ဝဏ္ဏကိုလေး တကိုယ်တော်ပြပွဲ

Thursday, November 10, 2011

.





ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ ဝဏ္ဏကိုလေးရဲ့ တကိုယ်တော်ပြပွဲ လုပ်နေပါတယ်။

My Realist Work လို့ အမည်ရတဲ့ ဒီပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်ခဲ့တာပါ။


လာမယ့် ၁၉ ရက်နေ့အထိ ပြပွဲပြုလုပ်မယ်လို့ သိရပါတယ်။

ဒီနေ့ အထိတော့ ပန်းချီကား ၆ ကား ရောင်းရပြီးပြီလို့ ပြခန်းပိုင်ရှင် မမာမာက ဧရာဝတီကို ပြောပါတယ်။

ဒါကတော့ ပြပွဲ ဖိတ်စာပါ။ ပြပွဲမှာ ပြသထားတဲ့ သူ့ပန်းချီကားတွေကို သုဝဏ္ဏဘူမိ ၀က်ဆိုက် http://www.suvannabhumiartgallery.com/artist/wunna1.htm မှာလည်း ဖော်ပြထားပါတယ်။

အဲဒီဝက်ဆိုက်မှာ ပန်းချီဆရာအကြောင်း ရေးသားထားပါတယ်

၁၉၆၆ ခုနှစ်ဖွား ဝဏ္ဏကိုလေးဟာ ရုပ်ရှင်ဒါရိုက်တာ ဦးကိုကိုလေး၊ ရုပ်ရှင်သရုပ်ဆောင် ဒေါ်သက်ပန်တို့ရဲ့ သားဖြစ်တယ်လို့ အစချီပြီး ပန်းချီပညာ သင်ယူမှု နဲ့ ပူးပေါင်းပြပွဲတွေ တကိုယ်တော်ပြပွဲတွေအကြောင်းကိုလည်း ဖော်ပြထားတာ တွေ့ရမှာပါ။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved