ဘန်ကောက် ကားပြပွဲ

Tuesday, January 10, 2012


Thailand International Motor Expo ကား အရောင်းပြပွဲ မှတ်တမ်းပုံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Muang Thong Thani လို့ ခေါ်တဲ့ ဘန်ကောက်မြို့ ဆင်ခြေဖုံး တနေရာမှာ ပြုလုပ်ခဲ့တာပါ။ (photos: Bangkok Post)

မနှစ်တုန်းကအတွေ့အကြုံအရဆိုရင် ဒီပွဲမှာ ကားအရေအတွက် သုံးသောင်းလောက် အော်ဒါရမယ်လို့ ရည်မှန်းခဲ့တာပါ။ ဒါပေမယ့် ဘန်ကောက်မြို့ ရေဘေး အကြီးအကျယ် ကြုံခဲ့ရတာကြောင့် အဲဒီလောက်အထိ အလုပ်မဖြစ်ခဲ့ပါဘူး တဲ့။ (အော်ဒါပေါင်း 27,021 ခု ရခဲ့တယ် ဆိုတော့ မဆိုးဘူးလို့ ဆိုနိုင်တာပေါ့လေ)

အရောင်းပြပွဲမှာ ယာဉ်အမျိုးအစား ၄၀ ကျော် ပါဝင်ပါတယ်။

Nissan က အော်ဒါ အရဆုံးပဲ၊ အမှာစာပေါင်း ၄၇၁၁ ခု ရခဲ့တယ်လို့ ဆိုတယ်။

(ပြိုင်ဘက် Toyota က အော်ဒါ လုံးဝ မရခဲ့ပါဘူး တဲ့။ ဘယ်ရမလဲ၊ ထိုင်းမှာ ရှိတဲ့ Toyota ကားစက်ရုံတွေ ရေဘေးဒဏ်ခံရတာကိုး။ ဟွန်ဒါစက်ရုံတွေလည်း လအတန်ကြာ ပိတ်ခဲ့ရပါတယ်။ ဒါကြောင့် ဟွန်ဒါက အော်ဒါမှာသူတွေကို နည်းနည်းနောက်ကျပြီးမှ ပို့ပါ့မယ်လို့ ဆိုထားပါတယ်)

တခြား အရောင်းသွက်တဲ့တံဆိပ်တွေကတော့ Mazda, Ford, Isuzu, Mitsubishi

အရောင်း မသွက်ဆုံးထဲမှာတော့ BMW နဲ့ Mercedes-Benz တို့လို ဇိမ်ခံကားအမျိုးအစားတွေ ပါပါတယ်။

ကားဟောင်းရောင်းတာ၊ ကားပစ္စည်းရောင်းတာတွေပါ ပေါင်းလိုက်ရင် ဒီပြပွဲက ထိုင်းဘတ်ငွေ ၂၉.၅ ဘီလီယံဖိုး ရောင်းရခဲ့တယ်လို့ ဆိုတယ်။


ညွှန်း - http://business.inquirer.net






1 comments :

  1. Anonymous said... :

    အမေ့သားဘဂျမ်းဆီမှာ ၂ ပုံတွေ့ တယ် http://www.flickr.com/photos/mmboyz/sets/72157628808767849/

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved