မန္တလေးဆန္ဒပြသံဃာများ တရားဟောခွင့် သုံးရက်ရ

Tuesday, November 15, 2011

.



















ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးပဉ္စင်းငါးပါးတောင်းဆိုသော အချက် ၃ ချက်အား သဘောတူခဲ့ကြောင်း သိရ
by Myit Makha Media
ဝင့်သင်ဇာကျော် (မြစ်မခ)
နိုဝင်ဘာ ၁၅၊ ရန်ကုန်မြို့။

မန္တလေးတိုင်းဒေသကြီးရှိ မဟာဗုဒ္ဓ၀င်ပြတိုက်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးပဉ္စင်းငါးပါးနှင့် နိုင်ငံတော်သံဃာနာရယအဖွဲ့၊ တိုင်းသံဃာနာယက အဖွဲ့တို့ ညနေ၆နာရီဝန်းကျင်တွင် တွေ့ဆုံညှို့နှိုင်းခဲ့ရာ ဦးပဉ္စင်းငါးပါး တောင်းဆိုခဲ့သော အချက်များကို လက်ခံသဘောတူခဲ့သော်လည်း မဟာဗုဒ္ဓ၀င်ပြတိုက်မှ မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ညနေပိုင်းလောက်က နိုင်ငံတော်သံဃာနာယက အဖွဲ့ရယ် တိုင်းသံဃာနာယက အဖွဲ့ရယ်လာပြီး ကျောင်းထဲဝင်သွားတယ် ဆွေးနွေးတယ်ပေါ့ဗျာ၊ နောက်အဲဒီက ဦးပဉ္စင်းပြောတယ်၊ သူတို့တောင်းဆိုထားတဲ့ အချက်သုံးချက်ကို သဘောတူပါတယ်၊ လက်ခံတယ်ပေါ့။ ဒါကြောင့် တရားဟောခွင့်သုံးရက်ပေးမယ်တဲ့။ တစ်ရက်ကို တစ်နာရီပေးမယ်ဆိုတာ ရတဲ့အကြောင်းပေါ့” ဟု မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံဃာများနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်သံဃာနာယက အဖွဲ့နှင့် တိုင်းသံဃာနာယက အဖွဲ့တို့၏ သဘောတူလက်ခံချက်ကြောင့် မဟာဗုဒ္ဓ၀င် ဗိမ္မာန်တော်အတွင်းတွင် ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးပဉ္စင်းငါးပါးမှ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရန်နှင့် ပြည်တွင်းစစ် ချက်ချင်းရပ်ပေးရန်ဟူသော ကိစ္စများနှင့်ပတ်သက်၍ တရားဟော ပြောမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံဃာများနှင့် နီးစပ်သော ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

နိုင်ငံတော်သံဃာနာရကအဖွဲ့၊ တိုင်းသံဃာနာယက အဖွဲ့တို့နှင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်ကြီးအတွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးပဉ္စင်းငါးပါးတို့တွေ့ဆုံဆွေးနွေးပြီးနောက် ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မစိုးရိမ်တိုက်ဟောင်းတွင် တရားဟောခွင့် သုံးရက် ခွင့်ပြုလိုက်ကြောင်းသိရှိရသည်။

နဂိုဆန္ဒပြရာနေရာဖြစ်သော မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်သည် လူအများရှိနေသောကြောင့် ပြည်သူများသွားရာတွင် အခက်အခဲရှိနိုင်ကြောင်းကို ကျောင်းထိုင်ဘုန်းကြီးမှ မိန့်တော်မူသောကြောင့် ဦးပဉ္စင်းငါးပါးအား နေရာပြောင်းရွေ့ခိုင်းကြောင်း သိရှိရသည်။

“မစိုးရိမ်တိုက်ဟောင်းကို ညနေ ၆နာရီဝန်းကျင်လောက်ကတည်းက အပြီးပြောင်းခိုင်းတာ အသံချဲ့စက်တွေလည်း ဦးပဉ္စင်းတွေယူသွားကြတယ်၊ သုံးရက် တရားဟောခွင့်ပေးမယ်ဆိုတော့လေ မနက်ဖြန်ကို နေ့လည် ၁ နာရီကနေ ၂ နာရီအထိ အဲဒီနိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တရားဟောမယ်လို့ကြားတယ်။ သုံးရက်ရတယ်ဆိုတော့ မနက်ဖြန်မှာ စာရွက်တွေကမ်းဖို့လည်း တစ်ချို့လူတွေ ပြင်ဆင်နေကြပြီ” ဟု ချမ်းအေးသာစံရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

တရားဟောခွင့် သုံးရက်ပေးခဲ့သော်လည်း အဆိုပါ သုံးရက်အတွင်း ဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမျှ မရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ယနေ့ညနေအချိန်တွင် အဆိုပါ ဦးပဉ္စင်းများမှ ကြေငြာခဲ့ကြောင်းသိရှိရသည်။








ဓာတ်ပုံများ- Burma VJ Media Network











.

5 comments :

  1. Anonymous said... :

    Let me give you all my personal opinion that just demonstration is not working well in Myanmar. We have been using this method for so many years. But everyone knows it does not work. Why don't use any other ways? I am not blaming on those who are marching and protesting in peaceful way or by any means. I do appreciate their bravery and well-wishes for our people. Now is the tome to consider deeply whether our method of demonstration works or shapes new government. If you think we Burmese people are smart in terms of wisdom and knowledge, let us do or consider smartly.

  1. Thida said... :

         ရှေ့ မှ အသက်စွန့် ၍ လုပ်ကြပြီ၊
         နောက်မှညီညွတ်စွာလိုက်ဆောင်ကြရန်
        သာလိုပါသည်။ နိုင် ငံရေးအကျဉ်းသားများ
        လွတ်မြောက်ရေး အားလုံးဝိုင်းဝန်းကူညီအားပေးကြပါစို့ 

  1. Anonymous said... :

    သပိတ်မှောက်တောင်းဆိုမယ်ဆိုရင်လည်း ဘုန်းဘုန်းတို့ လူဝတ်လဲပါဘုရား ။ သံဃာတော်နဲ့  လောကီအရေး မအပ်စပ်ပါ။ လောကီမစွန့် နိုင်ရင် လူဝတ်လဲကြပါ။

  1. Anonymous said... :

    လူဝတ်လဲ tot minn pa htway tway ka a lwal ta ku phann mal lay

  1. Anonymous said... :

    နိုင် ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အားလုံးဝိုင်းဝန်းကူညီအားပေးကြပါစို့ 
    Please release all political prisoners ASAP. Unity is power.From Mg Lynn.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved