ရန်ကုန်မြို့ မီးလောင်မှုမှာ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောပါတယ်။ မီးလောင်မှု၊ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ဒီထက် ပိုပြီး တိုးလာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဒီမနက် သူတို့ရဲ့ ပြောဆိုချက်အရ သေဆုံးသူ အရေအတွက် ၁၇ ဦး ရှိပြီး ဒဏ်ရာရသူ ၈၀ ၀န်းကျင် ရှိတယ်လို့ ဆိုပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)
"သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ပါတယ်'' တဲ့။ စိတ်မကောင်းပါဘူး။ အိမ်ပြန်လမ်းစောင့်နေသူတွေကို မြင်ရောင်မိတယ်။ အသက်ပေးသွားသူတွေကိုလဲ ဂုဏ်ပြုမိတယ်၊ ငါဆိုရင်ကော အဲလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားကြည့်ရင် ခံစားမိတယ်။ ကိုယ့်အတွက်မဟုတ်ပဲ အသက်ပေးသွားရှာကြပြီ။ ကောင်းရာဘုံဘ၀က လက်ကမ်းကြိုဆိုကြပါစေလို့ ဆုတောင်းပေးမိတယ်။ သေဆုံးသူတွေအားလုံးကို ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ ဘယ်သူမှမျှော်လင့်မထားတဲ့ ကိစ္စ။ အခုတော့ ခံလိုက်ရပြီ။ အားလုံး ဒုက္ခမှလွတ်မြောက်နိုင်ကြပါစေ။ နောက်နောင် ဘယ်သူ့ဘယ်သူမှ ဒီလိုအဖြစ်ဆိုးတွေ မကြုံကြပါစေနဲ့။ မီးဆိုတာ တွေ့သမျှလောင်တတ်တာမို့ ဉာဏ်နဲ့သတိနဲ့ ကာကွယ်ထားတာ အကောင်းဆုံးပါ။ သတိဆိုတာ ပိုသည်မရှိတဲ့။