သူရရွှေမန်းနဲ့ မြန်မာအမတ်တွေ အိန္ဒိယကို လေ့လာမယ်

Monday, December 5, 2011


ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လွှတ်တော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ စတာတွေကို လေ့လာဖို့၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း ဦးဆောင်တဲ့ အမတ် ၂၀ ကျော်ပါဝင်တဲ့ အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်အထိ နယူးဒေလီကို သွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။

 မြန်မာ့ လွှတ်တော်နဲ့ အိန္ဒိယ လွှတ်တော်
......

အဲ့ဒီအမတ်အဖွဲ့ဟာ အိန္ဒိယသမတ ပရာတီဘာ ပတေးလ်၊ ဒုတိယသမတ ဟမ်မစ်အန်ဇာရီ၊ ၀န်ကြီးချုပ် မာမိုဟမ်ဆင်း၊ လက်ရှိအာဏာရ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီရာဂန္ဒီ၊ အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ အောက်လွှတ်တော်က ဆုရှာမာဆွာရက်ရှ်၊ အထက်လွှတ်တော်က အာရွန်ဂျိုက်လေ တို့နဲ့ တွေ့ဆိုမယ်လို့ ဆိုပါတယ်။

အမတ်အဖွဲ့ဟာ အိန္ဒိယလွှတ်တော်ရေးရာ လေ့လာရေးနဲ့ သင်ကြားရေးဗဟိုရုံးမှာလည်း လေ့လာသင်ယူမှုတွေ လုပ်မယ်လို့ သိရပါတယ်။

သမတသိန်းစိန်ရဲ့ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်မှာတုန်းက မြန်မာအမတ်တွေ အိန္ဒိယကို လေ့လာရေးခရီးလွှတ်ဖို့ နှစ်နိုင်ငံအစိုးရ သဘောတူညီထားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဝေဖန်ရေးသမားတွေကတော့ ဒီလို လေ့လာရေး လာရောက်တာဟာ မြန်မာအမတ်တွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သိရှိနားလည်နိုင်မှာ ဖြစ်တယ်၊ ဒါပေမယ့် အိန္ဒိယအစိုးရအဖွဲ့အတွင်းက အကျင့်ပျက် ခြစားမှုတွေ၊ ကိုယ်ကျိုးသာကြည့်တာတွေ၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ဆောင်မှုတွေကိုတော့ အတုယူမမှားဖို့ လိုတယ်လို့ ဆိုကြပါတယ်။ 
.....

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved