ဟီလရီ ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာ တွေ့မည်

Friday, December 2, 2011

သောကြာနေ့မှာ အမေရိကန်သံရုံး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရွှေညဝါဆရာတော်ကြီး ပါဝင်...

ဒီဇင်ဘာလ ၂ ရက် သောကြာနေ့မှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဒီဇင်ဘာလ ၂ ရက်၊ သောကြာနေ့ မနက် ၁၁နာရီ ၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်.. ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက် ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့် အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် မေတ္တာစေတနာ ထားပြီးရဲရဲဝံ့ဝံ့ တရားတော်များအား ဟောကြားတော် မူသည့်အတွက် အာဏာပိုင်များမှ ပြည်တွင်း၌ တရားဟောခွင့် တနှစ်ပိတ်ထားခြင်း ခံရပါတယ်..။ လာမည့် ၂၀၁၂ခုနှစ် တရားဟောခွင့် ပြန်လည်ရရှိမည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ဒီပဲယင်းမြို့၌ တရားဟောပြောရန် လက်ခံထားကြောင်း သိရှိရပါသည်..။

သတင်း.. ဒီမိုဝေယံ..

3 comments :

  1. zoung said... :

    ဧရာဝတီ blog ကိုတစ်ရက်ကို ၄ ကြိမ်လောက်တော့ဝင်ကြည့်ဖြစ်ပါတယ်.. အ၇င်ကတော့ သတင်းတွေဖတ်လို့ကောင်းပေမဲ့.. ခုနောက်ပိုင်း ကြော်ငြာတွေက ပိုရှုပ်နေသလိုပဲ.. သတင်းဖတ်ရမလား.. ကြော်ငြာဖတ်ရမလား မသိဖြစ်နေတယ်.. အနှောက်အယှက်ဖြစ်တယ်.. နည်းနည်းလောက်ပြန်ပြင်လိုက်ရင် ပိုကောင်းတဲ့သတင်းမီဒီယာ ဖြစ်နေဦးမှာပါ...

  1. zoung said... :

    ကြော်ငြာများတယ်ဗျို့.. ကြော်ငြာနည်းနည်းလျော့လိုက်ရင် ကောင်းမယ်.. သတင်းဖတ်ရတာ မျက်စိနှောက်တယ်..

  1. zoung ပြောသလိုပါပဲဗျာ။ ကျနော့်မှာလည်း ဧရာဝတီ ၀က်ဘ်ဆိုဒ် နဲ့ ဘလော့ဂ်ကို တနေ့ကို အနည်းဆုံး လေး၊ ငါးကြိမ်ဝင်ကြည့်နေရတာ။

    ဧရာဝတီ မြန်မာပိုင်းဆိုဒ်မှာဆိုရင် ၀က်ဘ်ဆိုဒ်ကို ဖွင့်လိုက်တာ နဲ့ ဘေးနားက ကြော်ငြာဗွီဒီယိုက နားမခံနိုင်ဘူး။ သတင်းတွေလည်း ကောင်းကောင်း ဖတ်လို့မရဘူး။ အာရုံနောက်တယ်။ ပြီးတော့ ဧရာဝတီဆိုဒ်မှာ သတင်းဗွီဒီယိုလည်း တင်ထားတော့ သတင်းဗွီဒီယိုက အသံကိုပဲ နားထောင်ရမှာလား။ အဲဒီကြော်ငြာကအသံကိုပဲ နားထောင်ရမလား မသိဘူးဖြစ်နေတယ်။

    အဲဒါလေးကို စာဖတ်သူတွေအတွက် အလေးထားပြီး ကြည့်ကြပ် လုပ်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ် ဧရာဝတီရေ။ ဟီလာရီ ရဲ့ မြန်မာပြည်ခရီးစဉ် သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးခဲ့တဲ့အတွက်ကြောင့်လည်း ကျေးဇူးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved