တာမွေဈေးအနီး သမိန်ဗရမ်းလမ်း

Thursday, January 12, 2012

~





တာမွေဈေး၊ Orange တို့ ပါဝင်တဲ့ သမိန်ဗရမ်းလမ်း အနီးတ၀ိုက် google မြေပုံ

မပြောမပြီးမို့ လူအများဖတ်ကြတဲ့ ဧရာဝတီကနေပဲ ပြောလိုက်ရပါတော့မယ်ခင်ဗျာ

တာမွေဈေးအနီး သမိနှ်ဗရမ်းလမ်းတစ်လျှောက်(ဈေးအိမ်သာ ၊ ) လမ်းဆုံမှာ အမြဲလိုလို ယာဉ်ကြောတွေ ပိတ်နေတာ ယာဉ်တိုက်မှုတွေဖြစ်တတ်တာ အများသိပြီးဖြစ်မှာပါ။ ဒါကို ဆိုင်ရာပိုင်ရာများက ခုထိ မဖြေရှင်းနိုင်သေးတာပါ။

ထို့အတူ တာမွေဈေးအိမ်သာ ကနေ တိုက်နံပါတ် ၁၂ ကနေ ၁၈ အထိ ကားများ အမြဲလိုလို ရပ်နေခြင်းကြောင့် စီးပွားရေးလုပ်နေသော ပြည်သူများအနေဖြင့် ကောင်းမွန်စွာမလုပ်ရ၊ ဆိုင်ခန်းများမှာလည်း ကားရပ်ထားခံရခြင်းကြောင့် လမ်းကြော ပိတ်နေတာတွေ ဖြစ်နေပါတယ်။

ရွှေမြို့တော် မလိုင်ဆိုင်ကနေ တိုက်နံပါတ် (၁၆ မှ ၁၈)အထိ ကုန်တင်ကားကြီးများမှာ အမြဲလိုလို ပိတ်ဆို့ရပ်နားထားခြင်း ဂိတ်ပြုလုပ်ထားခြင်းကြောင့် တိုက်ခန်းနေသူများရဲ့ ကားများ၊ ထားစရာနေမရှိသလို ဆိုင်ခန်းရဲ့ မျက်နှာစာကိုလည်း ပိတ်ဆို့ထားခြင်းကြောင့် ဈေးမရောင်းကောင်းမှုများ ဖြစ်နေတာကြာပါပြီ။

လမ်းဆုံတွင် ဂိတ်ပြုလုပ်ထားသော ကုန်တင်ကားများကို မဖယ်ရှားပေးနိုင်ပါက အနီးတ၀ိုက်ရှိ ပြည်သူများ အနေဖြင့် အနေရခက် စီးပွားရှာရခက်များဖြစ်ပေါ်စေပါတယ်။

ကုန်ကားကြီးများပိတ်ဆို့ထားမှုကြောင့် ယာဉ်တိုက်မှုများလည်း မကြာခဏဖြစ်တာကို အများအသိပင်ဖြစ်ပါတယ်။ ထို့အပြင် ထိုကုန်တင်ကားများမှ ကားမောင်းသမားများမှာ မူးရူးရမ်းကား၍ အချင်းချင်းရန်ဖြစ်ကြသည်မှာလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။

တာမွေဈေးအိမ်သာ၊ Orange အရှေ့၊ ရွှေမြို့တော်အရှေ့ ကနေ တိုက် (၁၈ ) အထိ ရံဖန်ရံခါ မော်တော်ပီကယ်များ ကြားပေါက်လာရှာတတ်ပါတယ်။ ကြားပေါက်သာ ရှာတတ်ပြီး ပြည်သူအများ အသွားအလာခက် စီးပွားရှာရခက်စေသော ဖြစ်ပျက်မှုများကို အဆင်ပြေစေရန် ဖြေရှင်းပေးနိုင်ခြင်းမရှိကြပဲ။ ကြားပေါက်ရှာပြီးပါက ပြန်သွားတာပါပဲ။

လမ်းဆုံက မာမွတ်


~

1 comments :

  1. သမိန်ပရမ်းလမ်း သုံးလမ်းသွားကို ဈေးသည်တွေ
    (ရွှေမြို့တော်ဒိန်ချဉ်ဆိုင်လည်းပါတယ်) က ယာဉ်
    ကြောတကြောစာယူ ပြီးလမ်းမပေါ်ဈေးတက်
    ရောင်းတယ်... လိုင်းကားတွေကယာဉ်ကျောတကျောစာထပ်ပြီးယူတယ်.. နောက်ဆုံးကျန်တဲ့ယာဉ်ကျောကို ရိုသမျှကားတွေက၀ိုင်းပြုံ ပြီးတိုးနေရလို့လမ်းတွေပိတ်
    ကုန်တာပါ.. ဈေးသည်တွေရော၊ လိုင်းကား
    မောင်းတဲ့သူတွေပါစည်းကမ်းရှိသင့်ပါတယ်။။။။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved