ဘရာဇီးတွင် ခေါင်းနှစ်လုံးနှင့် ကလေးမွေးဖွား

Monday, December 26, 2011

ဘရာဇီးမြောက်ပိုင်းရှိ Santa Casa de Misericodia အမည်ရှိ ဆေးရုံတွင် အမျိုးသမီးကြီး တဦးသည် ဦးခေါင်းနှစ်လုံးပါသော ကလေးငယ်တစ်ဦးအား အောင်မြင်စွား မွေးဖွားခဲ့လေသည်။

ကလေးနှစ်ဦးလုံးမှာ ဦးနှောက် နှင့် ကျောရိုး (spinal cord) များဟာ သီးခြားစီ ရှိကြပြီး ကျန်တဲ့ အစိတ်အပိုင်းများဖြစ်ကြတဲ့ နှလုံး၊ ကျောက်ကပ်နှင့် အသဲတို့ကို အတူတူမျှဝေ သုံးစွဲနေကြတယ်လို့ မွေးဖွားပေးခဲ့တဲ့ သားဖွားဆရာဝန်က ဆေးရုံရဲ့  ဝက်ဆိုဒ်မှာ ပြောဆိုထားပါတယ်။

ကလေးတဦးမှာ အသက်ရှူမှူ အခတ်အခဲရှိနေသောကြောင့် အထူးကြပ်မတ်ကုသ ပေးနေရပါတယ်။

ဆရာဝန်များက ကလေးများ အသက်ရှင်နိုင်ရန် မည်မျှ ရာခိုင်နှုန်း ရှိကြောင်းကို တော့ ပြောဆိုရန်စောနေသေးကြောင်း ဆိုထားပါတယ်။

ကလေးများရဲ့  နာမည်ကိုတော့ Jesus နှင့် Emanuel လို့ ပေးထားကြပါတယ်။


Image: Handout/Reuters

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved