“ကျမတို့နိုင်ငံမှာ အလွန်လှပတဲ့ ပတ်ဝန်းကျင် ရှိပါတယ်”

Friday, January 27, 2012

ဒီမနက် ပြုလုပ်တဲ့ ရန်ကုန်မြို့ ဓာတ်ပုံပြပွဲ ဖွင့်လှစ်ခြင်း အခမ်းအနားတခုကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီ ပင်မ စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

မြတ်မိုး


ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။

“ကျမတို့နိုင်ငံမှာ အလွန်လှပတဲ့ ပတ်ဝန်းကျင် ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်ကို မထိန်းထားရင် ခဏလေးနဲ့ ပျက်သွားမှာပါ။ အခြားနိုင်ငံတွေမှာ ဘယ်လိုပျက်စီးသွားတယ် ဆိုတာ သင်ခန်းစာယူပြီး ကျမတို့နိုင်ငံ နောက်မကျမီ ထိန်းသိမ်းရမှာပါ” ဟု အခမ်းအနားဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းအခမ်းအနားတွင် မြန်မာ့ ရေတိမ်ဒေသအကြောင်း စုစည်းထားသည့်စာအုပ် ၂၀၀၀ ကျော်နှင့် CDများကို ထူး ဖောင်ဒေးရှင်းမှ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဓာတ်ပုံဆရာ ၂၁ တို့ဦး၏ ရှားပါးငှက်များ၊ ရေဝေရေလွှဲများ စသည့် ဓာတ်ပုံများ ပြသသွားမည်ဖြစ်သည်။





4 comments :

  1. Anonymous said... :

    မင်းတို့ဧရာဝတီကကောင်တွေကဘာကောင်တွေလဲကွတိုင်းပြည်တိုးတက်တာကိုမမြင်ချင်ကြဘူးလား မင်းတို့အတွက်ပဲကြည့်နေကြတာလားကွ

  1. Anonymous said... :

    အမေစုကလည်း တစ်တိုင်းပြည်လုံးသွားမကြည့်ပဲ ပြောနေ
    ပြန်ပြီ..ဘာမှမရှိတော့ဘူး..ဘာမှမလှတော့ဘူး..
    အပင်မရှိရေမရှိ မီးမရှိ..ဖုတ်ထူ နေပူ လမ်းကြမ်း ..
    ဘယ်မှာမှမလှဘူး..ငရဲပြည်ဖြစ်နေတာ...
    မဆလ န၀တ နအဖ တွေနဲ့ သစ်မှောင်ခိုအပေါင်းအပါတွေ
    ခိုးထုတ်လို့ကုန်ပြီ..
    အပင်ဆိုလို့ မြေဇာပင်လောက်ပဲကျန်တာ..

  1. Anonymous said... :

    မလှတော့ဘူး အမေစုရေ သဘာဝတွေဆုံးရှုံးသွားပြီး။

  1. ငစိုး said... :

    ဧရာဝတီက လူတွေကိုဘာကြောင့် တိုက်ခိုက်ချင်တာလဲ ဧရာဝတီမရှိရင် မြန်မာပြည် ခြောက်သွေ့ သွားလိမ့် မယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved