ကျောင်းအလှူကြော်ငြာ

Sunday, December 11, 2011

~







မာမာအေး

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

ဒီလို နှုတ်ဆက်သံလေး ကြားရရင် မာအေးရဲ့ အသံလေးပါလား လို့ သတိရလိမ့်မယ် ထင်ပါတယ်နော်။ နိုဝင်ဘာ (၁၉) ရက်နေ့ကျရင်တော့ မာအေး နေခဲ့တဲ့ အမေရိကန် ရွာကလေး 'ဖို့ဝိန်း' ကို ပြန်ရောက်နေမယ်။

အဲဒီမှာ ချစ်ဆွေတို့ မာအေးတို့ရဲ့ ဘ၀ ဘ၀က ဆွေမျိုးတွေ မြန်မာတိုင်းရင်းဖွားတွေမှ အများကြီးရယ်၊ ကိုယ့်ဘာသာ သာသနာကို စောင့်ရှောက်တော်မူဖို့ရာ - ဗုဒ္ဓဘာသာကျောင်းတော်တွေလဲ ရှိပါတယ်။

မာအေးကတော့ 'ဇေတ၀န်' လို့ ခေါ်တဲ့ ကျောင်းတော်အရိပ်မှာ ကွန်းခို နေနား တနိုင်တအား ၀င်ပါသွားအောင် ကျိုးစားချင်နေတဲ့ 'ဖွားပေါက်စလေး'ပေါ့ရှင်။ ကျောင်းတော် ဇေတ၀န်မှာ ဒီမြို့ကလေး ရောက်လာ ခိုလှုံကြရတဲ့ မြန်မာပြည်ဖွား လူသားများရဲ့ သောက ဒုက္ခ ဗျာပါဒတွေကို သာသနာရေး၊ လူမှုရေး၊ လူမျိုးရေးရယ်လို့ မခွဲခြားဘဲ ကယ်ကူစောင့်ရှောက်တော်မတူတတ်တဲ့ ဘုရားရှင် သားတော် ရဟန်းများ သီတင်းသုံးတော်မူနေကြတာ မြင်ဖန်များတာနဲ့ ကြည်ညို သဒ္ဓါလေးမြတ်စွာ ငြိမ်းချမ်းစေ့ချင်ခဲ့တါကြောင့် ပါဝင်ခဲ့တာပါဘဲ။

အားလုံး စုပေါင်း ကျောင်းတစ်ကျောင်း ဆောက်လာတာ ပြီးပြီဘဲ ဆိုပါတော့လေ။ ခုမှ City က ဟိုဟာပြင်ပေး၊ ဒီဟာဖျက်ပေးနဲ့ ဂျီးပေးလာတယ်ရှင့်။ ရှင်တို့ ကြားဖူးတဲ့ အတိုင်းဘဲ - မာအေးတို့ U.S. က စီးပွားကပ်ဆိုက်မှုဟာ ကိုယ့်လူတွေကိုလဲ လက်မဲ့ဖြစ်စေတော့ကါ - လှူချင်တောင် မလွယ်ဘူး ဖြစ်နေမှာပါ။ ဒါကြောင့် မာအေးရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုအားပေးရင်း ချီးမြှင့် လက်ဆောင်ပေးကြတဲ့ ၀တ္ထုငွေတွေက တချို့ကို လှူဖို့ရာ ဆုံးဖြတ်ထားပါတယ်။ သာဓုခေါ် ၀မ်းမြောက်နိုင်အောင်ပေါ့နော်။

မာအေးလဲ ချစ်ဆွေများကို 'သာဓု ခေါ်ချင်လို့ အလှူခံပါရစေ၊ ကျောင်းအလှူ ပါဝင်ကြပါဦး'

* အလှူတစုကို US ဒေါ်လာ (၅၀၀) ထဲပါ
* အလှူရှင် တစ်ရာ (၁၀၀) ဆိုရင် လုံလောက်ပါတယ် တဲ့။

မာအေးကို ချစ်ခင်စိတ်နဲ့ ကူညီ ဖြည့်ဆည်းပေးစေချင်တဲ့သူတွေ၊ မာအေး အသက်ရှည် ကျန်းမာ တေးသံသာတွေ မဆုံးအောင် ကြားလို မြင်လိုကြတဲ့ ပရိသဒ်တွေ၊ တစ်ရာမက ရှိကြလိမ့်မယ် လို့ ယုံကြည်လို့ အလှူသတင်း ပေးလိုက်တာပါ။

ဒီအလှူအတွက် မာအေး လက်ဆောင် ပြန်ပေးနိုင်တာကတော့ မကြာခင်မှာ ဖလ်သားပြင်ပေါ်မှာ တင်တော့မှာဖြစ်တဲ့ "မာမာအေးဖောင်ဒေးရှင်း ၀က်(ဘ)ဆိုက်"က မာအေး စုဆောင်း မှတ်တမ်းပြုထားတဲ့ ရင်က ရတနာတွေကို မေတ္တာနဲ့ သုံးခွင့်ပြုမယ် ဆိုတဲ့ အခွင့်အရေး ဖြစ်ပါတယ်ရှင်။

အလှူရှင် တစ်ရာမက ပေါ်လာလို့ ပိုငွေ ရခဲ့ရင်လဲ မာမာအေးဖောင်ဒေးရှင်းက ဆောင်ရွက်သွားမယ့် ဂီတရေးရာတွေ၊ သီချင်းစုဆောင်းတာတွေ၊ ဂီတလောကသား အိုမင်းမစွမ်း မကျန်းမမာ ဖြစ်နေရှာသူတွေအတွက် ရံပုံငွေအဖြစ် ထားလိုက်မှာပါ။

လောကီ လောကုတ္တရာ နှစ်ဖြာ အကျိုးရှိမယ့်အကြောင်း သတင်းကေါင်းလေးကို တဆင့်စကါး တဆင့်နား အရောက် ပို့ဆောင်ပေးစေလိုပါတယ်ရှင်။

* အလှူငွေ ပို့ရမယ့် လိပ်စာကတော့

MAR MAR AYE
MAR MAR AYE FOUNDATION
3630, WEST. STATE Blvd:
FORT WAYNE, INDIANA
IN 46808, U.S.A

ဖုံးနံပါတ် (260) 220 - 2964 ဖြစ်ပါတယ်

အထူး ကျေးဇူးတင်ပါတယ်ရှင်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved