သဘက်ခါ ဆိုရင် ဟီလာရီ ကလင်တန် မြန်မာပြည်ကို ရောက်ပါပြီ။
မြန်မာပြည်ကိုသွားတဲ့ ဒုတိယမြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ် မတ်လက ရန်ကုန်ရောက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ John Foster Dulles ပါ။
ဆီးတိုး (အရှေ့တောင် အာရှ စုပေါင်း ကာကွယ်ရေး စာချုပ် အဖွဲ့ - Southeast Asia Treaty Organization - SEATO) ဆွေးနွေးပွဲ သွားတက်တဲ့ John Foster က မြန်မာ နဲ့ ဒေသတွင်းနိုင်ငံတွေကို ရောက်လာပါတယ်။
ဒေသတွင်းနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ပတ်သက်ဖို့ ရည်ရွယ်တဲ့ ဆီးတိုးအဖွဲ့မှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံများ ပါဝင်ခဲ့ပါတယ်။
မြန်မာပြည်က အဲဒီအဖွဲ့ကို မ၀င်ခဲ့ပါ။
John Foster ခရီးစဉ် ဓာတ်ပုံများ - Howard Sochurek
...
The last US Secretary of State to visit Myanmar was John Foster Dulles in 1955, according to State Department records. The peace talks included the Shan State Army-South, Kachin Independence Organization, Karen National Union, Karenni National ...