၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ခံထားရခြင်း အယူခံ အောင်မြင်

Saturday, November 5, 2011



(Soccer Myanmar ဝက်ဘ်ဆိုဒ်
မှ ကူးယူဖော်ပြပါသည်။)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယ အကျော့ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာ များအတွက် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ထားခဲ့ခြင်း အပေါ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အယူခံလွှာ တင်သွင်းခဲ့ရာ ဖီဖာမှ လက်ခံခဲ့ကြောင်း သိရသည်။

"ဖီဖာက ဖုန်းနဲ့ ဆက်သွယ် လာပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင် ခံထားရတဲ့ အပေါ် အယူခံ တင်ထားတဲ့ ကိစ္စ အောင်မြင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပွဲကိုတော့ အိမ်ရှင် လုပ်ခွင့် ရမှာမဟုတ်ဘဲ ကြားကွင်း တစ်ကွင်းမှာ ကစားရဖို့ ရှိပါတယ်" ဟု မြန်မာ ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှား နိုင်ငံ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် မြန်မာ အသင်းသည် အိုမန် အသင်းအား (၂-၀) ဂိုးဖြင့် ရှုံးနိမ့် နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တု များဖြင့် ပစ်ပေါက်ခဲ့ သောကြောင့် ပွဲဆက်လက် မကစား နိုင်တော့ဘဲ ပထမပိုင်း အပြီးတွင်ပင် ရပ်ဆိုင်း ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ် ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင် စေရန်နှင့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ခွင့် ပိတ်ပင် ထားခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်ကလည်း "ဒဏ်ရိုက်တာကို ဘာမှ လုပ်ဖို့ မရှိပါဘူး။ ဒီဒဏ်ကြေးကို ပေးဆောင် သွားမှာပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်တဲ့ အပေါ်တော့ အယူခံ ၀င်သွားပါမယ်။ ဥပဒေ ရေးရာ နားလည်သူတွေနဲ့ တိုင်ပင်ပြီး အယူခံ ၀င်သွားမှာပါ။ တကယ်လို့ အယူခံ ရှုံးခဲ့မယ် ဆိုရင်တောင် လွယ်လွယ် လက်လျှော့မှာတော့ မဟုတ်ပါဘူး" ဟု အောက်တိုဘာ လဆန်းပိုင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ထုတ်ဖော် ပြောကြား ခဲ့ဖူးသည်။





4 comments :

  1. Anonymous said... :

    why appeal?
    I am sure they will lose it forever.
    Don't waste your money and time.

  1. heho said... :

    why not they should not appeal?if only, u r not myanmar citizen, u can say that. because i am myanmar and whichever government took power, i don't care but i care about my, myanmar soccer team, get success at the game. by the way i really like democratic values like freedom expression but with responsibility. so i m not hesitate to show my name.

  1. Anonymous said... :

    ဦးဇော်ဇော်ကို ချီးကျူးပါတယ်။
    ကနာရမှာ နှငှ်းဆီပင်းပွင့်အောင်ကြိုးစားနေလို့ပါ။
    ပန်းမြိုင်လည်မှ ဥယျာဉ်မှုးလို့ ဆိုပါရစေ။

    ကျွန်တော်တော့ မြန်မာဘောလုံးလောကကို စိတ်ကုန်ပါပြီ။
    ဘယ်နှစ်ဂိုးနဲ့ရှုံးလာမလဲဘဲ စောင့်ကြည့်တာအကျင့်ဖြစ်နေပါပြီ။

    အမှားပါရင်ခွင့်လွှတ်ပါ

  1. Anonymous said... :

    ဒဏ်ကြေးငွေလောက်တော့ ဇော်ဇော်တို့ က အပျော့ပေါ့လို့  ပြောလိုက်သလိုပဲနော်။ သူ့ ခမျာလည်း အိုမန်နဲ့ ပွဲတုန်းက တော်တော်လေး လိုက်ထိန်းတာကို တွေ့ ခဲ့ရပါတယ်။ ကိုယ့်မြန်မာတွေရဲ့ ပြင်ဆင်ရဦးမယ့် စရိုက်အချို့ ကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ နို့ မဟုတ်ရင် ရှာထားသမျှတွေ ဒဏ်ကြေးပေးနေရတာနဲ့ တင် ကုန်သွားနိုင်တယ်။ စည်းကမ်းသာရှိကြမယ်၊ နိုင်ငံတော်ကလည်း လိုအပ်တာတွေကို တကယ်ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်၊ မြန်မာ့ဘောလုံးတခေတ်ဆန်းချိန် ရောက်လာဦးမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved