ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း ၅)

Monday, January 9, 2012


~




သူပုန်ကြီး (Burma Media Wash)


ပထမ၀ါကျနှစ်ကြောင်းသည် အပိုင်း၎ နှင့် အပိုင်း၅ တို့အတွက် ပေါင်းကူး အချိတ်အဆက်မျှသာဖြစ်သည်။

အပြုတ်တိုက်ရေးပေါ်လစီကို ဆုပ်ကိုင်ထားသည့် အုပ်စုခေါင်းဆောင်က၊ လက်ရှိ ရယူထားသော ပါတီဥက္ကဋ္ဌရာထူးမှ ဆင်းပေးရမည်။

အခြေအနေ ဘယ်ပုံဖန်လာသည်ကို ကိုယ်ဖျောက်ဝိဇ္ဇာက ဆက်သည်။

“လက်ရှိပါတီဥက္ကဋ္ဌကုလားထိုင်, ထိုင်ထားသူက၊ ကုလားထိုင်ပေါ်က ပြန်မဆင်းချင်ဘူး။ ဒီတော့, ’လိုင်း’ချင်းတူတဲ့ ’ဟိုကပြန်’ သွေးဆာအုပ်စုနဲ့ပေါင်းပြီး လူသတ်ပွဲကြီး ဆင်နွှဲခဲ့တယ်.။ လည်ချောင်းသွေးနဲ့ ခြေဆေးသတဲ့.။ အဖေကို သားက သတ်သတဲ့.။ ကိုင်း. ကောင်းကြသေးရဲ့လားဗျာ .. .။ ’ဟိုကပြန်’တွေ ယူလာတဲ့ ’ရုတ်, ရုတ်, ရုတ်, ရုတ်’ပယောဂ, က .. ၊ ကောင်းကျိုး မပေးဘူးဗျ .. ။ အစဉ်ထာဝရ တရံမလပ် အလေးထား သတိပြုနေရမယ်ဗျ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက ထိုထို သတိစကားဖြင့် ၊ ’ဟိုကမပြန်’ တရားသေ၀ါဒီ ပစ္စည်းမဲ့ အာဏာရှင် တချို့၏ လေကြီးမိုးကြီး မှိုင်းလုံးကြီးကို ’ဒဲ့’ ထောက်ပြလေတော့သည်။

“လက်ဝါးကြီးအုပ်, ပါတီကြီးဝါဒီ…’ဗိုလ်ချဉ်ပေါင်’…ရယ်၊ လူထုချစ်တဲ့ မိဘနှစ်ပါးကို မျက်နှာ အိုးမဲသုတ်နေတဲ့ ’ဖိုးရွှံ့ချောင်း’ရယ် .. ဟဲ .. ဟဲ .. အဲဒီ မကျွတ်မလွတ်သေးတဲ့ အမွေးရှည်ရှည် ခြေသဲလက်သဲရှည်ရှည် တစ္ဆေနှစ်ကောင်က၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ မျက်မှောက် နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ဇာတ်ရည် မလည်ပါပဲ၊ မဖြစ်ညစ်ကျယ်သင်္ကြန်အမြှောက်ဖေါက် .. ။ ၀င်ရှုပ် .. ။ ဒါတွေကို သတိမလစ်အငိုက်မမိကြပါနဲ့လို့ .. ဟဲ .. ဟဲ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက သက်သေသက္ကာယ အထောက်အထားတွေကို ဆွဲထုတ်ဖို့ရာ သမိုင်းနောက်ကြောင်းပြန်လိုက်၏။

“ဟိုးတလောက ဖိုးရွှံ့ချောင်းက မျက်နှာပြောင်, အသံပြောင်တိုက်ပြီး သူတို့အုပ်စု နီပါလျက် ဖြူရောင်သမ်း ပါတီရဲ့ အကျိုးစီးပွါးအတွက် ဗိုလ်ချုပ်အောင်ဆန်းကို ခုတုံးအဖြစ် ခြေထောက်နဲ့ တက်နင်းပြီး၊ အသုံးချခဲ့တာက ဒီလိုပါခင်ဗျာ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက ဘလိုင်းမပြော။ အထောက်အထားနဲ့ ပြောပါပြီ။

“ဖိုးရွှံ့ချောင်းက ရေဒီယိုကနေပြီး ‘လေပုတ်ထုတ်’သွားတာက ဒီလိုဗျ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ‘နီပါလျက်ဖြူရောင်သမ်းပါတီ’ ကို စတင် တည်ထောင်သူပါ တဲ့.။ အဲဒါဟာ ကြောင်တောင်နှိုက်တဲ့ နိုင်ငံရေးတေလေဂျပိုးလုပ်ရပ် စစ်လိုက်တာမှစစ်စစ်, စစ်စစ် လို့ မြည်နေပါတယ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာကတော့ ဖိုးရွှံ့ချောင်းရဲ့ လူထုချစ်တဲ့မိဘနှစ်ပါးကို မျက်နှာထောက်ထားဖို့ မေ့လျော့နေလေသည်လား .. ။

“ဗိုလ်ချုပ်အောင်ဆန်းဟာ၊ ဖြူရောင်သမ်းပါတီကို စတင်တည်ထောင်သူပါ လို့၊ ဖိုးရွှံ့ချောင်းပြောတာ မှန်ပါတယ်။ ခက်တာက ဒီကြောင်တောင်နှိုက်က သူဖေါ်ချင်တာလေးကိုသာ ကွက်ကွက်ကလေး ဆွဲထုတ်ပြီး ဖေါ်တာ။ ဖုံးချင်တာကျတော့ ဗြောင်ဖုံးတယ်။ ဒါဟာ မရိုးသားတာပဲ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာကတော့ စွဲချက်တင်လေပြီ။ တဆက်တည်းပင် ဖိုးရွှံ့ချောင်း ဖုံးထားတာကို ဖေါ်ပြီ။

“ဖိုးရွှံ့ချောင်းကို မေးချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖြူရောင်သမ်း ပါတီကို ဖက်ထားရင်းနဲ့ လုပ်ကြံခံရတာလား…။ ကီးမကိုက်လို့ ဖြူရောင်သမ်းပါတီကို စွန့်ခဲ့တယ် မဟုတ်လား .. ။ နောက်ဆုံး ဖြူရောင်သမ်း ပါတီကို ဖဆပလထဲက ထုတ်ပစ်ခဲ့တယ် မဟုတ်လား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက နောက်ထပ်တရစ် တင်လိုက်ပြန်သည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးယူဖို့ အဓိကခေါင်းဆောင် လှုပ်ရှားခဲ့သူဖြစ်လို့၊ နိုင်ငံရေးဂွင်ထဲမှာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးလျှင် ဗြိတိသျှ ဓနသဟာယထဲမှာပဲ ဆက်နေချင်တယ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက သမိုင်းဖြစ်ရပ်မှန်ကို တည်လိုက်ပြီး၊ မေးခွန်းတွေ ထုတ်လေပြီ။

“ဒီဓနသဟာယထဲမှာ ဆက်နေမယ့် ကိစ္စ .. ဖြူရောင်သမ်းတို့က အမြင်မကျယ်လို့ ကဖျက်ယဖျက် လုပ်ကြတယ် မဟုတ်လား။ ဗိုလ်ချုပ်က လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ၀ါးအစည်း မပြေချင်လို့၊ လိုက်လျော အလျှော့ပေးခဲ့တယ် မဟုတ်လား။ ဒါကြောင့် လွတ်လပ်ရေး ရပြီး ကာလမှာ၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အခွင့်အလမ်းတွေ ရှိပြီးသားဖြစ်ပါလျက် ဆုံးရှုံးခဲ့ရတယ် မဟုတ်လား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာ၏ ဆွေးနွေးချက်များမှာ၊ ကျနော် သူပုန်ကြီးအတွက်မူ စိတ်ဝင်စားဘွယ် ကောင်းလှသည်။

“နိဂုံးချုပ်အနေနဲ့မေးမယ် .. ။ လွတ်လပ်ရေးရလို့ အခမ်းအနား ကျင်းပရာမှာ.၊ ဖြူရောင်သမ်း ဥက္ကဋ္ဌ ကိုယ်တိုင် တက်ခဲ့တယ်မဟုတ်လား။ နောက်မှ ရွှေရည်စိမ် လွတ်လပ်ရေးပါလို့ အပုတ်ချ, ရမယ်ရှာခဲ့တာ မဟုတ်လား .. ။ လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်ပြီ .. ။ ရွှေရည်စိမ်ဟုတ်သလား၊ မဟုတ်ဘူးလား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာခမျာ၊ စကားကိုဗရိတ်အုပ်မရသေးသဖြင့် ၊ ဆက်၍မေးခွန်းထုတ်လိုက်သေးသည်။

“နီပါလျက်ဖြူရောင်သမ်းပါတီဟာ၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆရှိရဲ့လား။ ပထမပိုင်းမှာ၊ ကုလားနောက်လိုက် လုပ်တယ် .. ။ နောက်တော့ တရုတ်နောက်လိုက် လုပ်ပြန်တယ် .. ။ ကိုယ်စွမ်းကိုယ်စ မရှိလေတော့၊ ဆွေမျိုးပေါက်ဖေါ် အတုကြီးက၊ တသက်လုံး ကျွေးမွေးလာခဲ့တဲ့ နီပါလျက်ဖြူရောင်သမ်း တွန်ကြက်ကြီးကို၊ ရိုက်ပြီး ချက်စားတော့တာပဲ မဟုတ်လား။ ကဲ .. ဒီလောက်ဆို ဘယ်သူဘယ်ဝါ ဘာညာ ဆိုတာ ရှင်းလောက်ပါပြီဗျား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက နားသွားပါပြီ။ သို့ပါသောကြောင့် ကျနော်သူပုန်ကြီးက “အာစရိ, ဦးခြံသူကြီးခင်ဗျား .. .။ ဖြည့်စွက် ဆွေးနွေးစရာများကို ဖြည့်စွက် ဆွေးနွေးပေးပါ .. .အာစရိ .. .” ဟု လေးမြတ်စွာ ပန်ကြားသမှု ပြုလိုက်ပါ၏။

(ဇာတ်သိမ်းပိုင်း အပိုင်း ၆ သို့) ---

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)



~

5 comments :

  1. Anonymous said... :

    အပိုင်း ၅ ထိ ဘာတွေရေးထားမှန်းမသိပါ.. ဖတ်ရတာတော့ ရှုပ်နေတာဘဲ..ခေါင်းစဉ်ကတော့ လန်ထွက်နေတာဘဲနော် .. ဇတ်သိမ်ပိုင်း မဖတ်တော့ပါ ..

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash)က ပြန်ပြော-

    ဗျို့..အပေါ်ကဆြာ..

    အနာပေါ် ဒုတ် ကျသွားလို့ ၊ထွန့်..ထွန့်..လူးသွားသလား..။

    တကယ်တော့ ဒီလိုစာတွေကြောင့် ပတ်သက်ရာရာပုဂ္ဂိုလ်များခမျာ စိတ်နာကျင်ကြရလိမ့်မယ်လို့ တွက်ထားပြီးသားပါ။

    အခုတင်ပြရတာကတာဝန်သိစိတ်အရပါ။
    ဗိုလ်ချင်ပေါင်နဲ့ကိုဖိုးရွှံ့ချောင်းတို့က၊တိုင်းရင်းသားပြည်သူတွေကို“မှိုင်း”တိုက် တိုက်နေတာကြောင့်၊သူတို့ရဲ့လုပ်ပေါက်ကို“ဖွင့်ချ”နေရတာ..။

    ဒီကြားထဲ ခင်ဗျားက “ဘလိုင်းဝင်”လာတော့၊ထပ်ပြောစရာကပေါ်လာပြီ။ကဲ...ပြောပြီ..။

    တလောက ဖိုးရွှံ့ချောင်းရဲ့ရဲဘော်ရဲဘက် ခပ်စွာစွာ လူထက်တစ်ယောက်နဲ့စကားပြောခဲ့ရတယ်။

    “ခင်ဗျားတို့လူရဲ့လုပ်ပေါက်က ဒီလို ဒီလိုဗျ။အဲဒီလိုလုပ်တာမျိုးခင်ဗျားမလုပ်မိဖို့..”

    ကျနော့်စကားတောင်မဆုံးသေးဘူး၊သူကယုတ်ချည်းတုန့်ပြန်တယ်ဗျ။

    “ဟေး..အဲဒီထဲကျုပ်မပါဘူးဗျ။သူတို့နဲ့ကျနော်နဲ့မတူတော့ဘူးဗျ..” တဲ့..။

    ကိုင်း..ဘယ့်နှယ် ရှိစ..။

    နောက်ပြီး..ခင်ဗျားကမှတ်ချက်ရေးတယ်..။“အပိုင်း၅ထိဘာတွေရေးထားမှန်းမသိပါ။ဖတ်ရတာတော့ရှုပ်နေတာပဲ..”တဲ့..။

    ခင်ဗျားပြောသလို ဖတ်ရတာရှုပ်ရင် ဘလော့ဂ်မတ်စတာအယ်ဒီတာကအမှိုက်ပုံးထဲပစ်ထဲ့လိုက်မှာပေါ့။
    ခု..ခင်ဗျားရဲ့မှတ်ချက်ကအယ်ဒီတာကိုပါစော်ကားရာ
    ကျနေပြီ။

    “ခေါင်းစဉ်ကတော့ လန်ထွက်နေတာပဲနော် ”လို့၊ခင်ဗျားကမှတ်ချက်ချတယ်”။

    ဟုတ်ပါတယ် တကယ်ကိုလန်ထွက် နေပါတယ်။
    ခင်ဗျား မျက်လုံးပြူးသွားရတဲ့အထိ လန်ထွက် နေပါတယ်။

    “ဇာတ်သိမ်းပိုင်း မဖတ်တော့ပါ”ဆိုတာ ခင်ဗျား မှုသားပြောတာ..။

    မနက်တင်မယ့် ဇာတ်သိမ်းပိုင်းကို အိပ်ယာက ထ ထ ချင်း မျက်နှာမသစ်မီပြူးတူးပြဲတဲမျက်လုံးကြီးမျာနဲ့
    ခင်ဗျား မဖတ်ပဲမနေနိုင်ပါဘူး..ဟဲ..ဟဲ.ဟဲ

    တုနု့်ပြန်ပါ။တစ်တစ်ခွခွ စူးစူးရှရှ ပြန်ဝေဖန်ပါ။

    ကျနော်က ဘုရားမှ မဟုတ်လေတော့ ကျနော်လည်း
    ဗိုလ်ချဉ်ပေါင် နဲ့ ကိုဖိုးရွှံ့ချောင်းတိုလိုမှားကောင်းမှားနိုင်တာပဲ..။

    ကျနော်တို့ ရဲ့ Burma Media Wash က ဝေဖန်သည် အဝေဖန်ခံသည်..ဟဲ..ဟဲ..ဟဲ...

  1. Anonymous said... :

    ကျနော်ကတော့ အင်တာနက်ပေါ်က ဆောင်းပါးတွေဆိုရင် အပိုင်း၊အပိုင်းတွေ အများကြီးခွဲရေးတာမျိုးကျတော့ မဖတ်ချင်တော့ဘူး။ အဲဒါတွေကို စာအုပ်ပုံစံမျိုး အနေနဲ့ လက်နဲ့ ကိုင်ပြီး ဖတ်ရတာကို ပိုပြီး ဇိမ်ရှိတာ။

    အင်တာနက်ပေါ်မှာကျတော့ ၀က်ဘ်ဆိုဒ်တွေကလည်း အများကြီးပဲ၊ ဖတ်စရာတွေကလည်း တပုံတပင်ဆိုတော့ ခေါင်းစဉ်တခုကို အပိုင်းတွေအများကြီးခွဲဖတ်ရတာကျတော့ အချိန်မရပြန်တော့ဘူး။

  1. Anonymous said... :

    အကြောင်းအရာက ကောင်းပါလျက် သမိုင်းတန်ဖိုးရှိပါလျက်နဲ့ ရေးဟန်ကဖျက်နေတယ်။ ပေါ့တီးပေါ့ရွှတ်နိုင်လှသည်။ ကျနော်လို ပေါက်ကရ စာမျိုးစုံအောင် ဖတ်တဲ့သူတောင် တစ်ကြောင်းနှစ်ကြောင်းအပြင် ပိုပြီး စိတ်လိုလက်ရ မဖတ်နိုင်ပါ။ ခုန်ပျံကျော်လွှားသာ ဖတ်သွားပါသည်။

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash)က ထပ်ပြော-

    (၁)အပေါ်တတိယနေရာကမိတ်ဆွေခင်ဗျား...

    မိတ်ဆွေ၏ဝေဖန်ချက်ကိုအထူးတန်ဘိုးထားပါသည်။

    “ဝေဖန်ရေး၊ကိုယ့်ကိုယ်ကိုဝေဖန်ရေး”ဟုဆိုစကားရှိပါ
    သည်။

    ကျနော်ကအခြားတစုံတရာဝေဖန်စရာကိုသတိပြုမိလျှင်ဝေဖန်ပါသည်။

    ကျနော့်ကိုကျနော်လည်းပြန်ဝေဖန်ပါသည်။

    ကျနော့်ကိုကျနော်ပြန်ဝေဖန်ရတာအားမရသဖြင့်၊
    Burma Media Wash ဆိုသည်နှင့်ကပ်လျက်တွင်
    ဝေဖန်သည် အဝေဖန်ခံသည် ဟု ဖေါ်ပြတတ်ပါသည်။

    နောင်တွင်လည်းကျနော့်အားအခါအားလျော်စွာဝေဖန်ပါ
    ရန်မေတ္တာရပ်ပါသည်။

    (၂)အပေါ်စတုတ္ထနေရာက မိတ်ဆွေ ခင်ဗျာ-

    “အကြောင်းအရာကကောင်းပါလျက်၊သမိုင်းတန်ဘိုးရှိပါ
    လျက်”ဟူသောမှတ်ချက်ကိုဖတ်ရတော့၊ပုထုဇဉ်ကျနော်,စိတ်ထဲပျော်..ဟဲ..ဟဲ..

    “ရေးဟန်ကဖျက်နေတယ်” ဟူသောမှတ်ချက်ကိုဖတ်ရတော့၊အဲ..အကြောင်းတစ်ခုတော့ရှိနေပြီ”ဟု သတိပြုမိပါသည်။

    ဘလော့ဂ်မာစတာဆီကသိရတာက၊သူ့ကိုမိတ်ဆွေ
    တစ်ယောက်ကအပိုင်း(၁)ဖတ်အပြီးမှာပြောပါသတဲ့..“ဒါ..သရော်စာပဲ၊ကြိုက်တယ်”တဲ့..

    ဘာပဲ ဝေဖန် ဝေဖန်..ဝေဖန်သမျှကိုအထူးအလေး
    ထားသွားပါမည်။

    ဝေဖန်ပေးသူမှန်သမျှကိုကျေးဇူးအထူးတင်ပါသည်။

    နောင်တွင်လည်းဆက်လက်ဝေဖန်ပေးကြပါခင်ဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved