စင်ကာပူ မိသားစု အာကာသခရီး လိုက်ပါရန် ဒေါ်လာ ၁ သန်း အကုန်ခံ

Wednesday, November 16, 2011

.








အာကာသခရီးစဉ်တစ်ခုတွင် ဒေါ်လာ တသန်း အကုန်ကျခံခါ လိုက်ပါမည့် စင်ကာပူ စီးပွားရေးသမား တစ်ဦးသည် သူ့ ဇနီးနှင့် သားသမီးနှစ်ဦးပါ ခရီးစဉ်အတွင်း တပါတည်း ခေါ်ဆောင်သွားမည်ဖြစ်သည်။

အာကာသသို့ မိသားစု လိုက်ပါရန် စာချုပ်ချုပ်ပြီး ဖြစ်ကြောင်း
ခရီးသွား ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးဖြစ်သူ Stephen Attenborough က AFP သတင်းဌာန ကိုပြောပြသည်။

အာကာသသွားမည့် လုပ်ငန်းရှင်အကြောင်း အသေးစိတ် မသိရသေးပေ။

"သူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ယခု ထုတ်မပြောစေသေးပါဘူး ဘာဖြစ်လို့လဲဆိုတော့ အိမ်ကချစ်ဇနီး ကို အသိမပေးရသေးလို့ပါ" ဟု
Stephen Attenborough က ဆိုသည်။

ထိုမိသားစုသည် အာရှမှ ပထမဆုံးသော အာကာသခရီးသည် မိသားစု ဖြစ်လာမည် ဖြစ်သည်။






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved