
ကျော်သူ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီကယ်ဆယ်ရေး ကုသိုလ်ရေးလုပ်ငန်းများကို သိန်း (၂၀၀) ကျပ်ဖြင့် စတင်မတည်ကာ စစ်ဘေးဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံသို့ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် သွားရောက်ကူညီ လှူဒါန်းမှုများပြုရန်အတွက် ၂.၁၂.၂၀၁၁ ည (၉း၀၀) နာရီ အချိန်တွင် အောင်မင်္ဂလာအဝေးပြေးမှ ရွှေစင်စင်္ကြာ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ ၃.၁၂.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ဆိုက်ရောက်ခဲ့သည်။


“ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ချိတ်ဆက်ထားသော မြစ်ကြီးနားမြို့ခံ ဒေါ်ခန်းရင် ကချင်ရိုးရာ အ၀တ် အထည်များရောင်းသည့်ဆိုင်တွင် လူမှုရေးသမားများအဖွဲ့အား ညစာထမင်းများဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ထို့နောက်တွင် အေးစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ စခန်းချ တည်းခိုခဲ့ပါသည်။

“ကချင်ပြည်နယ်သို့ ပထမခြေလှမ်း” နောက်ဆက်တွဲ သတင်း
နာရေးကူညီမှုအသင်းသားများနှင့် အသင်းကိုယ်စားပြုသူများ၊ “ဘ၀အလင်း” ပရဟိတအဖွဲ့သားများ သည် ပြည်တွင်းစစ် တိမ်းရှောင်နေရသော ဒုက္ခသည်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများအရ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းများတွင်သာမက ဗန်းမော်မြို့အနီး ပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများ တွင် ရောက်ရှိနေကြသော စစ်ဘေးသင့် တိုင်းရင်းသား မိဘပြည်သူများအတွက်ပါ အကူအညီ အထောက် အပံ့များ အပူတပြင်း လိုအပ်နေကြောင်း သိရှိရသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမေရိကန်နိုင်ငံ Bufflo ပြည်နယ်ရှိ မြန်မာနိုင်ငံသားများတို့မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ 775 $ နှင့် အခြားအလှူရှင် များလှူဒါန်းထားသော အလှူငွေများအပါအ၀င် ထပ်မံ၍ သိန်း (၁၃၀) ကျပ်တိတိကို ယနေ့ အားချင်းပေးပို့ လှူဒါန်းလိုက်ပြီ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုတွေ ရောက်စေသော်
ဦးကျော်သူ၏ Facebook တွင် ယမန်နေ့က ဖော်ပြထားသော ကချင်ပြည်နယ် ကူညီမှု ခရီး အစီအရင်ခံချက်ကို ကူးယူ ဖော်ပြပါသည်။
~
0 comments :
Post a Comment