အိုဘားမားရဲ့  သမီးလေး နှစ်ယောက်ကို Facebook မှာရှာနေလား....???

Tuesday, December 20, 2011

အိုဘားမား နှင့် သူ့ မိသားစု (Image: AP)
ရှာမနေပါနဲ့ သူငယ်ချင်းရာ သူတို့လေးတွေကို ဖခင်ကြီးက facebook သုံးခွင့် မပြုထားဘူး....။

သမ္မတကြီး က သူ့ သမီများဖြစ်ကြတဲ့  မီိလာ (၁၃ နှစ် ) နဲ့  ဆာရှာ (၁၀ နှစ် )တို့အား နာမည်ကြီးနေသော လူနေမှူ့ကွန်ရက်ဝက်ဆိုဒ်များကို သုံးဆွဲခွင့်ပေးမထားပါဘူးလို့ People Magazine နှင့်တွေ့ဆုံစဉ်က ပြောဆိုခဲ့လေတယ်။

သမ္မတကြီးရဲ့  ဇနီးက အိမ်ဖြူတော်မှာဆိုရင် သူ့ သမီးနှစ်ယောက်ကို ကျောင်းက ပါလာသော သင်ခန်းစာ အိမ်စာတွေ ကို သင်ပြရင်း တီဗီ ဇာတ်လမ်းများကြည့်ရင်း ကလေးများ ကို စာဖတ်တဲ့ အလေ့အထရှိအောင် သင်ကြားပေးနေပါတယ်။

သမ္မတကြီးရဲ့  ဇနီးနှင့် သမီးလေးများက ဟာသဇတ်လမ်းတွဲဖြစ်တဲ့ Modern Family အတူတူကြည့်ရတာ ကြိုက်နှစ်သက်ခါ... သမ္မတကြီးကတော့ Boardwalk Empire နှင့် Homeland ကဲ့သို့သော ဇတ်လမ်းများကို စိတ်ဝင်စားကြောင်း ပြောခဲ့သေးတယ်။

ဂန္တဝင်မြောက် စာပေကောင်းတွေ ဖတ်ဖြစ်အောင် သမီးနှစ်ယောက်လုံးကို အမြဲတိုက်တွန်းလေ့ရှိပါတယ်။ အခု သမီးကြီး ကတော့ John Steinbeck ရဲ့  The Grapes of Wrath နှင့် F. Scott Fitzgerald ရဲ့  Tender ဆိုတဲ့ စာအုပ်ကောင်းတွေ ဖတ်နေလေတယ်တဲ့.....

2 comments :

  1. Anonymous said... :

    ဘာလို့ရှာမလဲ မရှာပါဘူး၊ သတင်းလဲမဟုတ်ဘူး ၊ ကိုယ့်အလုပ်လဲမဟုတ်ဘူး ၊ ဘာမှလဲမဟုတ်ဘူး တောင်းပန်ပါတယ် နောက်ဒါမျိုးမလုပ်ပါနဲ့ဗျာ၊

  1. Anonymous said... :

    အိုဘားမား သမီးဖြစ်၇တာ ကံဆိုးလိုက်တာ ... မြန်မာပြည်မှာ သာမာန်ဘိုဂျုပ်လောက် သားသမီးတောင် ကံပိုကောင်းသေး ဟိဟိ ... သန်းရွှေမြေးဆို လည်း ဖတ်သလားမမေးနဲ့ ကောင်မတွေ ဟိဟိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved