ကင်ဂျုံအီးလ်ရဲ့ အသုဘ အခမ်းအနား

Wednesday, December 28, 2011


ဓာတ်ပုံများ - AP

ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ်ရဲ့ အသုဘ အခမ်းအနားကို ဒီကနေ့ ကြီးကြီးကျယ်ကျယ် ပြုလုပ်နေပါပြီ။

နှင်းတွေ ဝေနေအောင် ကျနေတဲ့ ပြုံယမ်းမြို့တော်လမ်းမတွေပေါ်မှာ ခေါင်းဆောင်ကြီး ပြုံးနေတဲ့ ပိုစတာကြီး တင်ထားတဲ့ မော်တော်ယာဉ်တန်း သွားနေတဲ့ပုံကို အစိုးရ ရုပ်သံမှာ မြင်နေရပါတယ်။

အသုဘယာဉ်ဘေးမှာ ခေါင်းဆောင်ကြီးရဲ့ သားငယ် ကင်ဂျုံအန်း၊ ယောက်ဖတော် Jang Song-thaek တို့ကို တွေ့လိုက်ရပါတယ်။

အန်ကယ်ကြီး Jang Song-thaek က မြောက်ကိုရီးယား အာဏာရှင် အပြောင်းအလဲ အဆင်ပြေရေးအတွက် နောက်ကွယ်ကနေ စီမံနေတဲ့ အဓိက ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း အကဲခတ်များက ဆိုပါတယ်။

အသုဘယာဉ်ဘေး ရှိခဲ့သူ နောက်တယောက်ကတော့ ကာကွယ်ရေးဦးစီးချုပ် Ri Yong-ho ဖြစ်တယ်လို့ သိရတယ်။

အားရပါးရ ငိုနေသူများကိုလည်း ရုပ်သံက ပုံမှန် ထုတ်လွှင့်နေပါတယ်။








7 comments :

  1. Anonymous said... :

    တစ်ခါငိုရင် ငါးတစ်ကောင်ရတာမို့လို့ လိုက်ငိုနေကြတာလေ။

  1. Anonymous said... :

    ကင်ဂျုံအီး၏ ငရဲပြည်လား အခမ်းအနားပါဗျာ

  1. Anonymous said... :

    ကင်ဂျုံအီး၏ ငရဲပြည်လား အခမ်းအနားပါဗျာ

  1. Anonymous said... :

    "တခါငိုရင် ငါးတစ်ကောင်ရတာမို့လို့ လိုက်ငိုတာဆိုတော့" ချီးလေးလုံးမှာ မြန်မာတွေ ထမင်းထုပ် ရလို့ လိုက်အော်သလိုပေါ့နော်..:(

  1. လူတယောက်သေဆုံးတာဟာ ဝမ်းသာစရာလား? မဟုတ်ဘူ ထင်တယ်နော်?သူလမ်း သူသွား ကိုယ့်လမ်း ကိုယ့်သွားရမှာပါ...နော်

  1. ဟုတ်ပါဗျာ....သူများသေဆုံးတာ ဝမ်းသာစရာ ကီစ္စမှ မဟုတ်တာ ကိုယ့်သေရင် လည်း သူ့လို လိုက်ပိုမယ့်သူတွေ၊ငိုမယ့်သူတွေ ရှိအောင် ရှာထားပါဦး.....ဝမ်းမသာကြပါနဲ့ သံဝေဂယူကြပါ.............

  1. Anonymous said... :

    သူများသေတာ ၀မ်းသာစရာမဟုတ်ပေမဲ့ သူတို့သည်းနေပုံ(ငိုနေပုံ)ကတော့လုံးဝမှားနေပါတယ် ပြည်သူတွေကို ငတ်အောင် မျက်စိပိတ် နားပိတ်ဖြစ်နေအောင် လုပ်ထားသူကြီးသေတာကို အားရပါးရ ငိုနေတာကိုကမှားနေတာပါ။
    တုံ့ပြန်မှုဆိုတာ မှန်ကန်မှုရှိရပါမယ် ခွဲခြားမှုရှိရပါမယ် ဒီတခါခွေးကြီးတကောင်သေနေတာတွေ့ရင် ခင်ဗျားအားရပါးရသာငိုကြည့် သိလာလိမ့်မယ်၊
    ခုဟာကသေတာကမဆန်း ငိုတာကအဆန်းဖြစ်နေတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved