရေးကြီး အဆင့်တွေဖြစ်နေတယ်၊ လုပ်ပိုင်ခွင့်လည်းမရ ရှာဘူး၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ်တွေ ဘယ်တစ်ဦးတစ်ယောက်ကိုမှ လေးစားမှု့မရှိပါဘူး၊ အသိမှတ်တောင်ပြုဖော် မရဘူး၊ လုပ်ငန်းရှင်တွေရဲ့မြှောက်ထိုး ပင့်ကော်ပေးမှု့တွေမှာဘဲ့ နစ်မြောနေ တယ်၊ ပကတိအခြေနေကိုမသုံးသပ်ဘူး

အဲဒီသူဌေးတွေကခေတ်အဆက်ဆက်ဖားပြီး စားခဲ့တဲ့စားဖားတွေပါ၊ တိုင်းဝန်ကြီးချုပ်က မာန်တက်ပြီး အကဲဆတ်လွန်းလို့ နေပြည်တော်က ဘယ်ပြည်ထောင်စု ၀န်ကြီးမှ တနင်္သာရီတိုင်းကိုမလာရဲဘူး မလာကြဘူး မလာကြတော့ဘာဖြစ်လဲ ကျနော်တို့တိုင်းက ပိုပိုပြီး အောက်ကျနောက်ကျ ဖြစ်တာပေါ့ဗျာ၊ ဒီကြားထဲ ထားဝယ်နဲ့ ကော့သောင်းဆန် တင်သွင်းခွင့်ဖြန့်ဖြူးခွင့်ကို အောင်မြင်သူ company (မန္တလေး)ကိုတစ်ဦးတည်းပေးတော့ဆန်ဈေးတွေတက် လာတယ်၊ နင်းပြား တနင်္သာရီတိုင်းသားတွေ ကျောကော့အောင် ခံကြရပါတယ်၊ အရင်က ရေးခဲ့တဲ့ထိပ်ဆုံးက တနင်္သာရီက ခုတော့ အောက်ဆုံးက တနင်္သာရီလို့ ပြင်ရေး ရမလိုဖြစ်နေပါပြီ၊

ခြုံငုံပြောရရင် တနင်္သာရီတိုင်းကမြို့နယ်အသီးသီးဟာ ဘယ်လိုအပြောင်းအလဲမှ မခံစားကြရသေးပါဘူး၊ ၀န်ကြီးချုပ်ရဲ့ သွေးသောက်ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှုးများရဲ့ ဖိနှိပ်မှု၊ ပညာပြမှု၊ ကိုယ်ကျိုးရှာမှုအောက်မှာနေထိုင်နေရတုန်းပါဘဲ့၊ ပြောင်းသွား တာ လက်ညိုးထိုးပြပါ ဆိုရင် အုပ်ချုပ်ရေးမှုးရုံးက ဆိုင်းဘုတ်တွေပဲ့ ရှိပါတယ်၊

လွတ်လပ်စွာ ပြောဆိုခွင့် ဆိုပြီးကျယ်လောင်စွာ အော် ဟစ်ပြောဆိုနေကြချိန်မှာ တနင်္သာရီတိုင်းမှာတော့တိုင်း ၀န်ကြီးချုပ်ရဲ့အစီမံနဲ့ ရဲ သတင်း အထူး အဖွဲ့(တိုင်း)က ဗိုလ်ကြီးဝင်းမြင့်က ကြိုးဖုန်းတွေ၊ GSM ဖုန်း၊ CDMA ဖုန်းလိုင်းတွေ ကြားဖြတ်ခိုးယူ နားထောင် သတင်း ယူနေပါတယ်၊ ဒါ ဒီမိုကရေစီအစိုးရ လုပ်ရမဲ့ အလုပ် မဟုတ်ပါ၊ ဂျပန်ခေတ်က ကင်ပေတိုင်တွေလုပ်ခဲ့တဲ့အမှုကျင့်ပါ၊ အရမ်းအောက်တန်းကျလွန်းလှပါတယ်၊ တစ်ချို့အရာရှိတွေဟာ နီးစပ်ရာ မိတ်ဆွေတွေကို ဖုန်းနဲ့မပြောကြဖို့ သတိပေးနေတာ ကြားရပါတယ်၊ အဲဒါကို သိထားတဲ့ ၀န်ထမ်းအကြီးကဲတွေဖုန်းကို ဘယ်သူမှ မသုံးရဲတော့ပါ၊

ပြည်သူ့အသံ လွတ်တော်အသံ ဆိုပြီး ဟစ်ကြွေးနေတဲ့ လွတ်တော်ကလည်း မြိတ်မြို့နယ်(သစ်ယာဝ)ကျေး ရွာက လုပ်သားပြည်သူ (၇၀၀) ကျော်ရဲ့လက်မှတ်ထိုး တောင်းဆိုမှုကိုလည်း သမ္မတကြီးက(၂၉၊ ၁၀၊ ၂၀၁၁) ရက်နေ့ကနေ (၂၊ ၁၁၊ ၂၀၁၁) နေ့အထိ နေပြည်တော်ခေါ်ယူပြီး စစ်ဆေးခဲ့ပေမယ့်(၃၊ ၁၁၊ ၂၀၁၁)မှာ ထားဝယ်ကို ခန့်ခန့်ကြီးပြန်ရောက်လာခဲ့ပြန်ပါပြီ၊ အရင်ကပြည်သူ့ လွတ်တော်၊ အမျိုးသားလွတ်တော်အမတ် (၁၈) ဦးရဲ့အသံဟာလည်း အဆံမပါတဲ့ သင်္ကြန်အမြောက်ဖြစ်သွားခဲ့ပါပြီ၊ အာဃာတ တရားနဲ့ မာန်မာန ကြီးလွန်းတဲ့ဝန်ကြီးချုပ်ရဲ့ လက်တုန့်ပြန်မှု့ကိုလွတ်တော်အမတ်တွေ၊ သစ်ယာဝရွာသားတွေ၊ တိုင်းတွင်းနေ ပြည်သူတွေ ခံစားကြရဦးမှာပါ၊ ကြိုပြီးတောင် ကြက်သီးထမိတယ်ခင်ဗျား၊

နယ်ထွက် ကွင်းဆင်းရင်လည်း ငါ့တိုင်းသားတွေ ဆင်းရဲနေကြသလား၊ အလုပ်အကိုင်ကော အဆင်ပြေကြရဲ့လား၊ ငါ့အုပ်ချုပ် မှု့နဲ့ ဘာတွေ လုပ်ပေးနိုင်သလဲဆိုပြီး ကွင်းဆင်း စစ်ဆေးတာမျိုး မဟုတ်ဘဲ၊ အိမ်တော်ပါ စားဖားသူဌေးတွေ ခြံရံပြီး စီးပွားဖြစ်ဂေါက် ရိုက်ကြပြီး လေးသိန်းတန် (ဘာလင်တိုင်း) အရက်သောက်နေတာဘဲ့ တွေ့ကြရတယ်၊

နောက်ပြီးတော့သူဌေးတွေအာဏာပိုင်တွေ၊ ၀န် ထမ်းတွေရဲ့ အမှားသင်ပုန်းခြေ ကန်တော့ပန်းခြင်းတွေနဲ့ ကန်တော့ခံ ပြန်သွားတာက လွဲလို့ လုပ်စရာ မရှိတော့ပြီလား၊ ကန်တော့ ခဲ့တဲ့သူတွေကတော့ငါတို့ ၀န်ကြီးချုပ် ကို ဘာတွေဘယ်လောက် ကန်တော့လိုက်တယ် ဆိုတာ အရက်ဝိုင်းမှာ မူးမူးနဲ့ကြွားလုံး ထုတ် ကြပါတယ်၊

ပါးရိုက်မယ်၊ သေသွားမယ်၊ ပြုတ်သွားချင်လား၊ ခံဝန်ထိုးစမ်း၊ သတိပေးစမ်း၊ ဆိုတာ ဒီမိုကရေစီအစိုးရရဲ့ အုပ်ချုပ်မှု့ စံနစ် စရိုက် ဟုတ်ပါသလား၊ ပြည်သူအများ နားဝင်ချိုစေမယ့်စကား မပြောတတ်သေးဘူး ဆိုရင်တော့၊ အဖိတ်နေ့တိုင်းဆန် အလျူခံကြွနေတဲ့ ဆရာလေးတွေဆီမှာတောင် သင်လို့ရပါတယ်၊

ကျွန်တော်တို့ ဒေသခံတွေဟာ ၀န်ကြီးချုပ်နဲ့ အိမ်တော်ပါ စားဖားသူဌေးတွေလို ကျေးဇူး မကန်းတတ်ကြပါ၊ မယုံရင်ဝန်ကြီးချုပ် အနားယူကြည့်ပါ၊ အဲဒီသူဌေးတွေ လေယာဉ်ကွင်းတောင်လိုက် ပို့မှာမဟုတ်တော့ဘူး၊ ဒေသခံတွေကတော့ ရိုသေဂါရ၀ တရား ထားရှိမှု့လည်း မပျက်ပါ၊ ၀န်ကြီးချုပ်သာ အချိန်မီ လုပ်ရပ်တွေကိုပြင် ဆင်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွက်၊ ပြည်သူပြည်သားတွေ အကျိုးအတွက် စိတ်ရင်းစေတနာအမှန်နဲ့လုပ်ပေးမယ်၊ လက်ရှိ အခြေနေနဲ့ လိုက်ဖက် ညီပြောဆို ဆက်ဆံတတ်မယ်၊ မကောင်းတာတွေကို ပြုပြင်လိုက်မယ် ဆိုရင်၊ နောက် (၅) နှစ် ပြည်သူတွေရဲ့ ထောက်ခံမဲဟာ ၀န်ကြီးချုပ်ဦးခင်ဇော်နဲ့ ပါတီ အတွက်ပဲဖြစ်စေရမယ် ဆိုတာကိုရဲရဲကြီး အာမခံရဲပါတယ်၊ အချိန်မနှောင်းသေးပါဘူး။

သမ္မတကြီးခင်ဗျား ပြည်သူ့မျက်နှာကို ကြည့်ပြီး ဦးခင်ဇော်နဲ့ လမ်းခွဲမလား၊ ဦးခင်ဇော်အပေါ် ရဲဘော်၊ ရဲဘက်စိတ်နဲ့ လက်တွဲပြီး ဂေါ်ဇီလာကြီးဆီက ဝေစုပဲ ခွဲလိုက်ပြီလားဆိုတာ သိချင်ပါတယ်၊ လာမည် မကြာမှီ မျှော် လို့တော့မလုပ်လိုက်ပါနဲ့၊ အမြန်ဆုံးလက်တွဲ ဖြုတ်နိုင်အောင် စဉ်းစားပေးစေချင်ပါတယ်၊

ရိုသေလေးစားစွာဖြင့်
နိုင်ငံတော်နှင့်သမ္မတကြီးအကျိုးကိုအစဉ်လိုလားသည့်
တနင်္သာရီတိုင်းသားတစ်ဦး

8 comments :

  1. Anonymous said... :

    Why government can't punished to Khin Zaw.If government can`t do it,how we can believe to government?why U Thein Sein said "good clean government"?

  1. Anonymous said... :

    I agree with you, one of Danintari people(Danintaritadaoo). Your writing is very good and useful statement. i am sure U Thein Sein will do nothing to U Khin Zaw. The reason is that their aim or purpose is the same. And what they are doing and planning are the same purpose too. So their politic policy is very difficult to understand, for example, some will say that U Thein Seing is very good and some will say U Thein Sein is very bad. However, they all are U Thein Sein's goverment.
    U Thein Sein is not shy to be a president so that he can not understand about the word of President. He himself looks at the mirror and says himself he is a president of Myanmar. But people around the world do not recognize him as a president apart from his goverment.

  1. Anonymous said... :

    I do not agree with you "Mr. Citizen of Danintari people(Danintaritadaoo)". You only wrote bad things about U Khin Zaw. I'm sure he had done many good things for Danintari. Because.. If he had done bad things only and none of the good, he would not be where he is today. You said so yourself that the myanmar government today is selected by people. And that government selected U Khin Zaw, so if anyone is to be blamed, the government would be the one.
    Let me ask you something since you want what's best for Danintari. What would you have done if you are in place of U Khin Zaw to improve Danintari? Instead of complaining, you should be giving advice on how he could improve things. If you don't know what or how to improve but like to blame other people, it won't do any good to Danintari.
    How much good have you done for your own family or neighbors, let alone the whole state like "Danintari"? I'm sure U Thein Sein and his fellows are doing everything they can and it is not easy to manage the whole country. They are improving and changing the politic policy as much as they can these days.
    Those 18 people in Parliament, have they done any good for Danintari at all?
    I look forward to hearing from you soon about how U Khin Zaw can IMPROVE to make Danintari a better place.

  1. Anonymous said... :

    သမတကြီးကိုမေးမနေနဲ့။သူဘာမှလုပ်လို့ရမှာမဟုတ်ဖူး။ဒီလူတွေကိုနေရာချပေးထားတာကသူ့အဘသန်းရွှေကလုပ်ထားတာ။ အဘကခွင့်ပြုမှဖြုတ်လို့ရမှာ။

  1. ၀ါးခယ်မ မျိုးမင်းသိန်း (အညာမြေ) said... :

    ပြည်သူတွေလုံလောက်တဲ့လက်မှတ်ထိုးကန့်ကွက်နိင်ရင် လွှတ်တော်ကဖြုတ်ချနိင်တယ်

  1. Goorgin said... :

    ကြားရတာနဲ့တင် အတော်ချဉ်ဖို့ကောင်းတယ်၊ အော့နှလုံးနာဖို့ကောင်းတယ် ၊ ဒီတိုင်းမထားကြပါနဲ့ ....။ ငြိမ်မနေကြပါနဲ့ ဆိုင်သောသူများ အရင်စဖော်ဆောင်ကြပါ၊ ဘေးအကူအညီအလိုလိုပါလာပါလိမ့်မယ် ၊ အမှန်တရားအတွက်ရပ်တည်ရဲကြပါ....... ။ ဒီလိုလူမျိုးကို လက်ပိုက်ကြည့်နေရင် သမိုင်းတာဝန်မကြေရာကျပါလိမ့်မည် ...... ။

  1. Anonymous said... :

    Hi Dear Anonymous (Nov4, 4:48am) and all readers,

    I am not here to against your perception but here to agree what the writer's article. We all know that everybody can think freely on all matters but critical thinking is very important.

    From my point of view, the writer wrote only what he've heard,seen, and things happening in Tanintharyi Division and it didn't mean to keep blaming U Khin Zaw. Because all these are the truths and encountering in Tanintharyi Division.

    I believe that most of our Tanintharyi people have good moral practices,respect,forgiveness but no one will keep pointing out on what he did unless he was doing faults.

    As I am Tavoyan and everyone wants to see their native land with full of (peace, less crime, physical developments, excellent human resources), some points below would be a little controversial.

    Firstly, for election matter, he shouldn't be in this seat if the votes were correctly (no cheating) counted. Hope that people leader won't drag his followers to the tragedy.

    Besides the bad things, of course, he did many good things as well. He planted Bhaw Dhi Nyaung Pin in Phayagyi Win as a good religious Buddhist. He could manage to get multi millions money donation from super bosses and plan to set a foundation for poor people around Tanintharyi (not sure this project is ongoing but only known that many bosses donated to gain merits for their future business purposes.

    Furthermore, he can diversify many business sectors in Dawei and give business opportunities ONLY to super super bosses. That means when super bosses came to monopolize on one sector, other small exiting firms have to bail out or screw. How could small firms can compete with big group of companies. Oh....What a poor thing is in my native land. That's one thing how he didn't care any small family businesses and not considering any piece about them.

    In addition, a lot of drugs(kyal thee,weed,5,asean)are abundant in the whole Tanintharyi Division and WHY only smaller dealers and users were arrested but for the big dealers, they all can build big houses and can stay freely without disturbing of any cop.

    All in all, we want to see justices in my native land, good high-way roads for the convenient of trading and travelling, well economy growth, less unemployment rates, young guys with drugs free, good quality leader.
    And then......yes, phone lines are not disrupted, no cutting off internet connection, and plus plus more.

    Thanks for reading all and if U Khin Zaw could get a chance to read my comment, please do think that I am here to give you an advise to get a success for future career.
    Dear, Time to think, Time to change!

    May all people in my home land have free from struggles and troubles!!!

    Regards,

    one Tavoyan

  1. ကျနော်တို့တနင်္သာရီတိုင်းဟာ စစ်ဖိနပ်အောက်ပြားပြားဝတ်နေရတုန်ပါ...ဘယ်သူတွေဘဲ ဒီမိုကရေစီဖော်ဆောင်တဲဘဲပြောပြော ကျနော်တို ပြည်သူတွေကတော့ စစ်ဖိနပ်အောက် ပြားပြားဝတ်နေရတုန်ပါ...ထွေထွေထူးထူးမပြောချင်တော့ပါဘူး..အရင်တုန်က ကွန်မြူနစ်ရှိခဲဖူးတယ်..အခုချိန်မှာတနင်္သာရီပြည်သူတပ်မတော်အဖြစ်..လက်နက်ကိုင်တော်လှန်သင်နေပါပြီ..တနင်္သာရီတိုင်းသူတိုင်းသားလဲ စုပ်ပျက်သပ်နေပါပြီ ကျွန်တွေ.ဖာတွေဖြစ်နေကြပါပြီ....ကျနော်တို့ ပြည်သူပြည်သားတွေ ဒုက္ခဆင်းရဲဖြစ်နေကြတာ ရှေးဘ၀ကုသိုလ်ကြောက်သက်သက်မဟုပ်ပါ အုပ်ချုပ်မှူမကောင်းလို့ နိုင်းငံရေးအခြေနေမနေကာင်းလိုဆိုတာ သိသင်ကြပါပြီ.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved