တနင်္သာရီတိုင်း ဦးခင်ဇော် ပြုတ်ပြီ

Sunday, November 27, 2011





ပေါ်ပြူလာသတင်းဂျာနယ် ဝက်ဘ်ဆိုဒ်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် ရာထူးကနေ အနားပေးခံရတယ်လို့ ရေးထားတာတွေ့ရပါတယ်။ မနေ့က ထားဝယ်က တယောက်ကလည်း ဟုတ်တယ်၊ အဲဒီဝန်ကြီးချုပ် ပြုတ်ပြီလို့ ပြောပါတယ်။ အဲဒီဘက်မှာ အင်တာနက်က ရက်ပေါင်းများစွာ လိုင်းပြတ်တောက်နေခဲ့ပါတယ်။

ဧရာဝတီ သတင်းဆိုဒ်မှာရော၊ ဘလော့ဂ်မှာ ရော ဦးခင်ဇော် ရာထူးယူထားစဉ် မတရားမှုတွေ၊ လာဘ်စားမှုတွေကိုတော့ တောက်လျှောက်တင်ပြခဲ့ဖူးပါတယ်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏ တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။

5 comments :

  1. Anonymous said... :

    ရုတ်ကိုက သက်ဆင် ရုပ်

  1. MinAhPhay said... :

    " Another one bites the dust "

  1. သက်ဆင်ရုပ်မဟုတ်ပါဖူး ရှောက်သီးအပုပ်ကို ဂျပန် ဖိနပ်နဲ.နင်းထားတဲ.ရုပ်ပါ

  1. Anonymous said... :

    Ok,Khin Zaw has gone with the wind,so good. He is the bloody selfish bastard,who is so fond to take bribaries I would like to request the new Prime minister of Tanintharyee,area,that our land in Dawei ,was legally owned by our ancestors,and registered in Dawei Court in 1928-This land was intentionally taken by force from Ministry of Information,and Khawata in 1991,when get burned.All the others lands in that area were given back but only ours.We have claimed several times to State levels from that time,but,neglected till now.We have the evidents of owning that land,which is now cost in high price because of the Italian Thai multi billion projects.Dear Mr.President and new Prime Minbister of the Dawei Area,please give us back our land that situated in front of Zaygyee and Anaukyat(Arzani Road.which,our ancestors had owned for nearly 100 hundred years ago.You will be praise by all of us,truly,swear.

  1. Thet Zaw said... :

    I wrote same this comment in RFA but not found.
    We do not wish to have the persons who are not looking for the people and country.
    Now because of his bribery that one was removed.
    Yes we agree that he is not fit for his post.
    If that so there is some one who use his power asks his man not to present the very very important news for country in the suitable page.
    He opposes to get our country to get peace. democracy and development.
    Please what should we have to do?
    I am asking to Myanmar Government.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved