ကတ္တီပါတော်လှန်ရေးခေါင်းဆောင်ရဲ့ နောက်ဆုံးခရီး

Saturday, December 24, 2011

~






ချက်သမ္မတနိုင်ငံ ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေဟာ သောကြာနေ့က
မြို့တော် ပရက်မှာ ပြုလုပ်တဲ့ ဗားကလက်ဟာဗဲလ် ဈာပနကို တက်ရောက်ခဲ့ကြပါတယ်။

ဥသြဆွဲသံ၊ ဘုရားကျောင်းတွေက ခေါင်းလောင်းသံတွေနဲ့အတူ တမိနစ် ငြိမ်သက်ပြီး ဟာဗဲလ်ရဲ့ နောက်ဆုံးခရီးမှာ အလေးပြုခဲ့ကြပါတယ်။

အကြမ်းမဖက်တဲ့ ကတ္တီပါတော်လှန်ရေးအပြီး ဒီမိုကရေစီနည်းအရ ပထမဆုံး ရွေးကောက်ခံရတဲ့ ချက်နိုင်ငံရဲ့ သမ္မတဗားကလက်ဟာဗဲလ်ရဲ့ နောက်ဆုံးခရီးကို ကမ္ဘာအရပ်ရပ် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှာ ဖော်ပြနေကြပါပြီ။

သတင်းတွေမှာ ဈာပန တက်ရောက်နေတဲ့ ဟာဗဲလ်ရဲ့ ဇနီးသည် Dagmar နဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာခေါင်းဆောင်တွေကို တွေ့မြင်ရပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ ဇနီးမောင်နှံ၊ ပြင်သစ်သမ္မတ နီကိုးလပ်ဆာကိုဇီး၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့လည်း ပါဝင်ပါတယ်။

St. Vitus ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဟာဗဲလ်ရဲ့ ဈာပနမှာ ဂါရ၀လာပြသူတွေထဲက ထူးခြားတဲ့ အထင်ကရပုဂ္ဂိုလ်တဦးလည်း ရှိနေပါတယ်။ သူကတော့ မက်ဒလင်းအောဘရိုက်ပါ။

အောဘရိုက်က ချက်နိုင်ငံဇာတိဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

"ကျမတို့ သူ့ကို လွမ်းနေကြမှာပါ။ သူ့ကို ဘယ်တော့မှ မေ့သွားကြမှာ မဟုတ်ပါဘူး" လို့ အောဘရိုက်က ပြောပါတယ်။

ဈာပနအခမ်းအနား အဆုံးသတ်ခါနီးမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး ချက်နိုင်ငံတော်သီချင်းသံ ထွက်လာပါတယ်။

အဲဒီနောက် သုဿန်ကို သွားတဲ့ လမ်းတလျှောက်မှာ ပြည်သူတွေက စောင့်ကြိုနေကြပါတယ်။ သဂြိုင်္ဟ်တဲ့အစီအစဉ်ကိုတော့ မိသားစုဆွေမျိုးတွေက သီးသန့် ပြုလုပ်ကြတာပါ။

ချက်သမ္မတဟောင်း ဗားကလက်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို အထူး ကူညီခဲ့သူတဦးဖြစ်ပါတယ်။


ဟာဗဲလ် နာရေး ရုပ်သံမှတ်တမ်း




~

1 comments :

  1. Anonymous said... :

    hello ,
    Just compare the funeral of North Korean dictator and Mr Havel.What a difference we see. funny north Korean leader lest world funniest funeral.But The death of Chez leader
    left us emptiness and sorrow .And always remember one the best world leader who enforced for our Burma democracy .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved