ရွှေည၀ါဆရာတော်နဲ့ အင်တာဗျူး
Thursday, January 19, 2012
ဒီကနေ့ ညနေပိုင်းက တွေ့ရတဲ့ ရွှေည၀ါဆရာတော် (ဓာတ်ပုံ-ဧရာဝတီ)
ရွှေည၀ါ ဆရာတော်နဲ့ ဧရာဝတီသတင်းထောက် လင်းသန့် အင်တာဗျူး ဖြစ်ပါတယ်။
ဒီညနေ ၄း၀၀ ၀န်းကျင်မှာ အင်တာဗျူးတော့ ဆရာတော်က ဒီအင်တာဗျူးကို တခြားသတင်းသမားများ သတင်းဌာနများကို လက်ဆင့်ကမ်းဖို့ မိန့်ခဲ့ပါတယ်။
11 comments :
  1. Anonymous said... :
    အရှင်ဘုရား အတွက် တပည့်တော်မတို့ တွေ ကျောင်းဆောင်အတွက် လှူပါ့မယ်ဘုရား။ တပည့်တော်မတို့  ထိုကျောင်းအလှူကောင်းမှု့ ကို ပြုလုပ်ရတော့မယ်ဆိုပြီး သိရလို့ ဝမ်းသာမိပါတယ်ဘုရား။
    သဲကုန်းဆရာတော်ဘုရားကြီးတုန်းကတောင် လူဝတ်လဲခိုင်းခဲ့တာပါဘုရား
    အားမလျှော့ပါနဲ့ ဘုရား။ ဆက်ပြီးသာသ၁နာ ပြုနိုင်ပါစေဘုရား ။ ဦးတင်ပါတယ်ဘုရား
  1. MinAhPhay said... :
    I can not comment on that issue.
    But May I say . that is the good job of Irrawaddy.
    to get a audio clip of Monk and reporter voices. Well done.
    It will be better if audio clips of others can be obtained ( for instance , these days. .. You know who I am going to refer to .. ) so that people will ' feel their old scars ' . People will get ' flashback ' .
  1. Anonymous said... :
  1. ဦးသောဘိတာ said... :
    တရားဟောခြင်းနဲ့ အလွတ်သဘော ညြ၀ါဒပေးခြင်းကို မကွဲပြားဘူးထင်တယ်။ ၀န်ခံကတိထိုးကြရတယ်ဆိုတာ အာဏာနဲ့ မတရားသဖြင့်ထိုးခိုင်းတာပါ။တကယ်တော့ လိုက်နာစရာတောင်မလိုပါဘူး။ဘာလို့လဲဆိုတော့ သံဃမဟာနာယကအဖွဲ့က တရားဝင် သံဃာတော်များရဲ့ထောက်ခံမှုနဲ့ ဖွဲ့စည်းထားတာမဟုတ်လိွု့ပါ အာဏာရှင်အစိုးရများက စိတ်ကြိုက် ခေါင်းခေါက်ပြီး ဖွဲ့စည်းထားတာမို့ပါ။
  1. အရှင်ဘုရာရဲ့စိတ်ဓါတ်ရော လုပ်ရပ်ကိုပါလေးစားပါတယ်ဘုရား ။
  1. Anonymous said... :
    ငါ့အမြင်ကတော့ တိုင်းပြည့်ချစ်ရင် ကိုယ်လုပ်ပေးနိုင်တဲ့ နည်လမ်းတွေ အများကြီးရှိပါတယ်။ သံဃမဟာနာယကအဖွဲ့ကိုလည်း လေးစားပါတယ်။ ရွှေည၀ါဆရာတော်ကိုလည်း လေးစားပါတယ်။ စကားကို တဖက်သတ် ကြားတတ်တဲ့ နားဟာ မဆန်းကြယ်ပါဘူး။ နောက်ပြီး မလိုလားအပ်တာတွေကို စကားတွေနဲ့ မဖန်တီးစေချင်ပါဘူး။ အတိတ်ဖြစ်ရပ် အကြောင်းကိုလဲ သေချာမသိသူ၊ အသိဉာဏ်ပညာ စဉ်းစားချင့်ချိန်ဝေဖန်မှု အားနည်းသူတွေအတွက် အထင်မှားကာ မပြောသင့်တာ မရေးသင့်တာ မလုပ်သင့်တာ လုပ်မိကြရင် ပိုဆိုးကုန်မယ်။ ခေါင်းဆောင်ကောင်းမှန်ရင် စေတနာ မေတ္တာမှန်တဲ့ ဓမ္မလမ်းကြောင်းပေါ်က မွန်မြတ်တဲ့ စကားပဲ ဖြစ်သင့်ပါတယ်။ ထင်ရှားတဲ့သူတွေဟာ ရထားမောင်းသမားတွေလိုပဲ၊ သတိလက်လွတ်သွားတာနဲ့ နောက်ဆက်တွဲစီးလာသူတွေ အားလုံး ဒုက္ခရောက်သွားနိုင်တယ်။ အတ္တနောမတိအရ မြွေဖမ်းသမားတွေ ရှိနေတာကို သိနေရင်လဲ ခြေလှမ်းတွေ မမှားစေချင်ပါဘူး။ အားလုံး မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ မေတ္တာ ကရုဏာဂုဏ်တွေကို အာရုံပြုလို့ အများအကျိုးကို ကိုယ်တတ်နိုင်ရာ ကိုယ်စွမ်းနိုင်ရာက ဆောင်ရွက်ပေးနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
  1. Anonymous said... :
    ဆရာတော်ဘုရား....။ ဆ၇ာတော်ကြောင့် လူမှုအုံကြွမှုတွေမဖြစ်စေချင်ဘူးလို့ ပြောနေရုံနဲ့တင်မပြီးပါဘူးဘုရား။ လူမှုအုံကြွမှုတွေဖြစ်ပေါ်လာစေမယ့်ပြောဆိုမှု လုပ်ကိုင်မှုတွေကိုပါ ရှောင်ကျဉ်ရပါလိမ့်မယ်ဘုရား။အခုတော့ ဆရာတော် ပြောဆို လုပ်ကိုင်နေတာတွေက လူမှုအုံကြွမှုကို မဖြစ်စေချင်တာမျိုးမဟုတ်ပဲ ဖန်တီးနေသလိုမျိုး ဖြစ်နေပါတယ်ဘုရား။ ဒီမိုကရေစီလမ်းစကို အခုမ မသဲမကွဲမြင်ခါစပြုလာတဲ့ အခြေနေမှာလမ်းစတွေပြန်လည်ပျောက်မသွားစေချင်ဘူးဘုရား။ အားလုံးစည်းလုံးညီညွတ်စွာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းရမယ့် ခုလိုအချိန်မှာ မိမိရဲ့ ကိုယ်ရေးကိုတာတွေကိုသာ ဖြေရှင်းနေရတာနဲ့တင် အချိန်တွေမကုန်လွန်စေချင်ဘူးဘုရား။ခုလိုအချိန်မျိုးမှာ(သံဃာအချင်းချင်း) တဦးနဲ့တဦး နားလည်မှုတွေလွဲမှားစေနိုင်တဲ့ အပြောဆို အလုပ်ကိုင်တွေကိုလည်းမလုပ်စေချင်တော့ဘူးဘုရား။ အရှင်ဘုရားကို အကြောင်းပြုပြီး (မဟန)ဆိုတဲ့ သံဃာ အဖွဲ့စည်းကို ပစ်မှား နေကြတဲ့ လူထု ပရိသတ်လည်း များလှပါပီဘုရား။ ရဟန်းတစ်ပါးတည်းကို ပြစ်မှားတာဟာအကုသိုလ်ဖြစ်ဖို့အကြောင်းတရားနည်းပေမယ်လို့ သံဃာဆိုတဲ့ အဖွဲ့စည်း တခုလုံးကို ပြစ်မှားမိနေသူတွေအတွက် ဘယ်လောက်ထိအောင် အပြစ်ကြီးမားတယ်ဆိုတာ အရှင်ဘုရားသိမှာပါဘုရား။ အခုလက်ရှိ အရှင်ဘုရားရဲ့ ပြောဆို လုပ်ကိုင်မှုတွေက တပည့်ဒကာ၊ဒကာမတွေကို ကြီးမားတဲ့ အပြစ်တွေကို ကျူးလွန်ကျစေဖို့တွန်းအားပေးသလို ဖြစ်နေတယ်ဆိုတာကို အရှင်ဘုရား သတိထားမိပါရဲ့လားဘုရား။ အခု တပည့်တော်တို့ နိုင်ငံမှာ မွတ်ဆလင် တွေကလည်း သူတို့ဘာသာ သူတို့ လူမျိုးအတွက် ညီညွတ်စွာ တိုက်ပွဲတွေဝင်လာကြပြီ ညီညွတ်စွာ စုပေါင်းပြီး အခွင့်ရေးတွေ တောင်းဆိုနေကြပါပြီ အခုလို အချိန်မျိုးမှာ တပည့်တော်တို့ ဘာသာရေးခေါင်းဆောင်တွေက အချင်းချင်း ရန်ဖြစ်နေကြတုန်းပဲလားဘုရား။ အရှင်ဘုရားရဲ့ လုပ်ရပ်တွေဟာ (တပည့်တော်တို့ဘာသာရေးခေါင်းဆောင်တွေအချင်းချင်း ပြသနာတွေ ဖြစ်နေကြတဲ့အတွက်)ဘာသာခြားလူမျိုး ခြားတွေအတွက် ၀မ်းသာစရာ သတင်းကောင်းတွေဖြစ်နေသလို၊ တပည့်တော်များ ဗုဒ္ဒဘာသာဝင် များအတွက်လည်း ကြီးမားတဲ့ အကုသိုလ်တွေကို ကျူးလွန်ဖို့ တွန်းအားတွေပေးနေသလိုမျိုးဖြစ်စေပါတယ်ဘုရား။ အရှင်ဘုရားရဲ့ တိုင်းသူပြည်သား တပည့်ဒကာ၊ဒကာမများအပေါ် ထားရှိတဲ့ စစ်မှန်သော မေတ္တာများနဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ပါစေလို့ပဲ တပည့်တော်များဆုတောင်းနေပါတယ်ဘုရား။
  1. Anonymous said... :
    နိုင်ငံရေးဘက်ကို အားသန်ကြတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ဆရာတော်အခုလိုဖြစ်ရတာ မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတဲ့အတွက် နိုင်ငံရေးကြောင့် မတရားအလုပ်ခံရတယ်လို့ ထင်နေကြ၊ ပြောဆိုရေးသားနေကြတယ်။
    အမှန်က အဲဒီလို မဟုတ်ပါဘူး။ အဲဒီမတိုင်မီကတည်းက ဆရာတော်ကြီးတွေက ရွှေည၀ါဆရာတော်ကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားတာပါ။ ဒါကို ရွှေည၀ါဆရာတော်က မလိုက်နာဘဲ လက်တစ်လုံးခြားလုပ်ပြီး မန္တလေးNLDရုံးမှာ သြ၀ါဒပေးတယ်-ဆိုပြီး ဆရာတော်ကြီးတွေရဲ့ ပိတ်ပင်မှုကို သွေဖီလုပ်ဆောင်ခဲ့တာပါ။ လက်တစ်လုံးခြားဆိုတာ ရွှေည၀ါကိုယ်တိုင်ပြောတာပါ။ အဲဒီမှာ ဟောတဲ့ ခွေကို ပြန်နားထောင်ကြည့်ပါ။
    အခုလို ဖြစ်သွားတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။
    ဘယ်သူမပြု မိမိမှု လို့ပဲ ဆိုချင်ပါတယ်။
    နိုင်ငံရေးသမားတွေ ကိစ္စတစ်ခုကို ခြေခြေမြစ်မြစ် မသိဘဲ ၀င်ပါနေတာကလည်း ရွှေည၀ါဆရာတော်အတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားပါတယ် လို့ ဆိုရပါမယ်။
  1. အေး
    လူဆိုတာ ကိုယ်လွတ်သမားတွေပဲလားနော်၊ ကိုယ်တယောက်အတွက်အများကိုခုတုန်းလုပ်၊ ကိုယ်တယောက်အတွက် ကိုယ့်ကိုယ်ကို လူတွင်ကျယ်လုပ်၊ ကိုယ်တယောက်အတွက် ကိုယ်သက္ခာကိုစတည်း၊ ကိုယ်တယောက်အတွက်ပဲ ကိုယ့်ဘ၀တွေပျက်စီးကြတော့တာပါပဲ။ ဘယ်သူ့ကြောင့်လုတယ်လို့ပြောပေမဲ့ ကိုယ်လုပ်ချင်လို့လုပ်တာတွေပါ။ အင်အယ်လ်တီပဲဖြစ်ဖြစ်၊ ဦးသိန်းစိန်ပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလုပ်နေကြတာပါပဲ။ မကြာခင်အားလုံး ဘ၀နိဂုံးချုပ်ရမည်အတူတူ-- ကိုယ့်ဂုဏ်အတွက်၊ ကိုယ့်အလုပ်အတွက် လူထုကိုတော့ မစတည်းစေချင်ဘူး။ မျက်လှည့်မလုပ်ပါနဲ့။ နာလွန်းလို့ပါဗျာ။
  1. Anonymous said... :
    အခုဟာက စီးပွားရေးဘုန်းကြီးတွေက မျိုးချစ်ကိုယ်တော်
ိုကိုအနိုင်ကျင့်တာပါ၊ လူတွေခိုင်းတာလုပ်ရတဲ့ သင်္ကန်းဝတ်
    အရေခြုံတွေကြောင့် ဘာသာ သာသနာ ညှိုးနွှမ်းနေရတာ
    အားလုံးသိပါတယ်၊ ၀ိနည်းနဲ့ပါတ်သက်လို့ဆွေးနွေးချင်သပဆိုရင်ဆွေးနွေးလို့ရပါတယ်၊ တိုင်းပြည်ဆူပူအုံကြွမှုဖြစ်ရင်အရေခြုံတွေမှာ တာဝန်ရှိမှာဖြစ်ပါတယ်။
  1. ဒါလေး ဖတ်ကြည့်ပေးပါအုံး ကိုယ်တော်တို့ရယ် http://www.facebook.com/note.php?note_id=131286143651986
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved