သိန်းရှစ်ထောင်တန်အမှား

Tuesday, November 8, 2011

.





ကွယ်လွန်သူ ဂျာမန်အနုပညာရှင် Martin Kippenberger ရဲ့ လက်ရာ
မျက်နှာကျက်မှ ရေယိုတဲ့အခါ လို့ အမည်ရတဲ့ လက်ရာ
ဒီလ ၃ ရက်နေ့က Ostwall ပြတိုက်မှာ ရိုက်ကူးထားတာ (ဓာတ်ပုံများ - AP)

ဂျာမနီနိုင်ငံ ပြတိုက်တခုမှာ ခင်းကျင်းထားတဲ့ installation art ခေါ် တပ်ဆင်မှုအနုပညာရဲ့ အစိတ်အပိုင်းတခုဟာ သန့်ရှင်းရေးဝန်ထမ်းရဲ့လက်ချက်နဲ့ ဘ၀ပြောင်းသွားတယ် တဲ့

ဘယ်လို ဘ၀ပြောင်းသွားတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး

ဒေါ်လာတသန်းထက်မက တန်တဲ့ အနုပညာဖန်တီးမှု လို့ ဆိုပါတယ်
မြန်မာငွေနဲ့ ဘာသာပြန်ကြည့်ရင်တော့ ကျပ်သိန်းပေါင်း ရှစ်ထောင်ပေါ့

သန့်ရှင်းရေးဝန်ထမ်းက အနုပညာဖန်တီးမှုကို သန့်ရှင်းရေးလုပ်လိုက်မိတဲ့အတွက် ဘယ်လို လျော်ကြေးတောင်း တရားစွဲခံရမယ်ဆိုတာလည်း သတင်းတွေမှာ ဖော်ပြမထားပါ

အဲဒီ အနုပညာဖန်တီးမှုဟာ ပြတိုက်ရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘဲ အနုပညာပစ္စည်းစုဆောင်းသူတဦးဆီက ငှားထားတာလို့ ဆိုပါတယ်

မော်ဒန်အတ်မှားယွင်းမှုဟာ အင်မတန် တန်ဘိုးကြီးလှပါတယ်




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved