မိတ်အင်ချိုင်းနားကား

Friday, December 23, 2011

~




တရုတ်က မြန်မာကို Fengxing Joyear အမျိုးအစား ခေတ်ပေါ် ဇိမ်ခံကား ၁၀ စီး လက်ဆောင်ပေးတယ် တဲ့။

ကြာသပတေးနေ့ သတင်းစာမှာ ရေးထားပါတယ်။ ဘာအရောင်လဲတော့ မသိပါ။ သတင်းစာထဲမှာတော့ အမည်းရောင်ပဲ မြင်ရတယ်။

မီးခိုး၊ အဖြူ၊ အမည်း၊ အနီ စသဖြင့် အရောင် ၅ မျိုးလောက်နဲ့ ထုတ်ထားတယ်လို့ အင်တာနက်စာမျက်နှာတွေမှာ ရေးထားပါတယ်။

မစ်ဆူဘီရှီ အင်ဂျင်အမျိုးအစားပါ။ တရုတ်ကား ဂျပန်အင်ဂျင်။

ဒီကားအမျိုးအစားကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ကားပြပွဲတခုမှာ စတင် ပွဲထုတ်ခဲ့ပါတယ် တဲ့။

ကွမ်ရှီးကျွမ်း (Guangxi Zhaung) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက ပေးတာပါ။ အဲဒီပြည်နယ်က မြန်မာနိုင်ငံနဲ့ သိပ်မဝေးပါဘူး။ ကြားထဲမှာ ယူနန်ပြည်နယ်ပဲ ခြားပါတယ်။ ကုန်သွယ်ရေး စီးပွားရေး လုပ်လို့ ကောင်းမှာပါ။

ကား လက်ဆောင်ပေးတာဆိုတော့ စီးပွားရေးလုပ်လို့ ပိုပြီး ကောင်းပြီပေါ့။



~

1 comments :

  1. Anonymous said... :

    အဲဒါ လဒ်ပေးလဒ်ယူကို တရားဝင်ပုံစံနဲ့ လူမြင်ကွင်းမှာ လုပ်တာဖြစ်တယ် ပေးတာက ဆယ်စီး ပြန်ယူသွားမှာက အစီးတစ်သောင်း ဖြစ်လိမ့်မယ် ဒါကြောင့် တယုတ်ကပြောတာ ပါးစပ်ပါတဲ့ကောင်ဆိုရင် လုပ်လို့ရတယ်လို့ ပြောတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved