နှစ်လိုဖွယ်ရာ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်

Thursday, November 24, 2011

.







ဓာတ်ပုံ - V Magazine
နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။

သု​​တေသီများ​​က The Sun စာစောင်၏ Page 3မှ လှပ​​သော ​​Lacey လေဆီ၊​ Keeley ကီလီနှင့်​​ Rhian ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေးနိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။

ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောက်ျား​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ တုံ့​​ပြန်မှု
ပိုမို မြန်လာတတ်​​ကြောင်း​​ သိရသည်။

အကယ်၍ ဓာတ်ပုံထဲမှ မိန်း​​က​​လေး​​များ​​က ​​ရေကူး​​ဝတ်စုံနှင့်​​၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ ဖြစ်နေပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် (အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက်) ၀.၂ စက္ကန့်​​ ​​နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။

ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ ဂျာရီဟီတာနန်က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။

The findings are detailed in the journal PLoS ONE. - www.thesun.co.uk

peoplemediavoice ဘာသာပြန်ကို တဆင့်ပြန်လည် ဝေငှသည်။




.

6 comments :

  1. Anonymous said... :

    လာပြီး အားပေးအားမြှောက် လုပ်နေပြန်ပြီ။

  1. Anonymous said... :

    ‘အိုင်စတိုင်း’ လိုဦးနှောက်စွမ်းဆောက်ရည်မျိုးလိုချင်တယ်ဗျာ။ဘယ်နှစ်ပုံကြည့်ရမလဲ. ပြောသာပြောပါ၊ကြည့်ပါ့မယ်၊၊

  1. Anonymous said... :

    ကျနော်ကတော့ အိမ်ထောင်လည်းမရှိသေး၊ ရည်းစားလည်းမရှိသေး ဆိုပါတော့ဗျာ။

    ဦးနှောက်စွမ်းရည် တိုး၊ မတိုးတော့ မသိဘူး။ အဲလို ဓာတ်ပုံတွေကို ကြည့်ပါများလို့ လူလည်း အားအင်တွေ ကုန်ခမ်းနေပြီ။ ကြည့်ကြပ်လည်း လုပ်ပါဦး ဧရာဝတီရေ။ ကျနော်တို့လို ကလေးတွေကို မြှောက်မပေးပါနဲ့။ ဒီက နဂိုကတည်းက စိတ်က သိပ်ပြီးဆတ်တာ။ အဲဒီဓာတ်ပုံတွေကြည့်ပြိး ကိုယ့်ကိုကိုယ် ညှဉ်းဆဲသလို ဖြစ်နေပြီ။

  1. Anonymous said... :

    Irrawaddy blog is also part of Irrawaddy Magazine and online portal. Posting this kind of cheap,( but I am very sure many will click this to read what is all about) post to attract readers is totally against the ethic of Journalism. I would say allowing this kind of post is irresponsible for those who are running this weblog as Millions of youths are reading your website and blog because of your good reputation.

  1. saisai said... :

    ဦးနှောက်စွမ်းဆောင်ရည်တိုးလား
    မတိုးလားတော့မသိဘူး
    တဏှာတော့ သိသိသာသာ တိုးလာတယ်
    အနိစ္စ၊ဒုက္ခ၊အနတ္တ၊၏...ပြီးတော့
    ဟိုကောင်မ.......ဟိဟိ

  1. Anonymous said... :

    I think ,this is global updating ,although it is a thing to be shame in Myanmar society .We should know how improving science updating in news .It should be posted for further knowledge and continuous global updates of news for youths and elders in Myanmar .We should know how 's it going in global science or else we are blind and deft at all .Although,there may be inappropriate understanding and misuse of this kind of news.Hope all the Myanmar youths could handle and use this message with wisdom and self control.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved