ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကန့်ကွက်သူ အနုပညာရှင်တွေစုပေါင်း ပြုလုပ်တဲ့ ပြပွဲမှာ တွေ့ရတဲ့ မင်းသားရဲတိုက် (ဓာတ်ပုံ - facebook မှရယူသည်)
မြစ်တစင်း၏ ပုံရိပ် အမည်ရှိတဲ့ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံမှတ်တမ်းစာအုပ်ကို မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ စာကြည့်တိုက် ၇၀ ကျော်ကို လှူဒါန်းပွဲတရပ် ဒီနေ့ ကျင်းပခဲ့ပါတယ်။ ဒီစာအုပ်ကို Green Heart Environment network က စုစည်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ စာအုပ်လှူဒါန်းပွဲကို ဒီနေ့ ၁ - ၁၁ - ၁၁ နေ့လယ် ၂ နာရီက ရန်ကုန်ရွှေကုန်တိုင် တော်ဝင်နှင်းဆီက လေဘာတီ စာကြည့်တိုက်မှာ ပြုလုပ် ကျင်းပတယ်လို့ Artist Soe Win Nyein ရဲ့ facebook မှာ ဖော်ပြထားပါတယ်။
လေးစားစရာကောင်းတဲ့ အနုပညာသမားလေးတယောက်ပါ။