လေယာဉ်မယ်များနဲ့ နင်လားငါလား

Saturday, December 17, 2011

~





ဒီ ၂ ယောက်ဟာ လေယာဉ်မယ်လား?
ဟုတ်တယ်လို့လည်း ပြောနိုင်သလို
မဟုတ်ဘူး လို့လည်း ပြောနိုင်ပါတယ်။
PC Air လေကြောင်းလိုင်းက အမျိုးသမီးအဖြစ် အသွင်ပြောင်းထားသူ ၄ ဦးကို အခု ပုံတွေမှာ တွေ့ရသလို အလုပ်အကိုင်ပေးထားလို့ပါပဲ။

ဒီလို အလုပ်ပေးတာဟာ အင်မတန် ထူးခြားနေတဲ့အတွက် နိုင်ငံတကာ စာနယ်ဇင်း ရေဒီယို ရုပ်မြင်သံကြား အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။

လေကြောင်းလိုင်းပိုင်ရှင် နဲ့ မီဒီယာက အာရုံစိုက်နေတဲ့ သူ့ရဲ့ ၀န်ထမ်းများ

ဒါက AP သတင်းဌာန ဓာတ်ပုံတွေပါ။
သူတို့အကြောင်းကို မိုးမခမှာ တွေ့ရလို့ ကူးယူ ဖော်ပြပါတယ်။

အဲပုဂံ လေယာဉ် ၀ယ်လိုက်သည့် PC Air က တတိယလိင်များကို အလုပ်ခန့်
ယမန်နေ့က ပြည်တွင်းခရီးစဉ်တခုတွင် ဓာတ်ပုံအရိုက်ခံနေသော PC Air လေကြောင်းလိုင်း ၀န်ထမ်း လေဒီဘွိုင်း ၄ ဦး (ဓာတ်ပုံ - Boonsong Kositchotethana)


၉ လ ခန့် အနားယူခဲ့သည့် ထိုင်းလေကြောင်းလိုင်းတခုသည် တတိယလိင်များကို လေယာဉ်ဝန်ထမ်း ပထမဆုံး အလုပ်ခန့်သည့် လေကြောင်းလိုင်း ဖြစ်လာပြီး ယခု ပျံသန်းရန် အဆင်သင့် ဖြစ်နေသည်။

PC Air လေကြောင်းလိုင်းသည် ဒီဇင်ဘာ ၂၄ မှ အစပြုကာ ခရီးသွားအုပ်စုအတွက် ပျံသန်းမည့် Bangkok - Vientiane ခရီးစဉ်ကို စတင်မည်ဖြစ်ပြီး လာမည့်လ ၂၃ တွင် တရုတ်နိုင်ငံ မြို့ကြီး ၂ ခုကို အငှားလိုက် ပျံသန်းရန် စီစဉ်လျက်ရှိသည်။

ထိုင်းလေကြောင်းလိုင်းဌာန၏ စည်းကမ်းချက်များအရ လာမည့် ဇွန်လတွင် PC Air လိုအပ်သည့် ပျံသန်းမှု အရေအတွက် ပြည့်စေရန် အာရှ ခရီးသွားအုပ်စုများကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

ယမန်နေ့က Airbus 310-222 ဖြင့် သတင်းမီဒီယာသမားများကို တင်ဆောင် ပျံသန်းစဉ် လေဒီဘွိုင်း ၄ ဦးကို လေယာဉ် ၀န်ထမ်းအဖြစ် တွေ့ခဲ့ရသည်။

PC Air လေကြောင်းလိုင်း ပိုင်ရှင် Peter Chan က သတင်းသမားများကို ယမန်နေ့က ပြောကြားရာတွင် လုပ်ငန်း ရပ်နားထားခြင်းမှာ ဘဏ္ဍာရေး အခက်အခဲကြောင့် မဟုတ်ဘဲ ခရီးသွားရာသီချိန်အထိ စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

"ခရီးသွားရာသီမရောက်သေးတာက အချက်တခု ဖြစ်သလို နောက်ပိုင်းမှာလည်း ရေကြီးလာတယ်လေ" ဟု သူက ပြောပြသည်။

လေယာဉ်ဝန်ထမ်းဟောင်းတဦး ဖြစ်သူ Mr Peter သည် ယခု လေကြောင်းလိုင်း ပြန်လည် အသက်ဝင်စဉ် ယုံကြည်ချက်အပြည့် ရှိနေပုံရသည်။

Air Bagan လေကြောင်းလိုင်းမှ စက် ၂ လုံးတပ် ဂျက်လေယာဉ်တစီး ၀ယ်ယူရန်အတွက် ထိုင်းဘတ် သန်းတစ်ထောင် နီးပါး သုံးခဲ့သည်ဟု ပြောဆိုသည်။

ငွေ အလွယ်တကူ ပြန်မပေါ်သည့် ရင်းနှီးမြှုပ်နှံမှုကြီးကို ရှောင်ရှားရန် လေကြောင်းလိုင်း အများစုက လေယာဉ်ကို မ၀ယ်ဘဲ ငှားရမ်းလေ့ရှိသည်။

လာမည့်နှစ် နှစ်လယ်ပိုင်း ပုံမှန်ပျံသန်းမည့် ကာလ နှင့် လမ်းကြောင်းသစ်များအတွက် ၀မ်းဗိုက်ကျယ်သည့် ဂျက်လေယာဉ် ၂ စီး ၀ယ်ယူလိုရာ A300-600 အမျိုးအစားများကို ၀ယ်ယူဖွယ် ရှိနေသည်။

ပြည်တွင်းလမ်းကြောင်းများတွင် ပြိုင်ဘက် အများအပြား ရှိနေသည့်အတွက် ဟောင်ကောင်၊ တရုတ်၊တောင်ကိုရီးယား၊ ဂျပန်တို့ကို PC Air ပစ်မှတ်ထားနေသည်။

Mr Peter က သူ၏ PC Air ကို ၅ နှစ်အတွင်း အရင်းကျေမည်ဟု မျှော်လင့်ထားခြင်း မရှိပေ။ ထိုကာလ လွန်မြောက်ပါက ထိုင်း အစုရှယ်ယာဈေးကွက်တွင် ပါဝင်မည်ဟု ဆိုသည်။

ဤအတောအတွင်း လေကြောင်းလိုင်းအတွက် ပူးပေါင်းလုပ်ဆောင်မည့်သူကို ရှာဖွေလျက်ရှိပြီး လေယာဉ်ထိုင်ခုံများလူပြည့်စေရန် ပြည်တွင်း နှင့် နိုင်ငံတကာ ခရီးသွား အေဂျင်စီတို့နှင့် ချိတ်ဆက်နေသည်။

တတိယလိင်များကိုလည်း လေယာဉ်အတွင်း ခရီးသည်ဝန်ဆောင်မှု အတွက် ဆက်လက် ခန့်သွားမည်ဟု ဆိုသည်။ "တန်းတူညီမျှမှုရှိရေး မြှင့်တင်တာဟာ ကျွန်တော်တို့ရဲ့ ပေါ်လစီပါ" ဟု Mr Peter က ပြောသည်။

ယခု လေ့ကျင့်သင်ကြားပြီးသော အတွေ့အကြုံရှိသော လေယာဉ်မယ်၊ လေယာဉ်မောင် စုစုပေါင်း ၃၀ ရှိရာ ထိုအထဲတွင်
လေဒီဘွိုင်း - ၄ ဦး
အမျိုးသမီး - ၁၉ ဦး
အမျိုးသား - ၇ ဦး
ပါဝင်နေသည်။

လေဒီဘွိုင်း တဦးဖြစ်သည့် Thanyarat Chirapatpakorn သည် (ဓာတ်ပုံထဲမှ တတိယမြောက်) သည် Miss Tiffany Universe 2007 အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Nong Film အမည်ဖြင့် ရုပ်သံဇာတ်လမ်းသရုပ်ဆောင်သူ၊ မော်ဒယ် အဖြစ် လုပ်ကိုင်ခဲ့သည်။

(ယမန်နေ့က bangkokpost.com တွင် ဖော်ပြပါရှိသော PC Air finally ready to spread its wings သတင်းကို မိုးမခက ဘာသာပြန်သည်)





~

3 comments :

  1. Anonymous said... :

    တော်ပြီ လေယာဉ်မစီးတော့ဘူး ... :P

  1. Anonymous said... :

    ဒါဆိုရင် ပုဇင်း ဖင်ကြားညှပ်သွားပေါ့။ :)))

  1. Anonymous said... :

    ဟုတ်တယ် မတော် နိုက်လွှတ်လို့ ဘယ်တိုင်ရမှန်း
    မသိရင် ဒုက္ခ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved