တောင်ညွန့်မီးလောင်မှု နှင့် ပေါက်ကွဲမှုများ

Friday, December 30, 2011


တောင်ညွန့်မီးလောင်တုန်းက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ပရဆေးတွေမီးလောင်လို့ ဓာတ်ပြုပေါက်ကွဲခဲ့တာလို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။
၁၇ ဦး သေဆုံး၊ ၈၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

5 comments :

  1. Anonymous said... :

    ကြားကြားဖူးပေါင်..ပရဆေးတွေကဓါတ်ပြုပေါက်ကွဲတယ်လို့ ... အဲဒါဆို..နနွင်းမှုံ့ တွေ၊ လေပုတ်ထုတ်ဆေးတွေလေမှာဝဲပြီးအနားကလူတွေတောင်ကျမ်းမာရေးနဲ့  ညီညွတ်သေးတော့... ခုဟာကဓါတုပစ္စည်းတွေ၊ အက်စစ်လှောင်ကန်တွေပေါက်ကွဲတာမဟုတ်လား။။ အမှန်ကိုဖုံးပြီးမုသာဝါဒနဲ့ တိုင်းပြည်ကို လိမ်ခဲ့ပေါင်းကလဲများလှပြီ... မလိမ်လိုက်ရရင်တနေ့ ထမင်းမစားနိုင်၊ အိပ်မပျော်နိုင်များဖြစ်နေသလားမပြောတတ်..

  1. ဧရာဝတီရေ......ကျေးဇူးပြုပြီး ဒီနေ့လုပ်တဲ့ စတိတ်ရှိုးပွဲ နဲ့ ပက်သက်ပြီး သတင်းလေးတွေကို ဖြစ်နိုင်ရင် မပြတ်တင်ပေးစေချင်ပါတယ်။ ကျနော်က အမေရိကားကပါ။ ဒီမှာ အခု ည ၁ နာရီ ခွဲရှိပါပြီ။

    မနေ့က စက်ဆန်းမှာ ဗုံးပေါက်ကွဲမှု သတင်းကြားကတည်းက ဒီနေ့ စတိတ်ရှိုးပွဲ ချောချောမောမောပြီးပါ့မလားလို့ပဲ စိတ်ပူပန်စွာ နဲ့ ဖြစ်နေရတာပါ။ ဒီည ကျနော် အိပ်မှာမဟုတ်ပါဘူး။ စတိတ်ရှိုးပွဲသတင်းတွေကို အင်တာနက်မှာ တင်နေတာကို ထိုင်ပြီး စောင့်ဖတ်ချင်လို့ပါ။ အဲဒီပွဲမကြည့်ရလို့ ဘာမှမဖြစ်ပေမယ့် ပွဲကို လာမယ့် ကျနော်တို့ရဲ့ ခေါင်းဆောင် နဲ့ အဖွဲ့ဝင်တွေ၊အဆိုတော်တွေ၊ ပရိတ်သတ်တွေအတွက် ရင်လေးစွာ နဲ့ပဲ အန္တရာယ်ကင်းစေကြောင်း ဒီကနေ ထိုင်ပြီး ဆုတောင်းပေးနေပါတယ်။

    အင်တာနက်ဆိုဒ်တွေမှာ ဒီနေ့တွေ့နေရတဲ့ စိတ်ဝင်စားဖွယ်ရာ ကောမန့်တွေထဲမှာ ဦးသိန်းစိန်အစိုးရက အပြောင်းအလဲကို လုပ်နေချိန်မှာ သူတို့အစိုးရထဲက အပြောင်းအလဲကို မလိုလားသူတွေ၊သဘောထားတင်းမာသူတွေ၊ စစ်တပ်ထဲက ဗိုလ်ချုပ်တွေရဲ့ အကောက်ကြံမှုတွေကို သတိထားဖို့ သတိပေးထားတာတွေ တွေ့နေရပါတယ်။

    ဦးသိန်းစိန်အစိုးရ တက်လာပေမယ့် စစ်တပ်က သူ့စကားကို နားမထောင်ပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတာ၊ နောက်ပြီး သုဝဏ္ဏကွင်းက စတိတ်ရှိုးပွဲကို လုပ်ခွင့်မပေးပဲ ၃၀ ရက်နေ့ကျမှ လုပ်ခွင့်ပေးတာ။ ၃၀ ရက်မတိုင်ခင်မှာ အခုလုပ်မယ့် စတိတ်ရှိုးပွဲကို ခြိမ်းချောက်တဲ့ပုံစံလိုလို လှည်းတန်း နဲ့ စက်ဆန်းမှာ ဗုံးကွဲတဲ့ ဖြစ်ရပ်တွေကလည်း သံသယဖြစ်စရာတွေပါ။

    ဟူး....ကျနော် ဒီညတော့ ဒီမှာ ငုတ်တုပ်ထိုင်ပြီး အိပ်လို့မရတော့ဘူး။

  1. တောသား said... :

    ငိုကျော်ဆန်းတို့ကတော့ အခုချိန်ထိ မပြောင်းလဲသေးဘူး
    ပြည်သူတွေကို ညာလို့ကောင်းတုန်းပဲ...
    ပရဆေးတွေက မီးလောင်ပေါက်ကွဲတာတဲ့...ဟိ ဟိ

  1. Anonymous said... :

    ပရဆေးတွေကနဂိုထဲက အဲဒီနေရာတွေမှာထားတာတာမဟုတ်လား။ ဘာေုကာင့်
    အဲဒီညကျမှ ဓါတ်ပြုပီးပေါက်ကွဲရတာလဲ။ တယောက် ယောက်ကသွားပြီးဓါတ်ပြုလိုက်လို့များလား။မေးကြည့်တာ နော်။ cctvကောမရှိဘူးလား။ ရှိသင့်တာပေါ့နော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved