မန္တလေး သံဃာများ ငြိမ်းချမ်းစွာ ဆန္ဒပြ

Tuesday, November 15, 2011

@





by Burma VJ Media Network on Tuesday, November 15, 2011 at 9:17am

နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက်သုံးချက်ကို ဦးတည် တောင်းဆိုနေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေ အတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုနေကြပါတယ်။

ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်းမရရှိသေးပေမဲ့ လက်ကိုင်အသံချဲ့စက်ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။

မန္တလေးမှာ ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုသံ

ဒီပို့စ်မှာ ပါဝင်တဲ့ သတင်း၊ ဓာတ်ပုံ၊ အသံဖိုင်တွေကို
Burma VJ Media Network ရဲ့ အင်တာနက်စာမျက်နှာတွေကနေ ကူးယူ ဖော်ပြပါတယ်






@

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved