တရားဘက်ပဲ လိုက်တော့မယ်ဆိုတဲ့ စစ်ထောက်လှမ်းရေး ဗမခ ဟောင်း မြင့်ဇော်

Saturday, January 14, 2012





မကြာမီကမှ လွတ်မြောက်လာသည့် နယ်စပ်ဒေသဆိုင်ရာ ဌာနကြီးမှူး စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းမြင့်ဇော်ကို ဘီဘီစီမှ ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းထားတာပါ။

မြင့်ဇော် ။ ။ ကျနော်ကို သူတို့ ချမှတ်တာတော့ အမှုပေါင်းအားလုံး ၁၆ မှုကနေ ၉၉ နှစ်ပြစ်ဒဏ်ပေးတယ်၊ ပြီးတော့ သာယာဝတီထောင်မှာ ပြစ်ဒဏ်ကျခံရတယ်၊၊

ဘီဘီစီ ။ ။ အခုပြန်လွတ်ပေးတဲ့အခါမှာရော ထောက်လှမ်းရေးကနေ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထိန်းသိမ်းခဲ့စဉ်တုန်းက အတူတူ ထိန်းသိမ်းခံရတဲ့ပုဂ္ဂိုလ်တွေ အားလုံးလွတ်ပြီ လား၊ ဒါမှမဟုတ်ကျန်တဲ့သူများရှိပါလား။

မြင့်ဇော် ။ ။ ကျန်အုံးမယ်ဗျ အကုန်လုံးတော့ မဟုတ်သေးပါဘူး။

ဘီဘီစီ ။ ။ ဘာကြောင့် ကျန်တယ်ဆိုတာရောသိရလား။

မြင့်ဇော် ။ ။ကျနော်တို့ထင်တာတော့ သူတို့လွှတ်ပေးဖို့ စိစစ်တဲ့အခါမှာ အသုတ်လိုက် အသုတ်လိုက် စိစစ်တယ် လို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့် စိစစ်ပြီးတဲ့လူကို လွှတ်တယ်၊ နောက်ဟာဆက် စိစစ်ပြီးတော့ လိုက်လာလိမ့်မယ်လို့ပဲ မျော်လင့်တယ်တာပေါ့လေ။

ဘီဘီစီ ။ ။ အကျဉ်းထောင်မှာနေတုန်းကတော့ရော ထောင်ကအတွေ့အကြုံကရော ဘယ်လိုရှိလဲ။

မြင့်ဇော် ။ ။ထွေထွေထူးထူးမရှိ ပါဘူး၊ ထောင်ကလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း သူတို့လည်း ဆောင် ရွက်တာပဲ ကျနော် တို့လည်း ဒီတိုင်းလိုက်နာပြီး နေခဲ့တဲ့ အနေအထားပဲဖြစ်ပါတယ်၊ သို့သော်လည်း ကျနော်တို့ကို သီးသန့် အခန်းနဲ့ ထားပြီးတော့ သီးသန့်အကျဉ်းသားတွေ ဆက်ဆံတဲ့နည်းတူပဲ ကျနော်တို့လည်း ဒီတိုင်းပဲဆက်ဆံတာပါပဲ။

ဘီဘီစီ ။ ။သီးသန့်အကျဉ်းသားဆိုတာ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သီးသန့် အကျဉ်းသားအနေနဲ့ ခွဲခြား ပြီးတော့ ထားတာမျိုးလည်းသိရတော့ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့များ တွေ့ခဲ့တာ ရှိလား။

မြင်ဇော် ။ ။အခုလွတ်လာတဲ့အထဲမှာ ကျနော်အဖွဲ့က ၁၅ ယောက်ပေါ့လေ၊ ကျန်တဲ့လူက ၁၀ယောက်ပါပါတယ်၊

ဘီဘီစီ ။ ။ ကျန်တဲ့သူဆိုတာက ဒီမိုကရေစီအရေးအတွက်လှုပ်ရှားလို့ ဖမ်းဆီးခံရတဲ့သူ တွေကို ဆိုလိုတာလား။

မြင့်ဇော် ။ ။တချို့ပါတီဝင်တွေလည်း ဖြစ်နိုင်ပါတယ်၊ လုပ်ငန်းလုပ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ထောင်ထဲမှာတွေ့တော့ သူတို့နဲ့ရော စကားပြောဆက်ဆံတာတွေရှိလား။

မြင့်ဇော် ။ ။ကျနော်တို့ကတော့ ဒါအတူတူချင်း လူလူချင်းဆိုတဲ့ အနေအထားမျိုးပါပဲ၊ ဘာ မှသိပ်ခွဲခြားထားတာမရှိပါဘူး၊ တော်တော်လည်း ရင်းနှီးပါတယ် ဒီအဖွဲ့တွေနဲ့၊ တိုက်ဆိုတာက အခန်း ၁၀ခန်း၁၂ခန်းရှိကြတာပေါ့လေ- အဲဒီမှာကျနော်တို့ တယောက်တခန်းစီနေကြတဲ့အခါကျတော့ အခန်းချင်းကပ်ရက် နေ့တဓူဝမြင်နေတဲ့ အဖွဲ့တွေပါပဲ။

ဘီဘီစီ ။ ။ ကျနော်ဆိုလိုတာက တချိန်တုန်းက ဆန္ဒပြတဲ့သူတွေဟာ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ၊ အရေးယူတာ၊ နိုပ်စက်တာတွေ ခံခဲ့ရတဲ့ အခါကျတော့ သူတို့ရဲ့နာကျည်းမှုတွေ ကြားရတယ်လေ။ အခုကတော့ တိုင်းပြည်ရှေ့ဆက်မယ် သင်ပုန်းချေကြမယ်၊ ခွင့်လွတ်ကြမယ်ဆိုတဲ့ အနေအထားမျိုးရှိမယ်လို့ ယူဆလား။

မြင့်ဇော် ။ ။ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့နဲ့ နေလာတဲ့ဟာမှာလည်း တော်တော်ကို ရင်းရင်းနှီးနှီး မိသားစုလို နေကြတာပါ။

ဘီဘီစီ ။ ။ အခုအပြင်ကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရောရှိလား။

မြင့်ဇော် ။ ။မရှိပါဘူး၊ ကျနော်အဲ့ဒါကို ပြီးပြတ်အောင် ဖြေရရင်တော့လေ၊ ကျနော်တို့ ထောင်ထဲမှာ ဆရာကြီး ဦးဂိုအင်ကာ ရဲ့ တရားစခန်းဝင်ခဲ့ပါတယ်၊ အဲဒါကို တော်တော်နှစ်ချိုက်ပြီး တော့ အဲဒီဘက်မှာပဲ အားသန်နေတဲ့ အနေအထားပါ၊ ကျနော်တို့ တရားလုပ်ငန်းကလွဲရင် ကျန်တဲ့ ဟာတွေ ကျနော်လုပ်ဖို့အစီအစဉ်မရှိပါဘူး။


10 comments :

  1. Anonymous said... :

    အင်းးးဗိုလ် ခင်ညွန့် အဖွဲ့တွေ ထောင်ထဲ က ပြန်ထွက် လာတော့ တော်တော် သဘောပေါက်ပြီး တရားစခန်းဝင်တော့မယ်ပဲ ပြောသံ တွေ ကြားရတယ်...တရားပေါက်ကုန်ကြပြီ....ဘာ ခုမှ ပေါက်ပါပြီလဲ...ဘာ..ခုမှ ကြေက်ပါပြီလဲ...

  1. Anonymous said... :

    Burma Media Wash ၏ စေတနာစကား-
    (၁)ထောင်ထဲမှာတရားအလုပ် လုပ်ခွင့်ရလို့ ၀မ်းသာပါတယ်။တကယ်လည်းလုပ်ခဲ့တာသိရတော့ ၀မ်း
    မြောက်ဝမ်းသာ သာဓု အကြိမ်ကြိမ် ခေါ်ပါတယ်။
    (၂)ကျွန်တော်လည်း တရားအလုပ် လုပ်ပါတယ်။တရား
    အလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် လုပ်ချင်တယ်ဗျာ။အား
    ကြီးကိုလုပ်ချင်ပါတယ်။ဒါပေမယ့်..
    (၃)တကိုယ်တော်လွတ်မြောက်ရာကိုမသွားရက်ဘူးဗျာ။
    နိုင်ငံနဲ့လူမျိုးအတွက် လုပ်စရာတွေက တပုံကြီးရှိနေလေတော့၊လုပ်ရဦးမယ်။နိုင်ငံသားတယောက်ရဲ့တာဝန်ကကိုယ်စီရှိကြတယ်လေ။
    (၄)ဒါကြောင့် တိုင်းပြည်အတွက်ဝိုင်းလုပ်ပါဦးဗျာ။
    အထူးသဖြင့်ခင်ဗျားတို့ဘာတွေလုပ်ခဲ့ကြတယ်။ဘာတွေ
    ဖြစ်ခဲ့ကြတယ်ဆိုတာတွေကို နောင်လာနောက်သားတွေ
    သင်ခန်းစာယူနိုင်ဖို့ မှတ်တမ်းတင်ပေးစေချင်တယ်ဗျာ။
    (၅)စာရေးပြီးမှတ်တမ်းတင်ပေးရင်လည်းရပါတယ်။သို့မဟုတ် oral biography တဲ့။နှုတ်ပြောအတ္ထုပ်ပတ်တိ ဆိုတာ လုပ်ပါ့လားဗျာ။
    အဲဒါမျိုးလုပ်နေတဲ့လူငယ်လေးတွေရှိပါတယ်။ဆက်သွယ်
    ပေးပါ့မယ်။အဲဒါက ကိုယ်ပြောပြနေတာတွေကို ဗီဒီယိုသဘောမျိုး အသံရော အရုပ်ရော မှတ်တမ်းတင်မှာပါ။ကိုယ်လုံးမပြချင်ရင်ကျွန်တော်တို့နှစ်
    ယောက်ရှေးဟောင်းနှောင်းဖြစ်တွေထိုင်ပြောကြမယ်ဗျာ။
    အဲဒါတွေကိုကျွန်တော်စာနဲ့မှတ်တမ်းတင်ပေးပါ့မယ်။
    အနာဂါတ်တိုင်းပြည်နဲ့လူမျိုးကောင်းရာကောင်းကျိုးအ
    တွက်ရည်ရွယ်လုပ်ဆောင်တာမို့ ကုသိုလ်လုပ်ငန်းတစ်
    မျိုးပါ။ကုသိုလ်ပြုခဲ့ပါဗျာ။
    ( )အချုပ်ပြောချင်တာက ခင်ဗျားတို့ လက်နက်ကိုင်အာဏာပိုင်တွေကို တကယ်တော့ မုန်းခဲ့
    ပါတယ်။ရွံခဲ့ပါတယ်။စက်ဆုပ်ခဲ့တယ်။အော့နှလုံးနာခဲ့
    တယ်။အဲဒါကြောင့် အာဏာရှင်စနစ်ကျဆုံးရေးအတွက်
    ခင်ဗျားတို့ကို စုတ်ပြတ်သတ်အောင်ကို ဧရာဝတီဘလော့ဂ် ကနေေ၇းခဲ့တယ်။အဲဒီလိုေ၇းတိုင်း
    ကျွန်တော် စိတ်မကောင်းဘူးဗျာ။စိတ်ထိခိုက်တယ်။
    ကျူးကျော်လာတဲ့ရန်သူကိုမတိုက်ရပဲ၊ကိုယ့်ညီအစ်ကို
    မောင်နှမချင်းလည်လှီးနေရတာလားဗျာ။
    ( )အချုပ်လို့ပြောခဲ့ပေမယ့် ပြောချင်သေးယ်ဗျာ။တိုင်း
    ရင်းသားပြည်သူတွေအားလုံးအာဃာတမထားပဲ
    သဘောထားကြီးကြီးထားပြီးခွင့်လွှတ်သည်းခံညီညွတ်စွာချစ်ခင်စွာလက်တွဲပြီး နိုင်ငံရေးကုသိုလ်ကိုလုပ်ရင်းနဲ့
    ဓမ္မအလုပ်ကိုလည်းလုပ်ကြရအောင်ဗျာ။
    ( )လူချင်းလည်းတွေ့ချပ်ပါတယ်။ဧရာဝတီဘလော့ဂ်
    မာစတာ ကိုဇာနည် နဲ့ ကိုကျော်စွာ ကိုခက်ထန် တို့မှတဆင့် ပြန်လည်ဆက်သွယ်ပါလို့မေတ္တာရပ်ပါတယ်။
    ( )အီးမေးလိပ်စာတွေက ; ပထမလိပ်စာကသေချာပါတယ်။ဒုတိယလိပ်စာက မမှန်
    ဘူးထင်တယ်။ကျွန်တော်မှာ အမေ့ကြီး မေ့တဲ့ ရောဂါ
    ဖြစ်နေတယ်ဗျာ။
    ( )ကဲဗျာ.ကျွန်တော့်အီးမေးလ်လိပ်စာကိုပဲပေးပါတော့
    မယ်..။
    ( )လူချင်းတွေ့ချင်လိုက်တာဗျာ။အမျိုးသားပြန်လည်
    သင့်မြတ်ရေး၊ရင်ကြားစေ့ရေး ဆိုတာတွေလုပ်ကြရအောင်ဗျာ။ဓမ္မလည်းလုပ်ကြတာပေါ့
    ကျန်းမာချမ်းသာ၍နှလုံးစိတ်ဝမ်းအေးချမ်းပါစေ..

  1. Anonymous said... :

    အမြင်မှန်ရပြီး ဘုရားတရားနဲ့ချည်းသက်သက်မနေပါနဲ့
    ကိုယ်လုပ်မိတဲ့အမှားကြောင့်အဖြစ်မဲ့ပြည်သူဒုက်ခရောက်၊ ဘ၀ပျက်သူတွေကိုဝန်ချ
    တောင်းပန်းပြီးနောင်လာနောင်သားတွေ(တပည့်များ)
    ကိုအာဏာဆိုတာတခဏပါလို့ကိုယ်တွေ့
    ဖြစ်ရပ်ကို ဥပမာပေးဆုံးမ ပေးစေလိုပါတယ်။
    Burma media wash ရဲ့ comment ကိုထောက်ခံပါတယ်။

  1. Anonymous said... :

    နိုင်ငံအကျိုးကို ဆက်လက် ဆောင်ရွက်နေသူ တစ်ဦးပါ။ မကောင်းမူရှောင် ကောင်းမူဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့ ဘုရားဟောတဲ့ တရားကို လိုက်နာပြီး ပြည်သူ့ အကျိုးကို ဆောင်ရါက် သွားနိုင်ပါတယ်။

  1. Anonymous said... :

    burma media ပြောတာမှန်ပါတယ်...ပြီးခဲ့ တဲ့ အကြောင်းအရာတွေအပေါ်မှာ...ပြည်သူကိုပြန်လည်ပညာပေးသင့် ပါတယ်..အဲဒီအဖွဲ့ တွေကလူတော်တွေပါ..နိုင်ငံအတွက်အများကြီးအလုပ်တွေလုပ်နိုင်ပါသေးတယ်..ကြိုဆိုမှာပါပြည်သူတွေက..အားလုံးကိုပွင့် လင်းမြင်သာအောင်သာ..ဖြေရှင်းပေးလိုက်ကြပါ....

  1. WISE GUY said... :

    အခုမှ ဘာသာရေးတကယ်လိုက်စားနေသူကြီးပေါ့ . . . မသေခင်လေး ခင်ဗျားတို့ တန်ခိုးထွားခဲ့စဉ်က မတရားဖိနှိပ်ခဲ့တာ၊ နှိပ်ကွပ်ခဲ့တာလေးတွေလည်း ပြန်ဝေငှခဲ့ပါအုန်း။ ကျုပ်တို့ကို ကျောင်းထဲက မြက်ခင်းထဲမှာ ဖမ်းခါနီး ထိုင်ခိုင်းပြီးမှ စိန်ခေါ်ခဲ့တဲ့ ခင်ဗျားတို့ သတ္တိကို ဘယ်တော့မှ မမေ့ဘူး။ ကျုပ်ကတော့ 88-RIT မျိုးဆက်တယောက်အနေနဲ့ ဘယ်တော့မှ ခင်ဗျားတို့ လုပ်ခဲ့တာတွေကို မမေ့ဘူး . . . ။ ခင်ဗျား မသေခင်အထိ ညတိုင်း စိတ်ဖြောင့်ဖြောင့် အိပ်နိုင်ပါစေ . . . ။ အိမ်မက်ဆိုးတွေ ကင်းဝေးပါစေ . . .။

  1. Well, he is the one who is responsible for killing a lot of people . No thanks for him!

  1. Anonymous said... :

    The Diary of A MI Dog!

  1. Well many a good person's life has been destroyed cos of them! nw wt a remorse!
    They must pay what they have done to the people!

  1. Anonymous said... :

    ဥာဏ်နီဥာဏ်နက်များတဲ့သူမရှိပဲ တိုင်းပြည်မတိုးတက်နှိုင်ပါဘူး ဘယ်လိုနည်နဲ့တိုင်းပြည်ကောင်းအောင် လုပ်မလဲလို့ ဥာဏ်နီဥာဏ်နက်ထုတ် ကြိုးစားတဲ့ လူတိုင်းကိုတော့ ကြိုဆိုရမှာပါ သေချာတာက ဘယ်သူမှ 100 % ပြည့်အောင်မလုပ်နိုင်ကြပါဘူး။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ။ မြင်းစီးသားအဖ ကို ဝေဖန်ကြသလိုမျိုးတော့ ဘာပဲလုပ်လုပ် အားလုံးအမြင်မှာ မှန်နိုင်ကြမှာမဟုတ်ပါဘူး ။ အနှစ်ချုပ်က လက်ရှိအခြေအနေဟာ အရင်ကထက်အများကြီး တိုးတက်လွတ်လပ်လာတယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ နဲနဲလေးတော့ လွဲတာရှိမယ် ၊ကောင်းတာလေးတွေရှာကြံတွေး။ တွေးရုံသက်သက်ပါ ။ ဘယ်သူနဲ့မှ ဘာမှပါတ်သက်မှုမရှိတဲ့ သာမန်လူသက်သက်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved