NLD ပုဆိုး ပြန်ဝတ်ပြီ

Tuesday, December 13, 2011

~







NLD ပါတီထောင်ခွင့် ရပါပြီ လို့ ရွေးကော်မရှင်က မီးစိမ်းပြလိုက်တယ် တဲ့။
လူထုဦးဆောင် NLD ပါတီလည်း အနှစ် ၂၀ ကျော် အထုအထောင်းခံခဲ့ရပြီး အထိနာခဲ့ပေမယ့် အစိုးရက အခုလို သဘောထားကြီးစွာ ပါတီအဖြစ် ရပ်တည်ခွင့် ပေးပြီ ဆိုတော့လည်း ကောင်းတာပေါ့၊ ရေစစ္စရီ ထပ်လုပ်ပြီး ရှေ့သို့ ချီရတော့မှာပေါ့။
NLD သမိုင်းမှာ စကတည်းက ကြမ်းခန်း ရမ်းခန်းတွေချည်းပဲ။

ပါတီခေါင်းဆောင် ဧရာဝတီတိုင်းသွားတော့ ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်နဲ့ အချိန်ခံရ ၁၉၈၉။
၉၀ ရွေးကောက်ပွဲ မှာ NLD ကိုယ်စားလှယ်တွေ အရွေးခံရတော့ အဲဒီလူတွေ ထောင်ထဲ သွားနေရပြန်ရော။
ကျန်တဲ့လူတွေလည်း ၁၄ နှစ်ကြာ အမျိုးသားညီလာခံထဲ အပို့ခံရ။
ဒေါ်စုကို ထုတ်ပစ်လိုက်လို့ ဖိအားပေးပြန်တော့ ဒေါ်စုကို ပါတီကနေ ထုတ်ပေးရသေးတယ်။
တနိုင်ငံလုံးက ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ကြတယ် ဆိုတာတွေလည်း သတင်းစာတွေထဲ မကြာခဏ တွေ့ခဲ့ရတယ်။
တွေ့ဆုံဆွေးနွေးရေးမဖြစ်တာဟာ NLD သဘောထားတင်းမာလွန်းလို့ပဲ၊ လျှော့ပါအုံး လျှော့သင့်တယ်လို့ သုံးသပ်သံတွေလည်း ထွက်ခဲ့တယ်။ လျှော့စရာ ပုဆိုးပဲ ရှိတော့တယ်ဟေ့ လို့ တုံ့ပြန်သံတချို့လည်း ဘေးက ထွက်လာတယ်။
ဒီလိုနဲ့ မနှစ်တုန်းက ရွေးကောက်ပွဲလုပ်တော့ NLD က တရားမ၀င်ပါတီစာရင်းထဲ ရောက်သွားတယ်၊ အဲဒီ လျှော့စရာ ဆိုတာကို ချွတ်ပေးလိုက်ရတဲ့သဘောပေါ့။
အခုတော့ ရော့ ... ရော့ ... နင့်ပုဆိုး ပြန်ဝတ်ချည် လို့ ပြောလိုက်ပါပြီ။
ကောင်းလေစွ။






~

1 comments :

  1. Anonymous said... :

    သူဟာသူ ၀တ်ချင်ဝတ် ချွတ်ချင်ချွတ် မောင်းမင်းနဲ့ ဘာများ ပတ်သက်နေလို့တုန်း ဘေးကနေ ၀င်ပြီး နာသလိုလို မခံချိမခံသာ ဖြစ်သလိုလို ဖေါရှောရိုက်မနေပါနဲ့ကွာ သေချာတာကတော့ သူတို့တကိုယ်ရည်ကောင်းစားဖို့လုပ်နေတာမဟုတ်တဲ့အချက်တခုထဲနဲ့တင် စံတခုရနေပါတယ် မောင်မင်းရော ဘာစံတွေရှိနေပြီလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved