နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့ ထောင်တွေကို ရွှေ့ပေးဖို့ အစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင်က မေတ္တာရပ်ခံပြီးနောက် ထောင်အပြောင်းအရွှေ့ သတင်းများလည်း ထွက်ပေါ်လာပါတယ်။
ပြည်တွင်းသတင်းဌာနများရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။
ကလေးထောင်နှင့် ရခိုင်ထောင်ပြည်နယ် ကျောက်ဖြူထောင်များတွင် ထောင်ဒဏ် ကျခံနေရသော ကိုသူရိန်အောင်၊ ဦးညီပုနှင့် ဦးစန္ဓောဘာသ တို့သည် နိုဝင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲမှ ၆ နာရီအတွင်း လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းတို့အား အင်းစိန်ထောင်သို့ ပို့ဆောင်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။ (Eleven Media Group)
ယနေ့ညနေ ၄ နာရီဝန်းကျင် ကလေးမြို့လေဆိပ်မှ ဦးဂမ္ဘီရအား ခေါ်ဆောင်သွားသည့် လေယာဉ် ရန်ကုန်သို့ထွက်ခွာသွားပြီဟု ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ရေးက အတည်ပြုပြောကြားသည်။ (Yangon Press International)
ဧရာဝတီက တင်ပြတဲ့ သတင်းအသေးစိတ်ကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
ဧရာဝတီ ရေ . poll vote တ ခု လုပ် ပေး ပါ လား...90 ရွေး ကောက် ပွဲ မဲ ကို withdraw လုပ် ချင် တယ် မ လုပ် ချင် ဘူး ဆို တာ လေး ကို
ဒီ တ ရက် လောက် မှာ ပြော ပြ နိုင်အောင် လို့  ပါ ဗျာ။။။။။။