ဆင်းရဲသားများထံမှ ပေးစာ

Thursday, January 26, 2012


ဆင်းရဲသားပပျောက်ရေး ချေးငွေ အလှမ်းကွာ၍ မလှမ်းလာ နိုင်သေးတာလား ပရမ်းပတာနဲ့ပဲ လမ်းမှာ ပျောက်ဆုးံ သွားပြီလား

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီမှ အနိုင်ရရှိသဖြင့် ဦးသိန်းစိန် အစိုးရတက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဆင်းရဲသားပပျောက်ရေးစီမံချက်ဖြစ် တနိုင်ငံလုးံသို့ချေး ငွေများ ချပေးမည်ဟုကြားသိရသဖြင့် ဆင်းရဲသားလုပ်သမားများနှင့် ခေါင်းရွက်ဗြတ်ထိုး ဈေးသည်များ ၀မ်းသာအားရ ကြိုဆိုနေကြပါသည်။

ဟုတ်ကဲ့ အခုတော့ ချေးငွေတွေ မရောက်သေးပေမယ့် ဆင်းရဲသားတွေတော့ ပျောက်သင့်သလောက်ပျာက်ကုန်ပါပြီ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကော့သောင်းမြို့နယ်အတွင်း ဆင်းရဲသားအများစုဟာ အတိုး အဆမတန်ပေး ငွေတိုးချေးပြီး လုပ်ကိုင်စားသောက်နေကြ တဲ့ခေါင်းရွက် ဗြတ်ထိုး ဈေးသည်များနှင့် မစို့မပို့အိမ်ဆိုင်လေးများ ဖွင့်လှစ်ရောင်းချပြီး ၀မ်းစာရှာစားနေရသူတွေက များ သဖြင့် ယခုနိုင်ငံတော်က အတိုးအနဲငယ်သာ ပေးရတယ့် ချေးငွေတွေကို ချေးခွင့်ရမည်ဆိုပါက သိပ်အဆင်ပြေမှာပဲလို့ အောက်မေ့စောင့်မျှော်ရင်းနဲ့ အတိုးကြိးစားများရဲ့ အတိုးအပေါ်အတိုးထက် စနစ် နဲ့ ချေးငွေကိုဘဲ့ ချေးငှားလုပ်ကိုင်စားသောက်နေရပါတယ် သူတို့ဆီက ချေးငွေ ငါးသိန်းလောက် ချေးရင် သွင်းနိုင်တယ့်လသွင်း မသွင်းနိုင်တဲ့လ မသွင်း ဒါနဲ့ပဲ အဲဒီ ချေးငွေ ငါးသိန်းလောက်ဟာ တစ်ဆယ့်ငါးသိန်း လောက်ဆပ်ပြီးလည်းမပြေ သိန်းနှစ်ဆယ်လောက် ဆပ်လဲမပြေ မပေးနိုင်တဲ့အဆုးံ ရဲနှင့် ရုးံနှင့်ပေါင်း တောင်းတော့ ( ကြားဖူးကြမှာပေါ့ ကော့သောင်းမြို့ရဲ့ တရားရုးံအကြောင်း) ဆင်းရဲသားများအတွက် ငွေမ နိုင်ရင် ထောင်ကျမှာပဲဆို့တဲ့ အသိအတွေးတွေနဲ့ ( ဖြစ်လည်းဖြစ်နေကြတာကို ) ကြောက်လန့်ပြီး အမျိုး သ္မီးများဆိုရင် လင်ပစ်သားပစ် အမျိုးသားများကြတော့ မယားပစ်သားပစ် နီးစပ်ရာ ထိုင်နိုင်ငံကိုဝင် ကြွေး လေးဘာလေးဘဲ့ ကြေပါစေလို့ ရရာအလုပ်တွေ လုပ်ဖို့ ထွက်ပြေးကြရင်းနဲ့ဘဲဆင်းရဲသားတွေ တော် တော်ကို ပြောက်ကုန်ကြပါပြီ ချေးငွေကိစ္စကတော့ အခုချိန်ထိ ဘာမှန်းတောင် မသိရသေးပါ ။

ကြားတော့ ကြားလိုက်ပါတယ် လမ်းဘေးဈေးသည် လေးငါးယောက် တစ်ယောက်ကို ချေးငွေ ခြောက်သောင်း စီမြို့နယ်စည်ပင်က လူကြီးတွေ လာရောက်ထုတ်ချေးပါတယ်လို့ အဲဒါလည်း ခြောက်သောင်းအတိအကျ မရဘဲ ဘာကြေးညာကြေးတွေနဲ့ နုတ်ထုတ်ပြီး ငါးသောင်းဘဲ့ရပါတယ်လို့ ပြောတာကြားမိပါတယ် ။

ကျွန်တော်တို့စီပင်သာယာပိုင် မြို့မဈေးမှာတော့ မြို့နယ် ခရိုင်၊ တိုင်းမှ လူကြီးများ လာပြီး အိမ်ပိုင်နှုင့် ဆိုင်ခန်းပိုင်ရှင်များအား ပိုင်ဆိုင်မှုတန်ဖိုးအလိုက် ချေးငွေများထုတ်ချေးမည် မည်သူက မည်မျှချေးမည်ဟု မေးမြေးစာရင်း ကောက်ယူသွားကာ ယခုဆိုလျှင် နှစ်ဟောင်းကုန်လို့ နှစ်သစ်တောင် ကူးသွားပါရော့လား တပြားတချပ်မှ လာရောက်ခြေးပေးခြင်းမပြုဘဲ ပြောက်ချင်းမလှ ပျောက်သွားပါပြီ။

ယခုတော့ တဆင့်စကားတဆင့်ကြားတာက ( အဝေမတည့်လို့ စိတ်ဆိုးပြီး ပြောသူထံမှ ) နိုင်ငံတော်မှကျွန်တော်တို့ ကော့သောင်းမြို့နယ်အတွက် ဆင်းရဲသားပပျောက်ရေးချေးငွေ သိန်းလေး ထောင် ချပေးလိုက်တယ်ဆိုဘဲ့ အဲဒီချပေးချေးငွေ သိန်းလေးထောင်ကို ဈေးသူဈေးသားဆင်းရဲသားများ လက်ထဲမရောက်ဘဲ (၁) ယခင်လေးကောင်ဂျင်ဒိုင် ယခုအမိန့်ရပေါင် ဆိုင်ပိုင်ရှင် သမာဓိအောင်နိုင်က သိန်း တစ်ထောင် ( ၂) ယခင်က တည်းခိုခန်းဖွင့်ပြီး တစ်ဖက်နိုင်ငံသို့ ပို့လိုက်သဖြင့် ကားပေါ်မှာလူပေါင်း လေးငါးဆယ် သေဆုးံခဲ့ရလို့ လူကုန်ကူးမှုဖြင့် အချုပ်ကျခဲ့တယ့် တည်းခိုခန်းပိုင်ရှင် ကိုဝင်းနိုင်က သိန်းတစ်ထောင် (၃) အဝေမတည့်လို့ စိတ်ဆိုးပြီး အကြောင်းစုံဖွင့်ချလာသူရဲ့ ယောက်ဖ ကုန်စုံဆိုင်ပိုင် ရှင် ဟိန္ဒူ ဗုဒ္ဒ ဘာသာ ကိုနိုင်လင်းဆိုသူက သိန်းတစ်ထောင် ကျန်တဲ့သိန်းတစ်ထောင်က မည်သူမည်ဝါက ဖြတ်ယူ ထားသည်ကို မသိရသေးပါဘူး နိုင်ငံတော်ကသာ အမှန်တကယ် ချပေးလိုက်ပြီဆိုရင်တော့ ကျွန် တော်တင်ပြတာတွေ ဟာမမှားလောက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှသာ စုံစမ်းအရေးယူ ဆောင် ရွက်နိုင်ရန် ဖြစ်တော့သည်။

ကော့သောင်းမြို့က
ချေးငွေကို အတွေးပိုစွာဖြင့် တောင့်ခံရင်းစောင့် နေတဲ့
လက်ကျန်ဆင်းရဲ သားများ

1 comments :

  1. Anonymous said... :

    ကြံ့ခိုင်ရေးပေးတဲ့ကတိ ငွေချေးမယ်ဆိုတာကို ယုံတာ ယုံတဲ့သူတွေရဲ့အပြစ်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved