မြန်မာ-မြောက်ကိုရီးယား

Tuesday, December 20, 2011

~






မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး
(၁၉၈၃-၂၀၀၉)


၂၀၀၉ ဇွန်
မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည်ဟု ယူဆရသည့် Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား သင်္ဘောပေါ်တွင် တားမြစ်ထားသော လက်နက်များ တင်ဆောင်ထားသည်ဟု သံသယ ရှိသဖြင့် အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သည်။ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ထိုသင်္ဘောက တရုတ်ပင်လယ်အတွင်း ၃ ပတ်ကြာ လှည့်လည်သွားလာပြီး မြောက်ကိုရီးယားသို့ ပြန်လှည့်သွားခဲ့သည်။

(၂၀၀၉ မေလတွင် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူခဲ့ရာ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကို မဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။)

၂ဝဝ၇
မြောက်ကိုရီးယား၏ Kang Nam 1 သင်္ဘောသည် မုန်တိုင်းရှောင်ရန် နှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ရန် ဟု ဆိုကာ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် မြန်မာစစ်အစိုးရက ဆိုက်ကပ်ခွင့် ပြုလိုက်သည်။

၂ဝဝ၇ ဧပြီ
မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးသည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် လက်မှတ်ထိုးပွဲကို မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ်၊ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူတို့ တက်ရောက်သည်။

နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးအရလည်း နီးစပ်သော တရုတ်နိုင်ငံက သံအဆက်အသွယ် ပြန်လည် ပြုလုပ်ခြင်းကို ကြိုဆိုလိုက်သည်။ “မြောက်ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံသည် တရုတ်ပြည်၏ ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Jianchao က ပြောသည်။ “နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်” ဟု သူက ဆိုသည်။

၂ဝဝ၆၊ နိုဝင်ဘာ
အမေရိကန်က စောင့်ကြည့်နေသည့် မြောက်ကိုရီးယား သင်္ဘောတစီးသည် ဒုံးကျည်လက်နက်များကို မြန်မာပြည်သို့ သွားရောက် ပို့ဆောင်သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းဌာနက ဆိုသည်။
Bongwhasan အမည်ရှိ သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ လက်နက်များ သွားရောက်ပို့ဆောင်သည်ဟူသော သတင်းကို မြန်မာစစ်အစိုးရက ငြင်းဆိုသည်။ သင်္ဘောသားတို့အတွက် ရိက္ခာ၊ သင်္ဘောအတွက် လောင်စာ ဖြည့်တင်းရန် အရေးပေါ် ကမ်းကပ်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

၂ဝဝ၅
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ ဇင်ဘာဘွေ၊ မြန်မာနိုင်ငံတို့ကို အာဏာရှင်တို့၏ ခံကတုတ်နိုင်ငံများ အဖြစ် ဖော်ပြသည်။

၂ဝဝ၃၊ ဇူလိုင်
မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂ဝ ခန့်အထိကို ရန်ကုန်ရှိ ရေတပ်စခန်းတခု နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဧည့်ရိပ်သာတခုတွင် တွေ့ရကြောင်း ဟောင်ကောင်အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာစာစောင် (FEER)က ရေးသားဖော်ပြလိုက်သည်။

ထိုအချိန်မှစပြီး မြောက်ကိုရီးယား ပညာရှင်များကို မြန်မာပြည်အလယ်ပိုင်း နတ်မောက်မြို့အနီးတွင် တွေ့ရသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရေး အစီအစဉ်များလည်း အဆိုပါ ဒေသအနီးတွင် တည်ရှိခြင်းကြောင့် မြောက်ကိုရီးယား ပညာရှင်များလည်း မြန်မာပြည် နျူကလီးယား အစီအစဉ်တွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက်နေသည်ဟု ယူဆလာကြသည်။

၂ဝဝ၁၊ ဇွန်
မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပတ်ကီယွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ သွားရောက်ပြီး ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးသည်။

၂ဝဝဝ၊ နိုဝင်ဘာ
မြောက်ကိုရီးယားတပ်မတော် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းရန် မြန်မာစစ်အစိုးရက ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားသို့ လျှို့ဝှက် စေလွှတ်သည်။

၁၉၉၉
မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာ နှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့သည်။ ထိုခရီးစဉ်ကို တရားဝင် ကြေညာခြင်းမရှိပေ။

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ 130-millimeter M-46 အမြောက် ၁၂ လက် ဝယ်ယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

၁၉၈၃၊ အောက်တိုဘာ
ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၄ ဦးအပါအဝင် တောင်ကိုရီးယား အရာရှိ စုစုပေါင်း ၁၇ ဦး သေဆုံးသွားသည်။ သမ္မတမှာ ဗုံးခွဲတိုက်ခိုက်မှုမှ လွတ်မြောက်သွားသည်။

ဗုံးခွဲတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားအစိုးရ၏ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ဗုံးခွဲသူ မြောက်ကိုရီးယား ၃ ဦးအနက် တဦးကို အသေဖမ်းဆီးမိကြောင်း၊ တဦးမှာ သူ့ကိုယ်သူ ဗုံးခွဲ လုပ်ကြံလိုက်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်သည်။ ကျန်တဦးမှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသည်။

သတင်းများ

မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု
Monday, 31 August 2009 အောင်သက်ဝိုင်း

မြန်မာ့နျူကလီးယား စီမံကိန်းကို ဒေသတွင်း စိုးရိမ်
Monday, 03 August 2009 ဇာနည်ဝင်း


နျူကလီးယား နည်းပညာ အလွှဲအပြောင်း အမေရိကန် စိုးရိမ်
Wednesday, 22 July 2009 ကိုစိုး

လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ
Friday, 17 July 2009 အေးချမ်းမြေ့

Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ
Tuesday, 07 July 2009 ဧရာဝတီ

စစ်အစိုးရနှင့်ပတ်သက်သည့် မြောက်ကိုရီးယား ကုမ္ပဏီ အမေရိကန် အရေးယူ
Friday, 03 July 2009 ကိုထွေး

မြောက်ကိုရီးယားနှင့် မြန်မာ ဆက်ဆံရေး နီးစပ်လာမှု စိုးရိမ်ဖွယ်
Friday, 03 July 2009 ရဲနည်

မြောက်ကိုရီးယားသင်္ဘော ပြည်တော်ပြန်ပြီလား
Wednesday, 01 July 2009 ကိုထွေး

မြန်မာပြည်သို့ လက်နက်ပစ္စည်းတင်ပို့သည်ဟု ယူဆရသူ ၃ ဦး ဂျပန်တွင် အဖမ်းခံရ
Tuesday, 30 June 2009 ကိုထွေး

မြေအောက်ဥမင် ဓာတ်ပုံမှတ်တမ်း အင်ဂျင်နီယာများ သံသယရှိ
Saturday, 27 June 2009 16:41 ဧရာဝတီ

မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေး အပေါ် အငြိမ်းစား သံအမတ်တဦး အမြင် (အင်တာဗျူး)
Saturday, 27 June 2009 15:38 ဧရာဝတီ

မြောက်ကိုရီးယား၏ နျူကလီးယား စစ်အစိုးရမျှော်လင့်
Thursday, 25 June 2009 19:45 ကိုထွေး

စစ်လက်နက်ပစ္စည်းများ တင်သွင်းရန်အသုံးပြုသည့် သီလဝါဆိပ်ကမ်း
Thursday, 25 June 2009 19:22 အေးချမ်းမြေ့

မြောက်ကိုရီးယား သင်္ဘောကိစ္စ စစ်အစိုးရရှင်း
Thursday, 25 June 2009 15:13 ဇာနည်ဝင်း

ကန်နမ်သင်္ဘောက သတင်းတခုလည်း သယ်ဆောင်လာသည်
Wednesday, 24 June 2009 18:26 ရဲနည်

မြောက်ကိုရီးယား သဘောင်္သတင်း ဖော်ပြခွင့်မပြု
Wednesday, 24 June 2009 18:00 အောင်သက်ဝိုင်း

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
Wednesday, 24 June 2009 17:08 အောင်ဇော်

မြောက်ကိုရီးယားသင်္ဘောတွင် လက်နက်များ သယ်ဆောင်လာသည်ဟုဆို
Tuesday, 23 June 2009 19:49 ဧရာဝတီ

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းများအကြောင်း (အင်တာဗျူး)
Tuesday, 23 June 2009 18:43 ဧရာဝတီ

မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည်ဟု ယူဆရ
Monday, 22 June 2009 19:28 အေးချမ်းမြေ့

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တရုတ်ပြောဆို
Wednesday, 17 June 2009 20:15 ဧရာဝတီ

မြောက်ကိုးရီးယား ဓာတ်ပုံနှင့်ရုပ်ရှင်ပြပွဲ မြန်မာတွင် ကျင်းပခဲ့
Thursday, 11 June 2009 19:26 ကိုထွေး

ကင်ဂျုံအီးလ် မွေးနေ့ကြော်ငြာ စာနယ်ဇင်းတွင် ဖော်ပြ
အောင်သက်ဝိုင်း | ဖေဖော်ဝါရီ ၁၆၊ ၂ဝဝ၉

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရောက်ရှိ
ကိုစိုး | အောက်တိုဘာ ၂၈၊ ၂ဝဝ၈

ဖျားနာနေသည့် အာဏာရှင်များ (အယ်ဒီတာ့အာဘော်)
စက်တင်ဘာ ၁၂၊ ၂ဝဝ၈

မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အကျိုးမရှိဟု သခင်ချန်ထွန်းပြော
ဧရာဝတီ | စက်တင်ဘာ ၁၁၊ ၂ဝဝ၇

အာဏာရှင်များ ဘာကြောင့် သွေးစည်းလာ (အယ်ဒီတာ့အာဘော်)
ဇွန် ၁၅၊ ၂ဝဝ၇

သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော
ကျော်စွာမိုး| မေ ၂၅၊ ၂ဝဝ၇

မြောက်ကိုရီးယားသင်္ဘော မုန်တိုင်းကြောင့် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ဟု နိုင်ငံခြားရေးဌာနကပြော
ကိုစိုး | မေ ၂၃၊ ၂ဝဝ၇

မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာဆိပ်ကမ်းသို့ ဆိုက်ရောက်
ကိုစိုး | မေ ၂၁၊ ၂ဝဝ၇

တာဝန်သိအစိုးရသာ နျူးကလီးယားနည်းပညာ ပိုင်ဆိုင်သင့်သည် (အယ်ဒီတာ့အာဘော်)
မေ၊ ၂ဝဝ၇

မြန်မာ-မြောက်ကိုရီးယား သံတမန်ပြန်ဆက်သွယ်မှုကို အမေရိကန်အာရုံစိုက်
ဧရာဝတီ | ဧပြီ ၂၇၊ ၂ဝဝ၇

မြန်မာ - မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ပြန်လည်စတင်ရန် လက်မှတ်ရေးထိုး
ကိုစိုး | ဧပြီ ၂၆၊ ၂ဝဝ၇

မြန်မာ-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ပြန်လည်စတင်
ကိုစိုး | ဧပြီ ၂၅၊ ၂ဝဝ၇

မြန်မာနှင့် မြောက်ကိုရီးယားသည် ဗီယက်နမ်ကို အတုခိုးသင့်
ဧရာဝတီ | နိုဝင်ဘာ၂ဝ၊ ၂ဝဝ၆

မြန်မာနှင့် မြောက်ကိုရီးယား ဘယ်လောက်ဆက်စပ်နေပြီလဲ
အောင်ဇော်| သြဂုတ် ၁၊ ၂ဝဝ၆

1 comments :

  1. Anonymous said... :

    ယင်ကောင်ဆိုတာ မစင်ရှိတဲ့အရပ်ကိုသွားတာမဆန်းပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved