
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) က ပြီးခဲ့တဲ့ ၉ လပိုင်းမှာ ကျင်းပတဲ့ ၂၀၁၁ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ရွှေညဝါဆရာတော် ဦးပညာသီဟ ဟောပြောတဲ့ ညီညွတ်ရေးတရားတော် ရုပ်သံဖိုင်ပါ။ ဒီအသံဖိုင်ကိုသက်သေပြုပြီး ဆရာတော်ဟာ တရားဟောဖို့ ပိတ်ပင်ထားတာကို ဖောက်ဖျက်တယ်ဆိုပြီး အရေးယူဖို့ အာဏာပိုင်တွေက လုပ်နေပါတယ်။
ရွှေညဝါဆရာတော်ကို အစိုးရအာဏာပိုင်တွေက တရားမဟောဖို့ ဖိအားပေးမှုတွေအပြင် ကျောင်းတိုက်ကို ချိတ်ပိတ်ဖို့နဲ့ ဆရာတော်ကိုလည်း ကျောင်းကနေ ဖယ်ရှားဖို့ လုပ်နေတယ်လို့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။ (သံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်စာကို အောက်မှာ ဖော်ပြထားပါတယ်)
ဆရာတော်ကို အတင်းအကျပ်လူဝတ်လဲဖို့လဲ လုံခြုံရေးတွေနဲ့ အစောင့်ချပြီး လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားတဲ့ သည်ဗွိုက်ဂျာနယ်ရဲ့ သတင်းတပုဒ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

အခုရုပ်သံဖိုင်ထဲမှာလည်း ဆရာတော်ကိုယ်တိုင်က သူတရားဟောခွင့် ပိတ်ပင်ခံရကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အခုဟောပြောတာ တရားပွဲမဟုတ်ဘဲ သြဝါဒပေးတာလို့ မှတ်ယူပါလို့ ပြောဆိုထားပါတယ်။
ရဟန်းသံဃာတော်များအတွက် ဥပဒေပြဌာန်းပေးနိုင်သူမှာ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး သာလျှင်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်ပြီး ဆောင်ရွက်ရန်လို ပါသည်။ တစ်ဘ၀အမှားသည် သံသရာအဆက်အဆက်နစ်မွန်းမည်ကို အားလုံးသိပြီးဖြစ်ပါမည်။ အားလုံး မမေ့မလျော့သောသတိဖြင့် ဘုရားရှင်မျက်နှာတော်ကိုကြည့်ရန်တိုက်တွန်းပါသည်။