အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန်လာတော့မည်ဟု ဆို

Wednesday, January 25, 2012

မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။ အဲ့ဒါကိုတော့ တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။

ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။

တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ပြည်မြန်မာ ဂျာနယ်
မှ ပြန်လည်ကူးယူဖော်ပြသည်။

10 comments :

  1. Anonymous said... :

    အလိမ်ခံရပေါင်းများနေလို့ မယုံရဲသေးဘူး။
    လျှပ်စစ်မီးတွေ တစ်နိုင်ငံလုံး ၂၄ နာရီ ရတော့မယ်ဆိုတာလဲ ပြောနေခဲ့တာ ကြာပါပြီ။ ရေလဲ မရ။မီးကလဲ ပျက်မြဲ။ဖုံးကလဲ သူများနိုင်ငံထက် အဆ၃ ထောင်ကကျာ်ပိုပေးရပေမယ့် လိုင်းကမကောင်း။အင်တာနက်မြန်နှုန်းက လိပ်က အဖေခေါ်ရတယ်။

  1. hla min said... :

    ဘာ ခုမှကြောက်ပါဘီလဲ
    စော စော ကပြောတော့တစ်မျိုး

  1. Anonymous said... :

    မင်းတို့ သောက်သုံးမကျတာတွေကို
    ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုး
    လုပ်မနေကြနဲ့
    တာဝန်ကို ကျေအောင်မလုပ်နိုင်ရင်
    သိက္ခာရှိရှိ တာဝန်ကနုတ်ထွက်ကြ
    မှိန်းစား လိမ်စား ဟောက်စား
    ခိုးစား တောင်းစား နေတာတွေ
    သံသရာအထိပါမယ် သေခါနီးအချိန်ကြ
    ခံရမပေါ့ကွာ

  1. Anonymous said... :

    တစ်လိမ်နှစ်လိမ်၊ ပွေလိမ်ရှုပ်တယ် ၊ လူညာကြီးပေါ့ကွယ်.....

  1. Anonymous said... :

    SE-ME-WE 4 တောင် လုပ်တုန်းရှိသေးတယ် SE-ME-WE 5 က Singtel က ဘယ်တော့လုပ်ပြီးမှာလည်း ဦးလေး ပင်စင်ယူပြီးမှလား? တိတိကျကျ သတင်းထုတ်ပြန်ပေးပါ

  1. chitmoethee said... :

    တကယ်ဆိုရင်တော့ တော်တော်ဝမ်းသာစရာကောင်းမဲ့ သတင်းပေါ့ဗျာ ကျေးဇူးလည်းတင်မိမှာ အမှန်ပါ ခုဦးလွင်နိုင်ဦး ပြောထားတာတွေကို တော်တော် သဘောကျတယ် စေတနာပါတယ်လို့လည်း ခံစားမိပါတယ် အကောင်အထည် မြန်မြန်ပေါ်ပါစေလို့ ဆုတောင်းနေပါတယ်

  1. ဒါကတော့ မှန်မယ်ထင်တယ်။
    စင်္ကာပူမှာ ရှိတဲ့ network company တစ်ခုဖြစ်တဲ့ lantrovision ကို မြန်မာပြည်မှာ ဖိုင်ဘာ ကြိုးတွေ နဲ့ NETWORK ကြိုးတွေ ဆွဲဖို့ ပြီးခဲ့ တဲ့ ၂ လလောက်က ခေါ်ခဲ့တယ်။မှန်မှာပါ။

  1. Anonymous said... :

    You know !!! That is problem of qualified staff, Who put there army AIDS people. Business head must be business man, engineering head must be engineer, Doctor head must be doctor. Army is only do for defend the country with, not qualified for country cases.
    Army know nothing, army eat the food from country people, must protect to people.

  1. JP said... :

    စိတ်လေပါတယ်ဗျာ အဲလိုပြောနေပေမယ့်လည်း စိတ်ညစ်ပါတယ် ကျနော်ဒီစာဖတ်တော့ ရီစရာ စာကြောင်းလေတွေ့တယ် “အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။

    ဒီစာကြောင်းလေးပါ အခု fiber လို့ပြောရမှာတောင်အားနာပါတယ်ဗျာ တကယ်ကို (လုံးဝ) အားနာပါတယ် နှေးလိုက်တာလွန်ရော လွန်ရော တစ်လထက် တစ်လ နှေးသွားတာပါ မြန်မလာပါဘူး မြန်တယ်ဆိုတာ ကလည်း စပေးတဲ့အချိန်လောက်ပါ အခုတော့ fiber လည်း ပုဂံပြားပါပဲ ခစ်ခစ်ခစ်ခစ် စိတ်လေတယ်လို့ စိတ်လေတယ်

  1. Anonymous said... :

    ဆိုးသဟ SEA-ME-WE5 ဆိုဘဲ မြန်မာပြည်ကအရင်သုံးမှာဆိုဘဲ...ဘယ်ဆီနေမှန်းမသိသေးဒဲ့ SEA-ME-WE5

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved