ချင်းမိုင်မြို့က မြန်မာ့အရေး ဆန္ဒပြပွဲ

Thursday, December 1, 2011
















ဒီမနက် ၁၀ နာရီမှာ ထိုင်းနိုင်ငံချင်းမိုင်မြို့က US ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန် မြန်မာပြည်လာစဉ်မှာ မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ ရပ်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးတွေကို တောင်းဆို ဆန္ဒပြကြတာဖြစ်ပါတယ်။ ဆန္ဒပြသူ ဦးရေ ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

6 comments :

  1. Anonymous said... :

    မြန်မာ့အရေးကိုမြန်မာတွေလောက်သူတို့ကပိုသိလို့လား
    သူတို့မှာအလုပ်လက်မဲ့ဖြစ်လို့ နယ်စပ်ကလောက်ကောင်
    တွေနဲ့ပေါင်းပြီး ဟုတ်ကမဟုတ်ကဇာတ်လမ်းတွေဆင်ပြီး
    လုပ်စားနေကျသူတွေပဲ ......

  1. Anonymous said... :

    Hei everybody, I support to your a truth-movement for Burmese people.

  1. Anonymous said... :

    အပေါ်ကရေးသွားတဲ့အကိုရေ။သူတို့ ဘာသာမြန်မာနိုင်ငံရေးကိုသိသိမသိသိ။ဆန္ဒပြတယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်ဘူး။
    ဘယ်သူမှလဲအလကားနေရင်းမပြချင်ဘူး။အဲဒီ့လိုမကောင်းတဲ့အလုပ်ကိုလုပ်ရချင်းကတကယ့်မတရားတဲ့လူတွေရှိမှသာလုပ်လို့ ရတာပါ။
    တကယ်ပဲမြန်မာနိုင်ငံမှာတရားသဖြင့်ရှိနေလို့ ကတော့ဒီလိုပြလို့ ရမလား။ဘယ်သူကလက်ခံမှာလဲ။မြန်မာ့အရေးကိုမြန်မာတွေမှမသိတာ။
    ဒီတော့ပြပစေ။အားပေးတယ်။

  1. Anonymous said... :

    မှန်ပါတယ် ကိုယ်တိုင်မပါဝင်ပေမဲ့
    အားပေးတယ်
    ဆက်လုပ်ပါ
    တိုင်းပြည်မှာ
    စိတ်အင်အားရော
    ရုပ်အင်အားရော
    မွဲခြောက်နေပြီ
    တရားခံတွေကို တို့တွေကိုယ်တိုင်
    အပြစ်မပေးနိုင်တော့ပေမဲ့
    သဘာဝတရားရေးက သူတို့ကို
    ဒဏ်ခတ်လိမ့်မယ်လို့ပဲ
    ကိုယ့်ကိုယ်ကိုဖြေသိမ့်နေရတဲ့
    ပြည်သူတွေ ဘယ်လောက်တောင်
    ရှိမလဲမသိဘူး ခဏလေးလောက်ပဲ
    လေးလေးနက်နက်တွေးကြည့်ကြပါအုံး
    လူ့အခွင့်အရေးဘယ်လောက်ရှုံးနေကြလဲဆိုတာ....
    ခံစားတတ်ကြပါစေ
    ကိုယ်မလုပ်နိုင်တိုင်း သူများတွေကို
    အပြစ်မတင်ကြပါနဲ့
    လက်ခုတ်မတီးနိုင်ရင်တောင်
    ငြိမ်နေပေးပါ


    တောသားတစ်ဦးပါ

  1. Anonymous said... :

    အလကား ကပ်ဖျက်ရပ်ဖျက်ကောင်တွေ

  1. Anonymous said... :

    all are NGos they want to show n eat

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved