မြန်မာပြည်က ဂျာနယ်များ

Tuesday, November 22, 2011

.





မန်မာပြည်ထုတ် ဂျာနယ်တွေရဲ့ အားသာချက် အားနည်းချက်က ဘာတွေလို့ ထင်သလဲ။ ဘာတွေ ကြိုက်သလဲ၊ ဘာတွေ မကြိုက်ဘူးလဲ ဆိုတဲ့ မေးခွန်းကို အခုလို ဖြေထားကြပါတယ်။
စိတ်ရှည်လက်ရှည် ဖြေဆိုသူ၊ ဖတ်ရှုသူများကို ကျေးဇူး အထူး တင်ပါ၏။

ပြန်မပြောရင် ပြောချင်တယ်။ ဝါကျ(ဝက်ကျာ့)တကြောင်းတောင် မှန်အောင် ဖြောင့်အောင် မရေးနိုင်ကြတဲ့ ပြည်ပက စာတွေကို ဖတ်ရလေ၊ ပြည်တွင်းက စာတွေကို အထင်ကြီးလေပဲ။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/


အားသာချက်တွေကတော့ အများကြီးပါ။
အပြိုင်အဆိုင်ရှိတော့ အရည်အသွေးကောင်းအောင် ကျိုးစားကြရတယ်။
ပရိဿတ်ကို ဂရုစိုက်တယ်။ ဈေးကွက်ကို သတိထားတယ်။
တိုးတက်ပြောင်းလဲမှု သိပ်မြန်ပါတယ်။

အားနည်းချက်ကတော့ တံခါးပိတ်ထားတဲ့ တိုင်းပြည်ထဲမှာ နေကြရတော့ နည်းပညာပိုင်းနဲ့ အသိပညာပိုင်းမှာ လွတ်လွတ်လပ်လပ် လေ့လာခွင့် နည်းတဲ့ အတွက် တချို့ နိုင်ငံ တကာ စံချိန်စံညွှန်းတွေ မကိုက်တာလေးတွေ ရှိပါတယ်။
ဆင်ဆာရှိနေတဲ့ အတွက် မပြောနိုင်၊ မရေးနိုင်တာတွေ အများကြိး ရှိနေပါတယ်။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ရေးခွင့်မရတာ အားနည်းချက်။
အဲဒီအခြေအနေမှာပဲ ဖတ်မိသူကို ပေးချင်တဲ့အချက်သိအောင်ရေးသားပေးနိုင်တာ ဆောင်းပါးရှင်တွေရဲ့ အားသာချက်။
ဆောင်းပါးတွေနဲ့ တချို့ မေးမြန်းခန်းတွေ ကြိုက်တယ်။

ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/


ဂျာနယ်တွေ ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဂျာနယ် တော်တော်များများက နိုင်ငံရေးတွေ များနေတယ်။ အဲဒါလည်း ကောင်းပါတယ်။ ပြည်သူပြည်သားတွေ ကိုယ့်နိုင်ငံအကြောင်း စိတ်ဝင်စားလာတာပေါ့။

ချာချာ
Me N Ma Girls အဆိုအကအဖွဲ့


ကိုယ့်ပေါင် ကိုယ် လှန်မထောင်းပါရစေနဲ့ဗျာ။


ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/


သည်းခံပြီးဖတ်တဲ့ စာဖတ်ပရိသတ်ရှိတာ
မြန်မာပြည်ထုတ်ဂျာနယ်တွေရဲ့ အားသာချက်ပါပဲ။ အားနည်းချက်ကတော့ အလကားမဝေနိုင်သေးတာပေါ့ဗျာ။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

နိုင်ငံခြားကသတင်းတွေ ဂျာနယ်မှာထည့်ရင် မူရင်းသတင်းဌာနတွေကို ပိုက်ဆံတပြားမှ ပေးစရာမလိုဘူး။ အဲဒါ အခွင့်အရေးကောင်းလို့ ဆိုနိုင်မလားပဲ။
မြန်မာပြည်က ဂျာနယ်တွေ ကြုံနေရတဲ့ စိတ်မချမ်းသာစရာကတော့ အားလုံးသိတဲ့အတိုင်း ဆင်ဆာ တင်ရတာပေါ့။
ကိုယ်တိုင်လည်း ကပ်ကြေးစာမိတာ ခဏခဏမို့ အဲဒါကိုတော့ မုန်းတယ်။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/


မြန်မာပြည်တွင်းမှာ ထုတ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တဲ့အတွက် မြန်မာပြည်ထဲက စာဖတ်သူတွေကို တိုက်ရိုက်ထိတွေ့ ခွင့်ရတယ်။ ဂျာနယ်တွေ မှာသတင်းစုံလင်စွာဖတ်လို့ ရနိုင်တယ်။
စိတ်မကောင်းစရာကတော့ စာပေစိစစ်ရေးဌာနက သတင်းတွေ ဖြတ်တောက် ပိတ်ပင်တာ ခံနေရတာပဲ။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

ပြည်တွင်းဂျာနယ် အားသာချက်က ပြည်တွင်းမှာ ရှိနေတဲ့အတွက် ဖြစ်ပါတယ်။
အားနည်းချက်တွေကတော့ ဆင်ဆာအပါအဝင် တခြားဟာတွေကော များလွန်းလို့ မပြောချင်တော့ဘူး၊ (ဥပမာ The Voice Weekly ဆိုရင် လူတွေကို မျှဝေတဲ့ သဘောထက် ဆရာလုပ်ပြီး နိုင်ငံရေးပရောဟိတ် ပုံစံ များလွန်းနေတယ်၊ စာအများစုက ဘာကို ဆိုလိုချင်မှန်းလည်း မသိ အစုလိုက်အပြုံလိုက် လူတွေခေါင်းထဲကို ရိုက်ထည့်နေသလို ဖြစ်နေတယ်၊) နောက် မြန်မာပြည်က ဂျာနယ်အများစုမှာ ဟိုတုန်းကလို ကာတွန်းတွေ မကောင်းလှဘူး။ အရသာ မရှိဘူး။

ဘလော်ဂါ ဇော်မင်း
fine-leaves.blogspot.com

ထုတ်ရမယ့်ရက်မရောက်ခင် ထွက်နေတာက အားသာနေတယ်....။ ပါရမယ့်သတင်းတွေ၊ ဆောင်းပါးတွေမပါတာက အားနည်းချက်ပေါ့...။
တချို့ဂျာနယ်တွေကထဲက အတွေးအခေါ်ဆောင်းပါးများ ကြိုက်ပါတယ်... celebrity တွေ အကြောင်းပဲ လိုက်ရေးနေတာမျိုး မကြိုက်ပါဘူး...။


ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/







.

1 comments :

  1. မောင်ရုရှား said... :

    စိစစ်ရေးကတော့ ရှိသင့်ပါတယ်
    တခြားမကြည့်နဲ့အုံး
    အခုဖတ်နေတဲ့ ဧရာဝတီဘလော့မှာတောင် ကွန်းမန့်ရေးရင် ချက်ချင်းမတက်ဘူးလေ
    သူတို့စိစစ်ပြီးမှ ကြိုက်တာကိုတင်ပေးတာပဲ
    ဖျက်တာတောက်တာတွေလည်း အများကြီးရှိတယ်လေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved