KIA က မိုင်းထောင်လို့ ဆိုင်ကယ်မောင်းနေတဲ့ကျောင်းသားလေး သေဆုံးခဲ့တယ်၊
KNU က မိုင်းထောင်လို့ အမျိုးသမီးတဦး ခြေတဘက်ပြတ်တယ်လို့ အစိုးရ သတင်းစာမှာ ရေးထားပါတယ်။
ဒီအဖွဲ့တွေ ထောင်တယ်လို့ အတိအကျ ရေးထားတာပါ။ ဒီလို သိရအောင် ဘယ်လို စုံစမ်း ဖော်ထုတ်လိုက်သလဲ ဆိုတာကိုတော့ ရေးမထားပါ။
ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ အပစ်ရပ်စာချုပ်ချုပ်နေချိန်မှာ ဒီသတင်း ၂ပုဒ်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီလို သတင်းတွေအစား ဘယ်ဒေသမှာ အစိုးရက သို့မဟုတ် အဖွဲ့တခုခုက မိုင်းရှင်းလင်းရေးလုပ်ဆောင်နေတယ်၊ မိုင်းအရေအတွက် ဘယ်လောက် တွေ့ရတယ် ဆိုတဲ့ သတင်းတွေ ဘယ်တော့များမှ ဖတ်ရပါ့မလဲ မသိပါ။
မိုင်းတွေကို သေနတ်ကိုင်တဲ့အဖွဲ့တိုင်းက ထောင်ကြတာပါပဲ။ သူတို့လည်း နင်းမိ၊ အရပ်သားတွေလည်း နင်းမိကြတာပေါ့။
ဒီစာဖတ်နေချိန်ဟာ နယ်စပ်ဒေသမှာ တယောက်ယောက်က မိုင်းနင်းမိလိုက်ချိန်လည်း ဖြစ်နိုင်ပါတယ်။
သတင်းစာမှာ မိုင်းသတင်းတွေနဲ့အတူ KIA နဲ့ ဆွေးနွေးနေတယ်၊ ဆွေးနွေးအုံးမယ် ဆိုတာလည်း ရေးထားပါတယ်။ ခေါင်းစည်းမှာလည်း ငြိမ်းချမ်းရေး ဆိုတဲ့ စာလုံး ထည့်ထားတယ်။
ငြိမ်းချမ်းရေးရသွားရင်တော့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေအတွက် စဉ်းစားနိုင်ပြီပေါ့။
~
ခင်ဗျားတို့ အတိတ်မေ့နေကြလို့လား သိပ်အကောင်းမြင်တတ်ကြလို့လားတော့မသိဘူး အောင်သောင်းနာမည်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံး စာတကြောင်းထဲမှာ အတူပါလာကတည်းက တခုခုအကြီးအကျယ်မှားသွားပြီဆိုတာ မသိသေးရင် အောင်သောင်းကိုယ်ရေးရာဇဝင်ကို ပြန်လေ့လာလိုက်ကြအုံး သူဘယ်ကလာလဲဆိုတာသိသွားအောင်။