"အထူးဝမ်းသာပီတိကြည်နူးမှုဖြစ်ရ"

Thursday, January 19, 2012

ဧရာဝတီ ရုပ်သံ http://video.irrawaddy.org/2012/01/letter-of-thanks-to-burmese-president.html မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်တဲ့ စာပါ။
ဒီကနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတကြီးရဲ့ လုပ်ဆောင်ချက်များကြောင့် ဘန်ကောက်ရောက် မြန်မာပြည်သားတို့က "အထူးဝမ်းသာပီတိကြည်နူးမှုဖြစ်ရ"ပါတယ် ဆိုတဲ့အကြောင်း မြန်မာသံရုံးကို ပို့ထားတဲ့စာပါ။

ခေါင်းစဉ်မှာတော့ အလုပ်သမားများက အိတ်ဖွင့်ပေးစာ ပေးတယ်လို့ ဆိုထားတယ်။

2 comments :

  1. ကျွန်မတော့ဒီအိတ်ဖွင့်ပေးစာဆိုတာ တကယ်ဘဲထိုင်းနိုင်ငံရောက်အလုပ်သမားကပေးသလားဆိုတာ သံသယ ဖြစ်ပါတယ်။
    အမြဲတန်းအုပ်ချုပ်သူအစိုးရရဲ့အာဘော်နဲ့ဝါဒဖြန့်တာကိုသာအစဉ်တစိုက်အသာပေးဖေါ်ပြပေးနေကြ နိုင်ငံပိုင်သတင်းစာမှာ ဒီလိုဖေါ်ပြတာမို့ ပိုပြီးမယုံကြည်နိုင်ပါဘူး။ဒါမျိုးတွေက လံကြုတ်တွေ လိမ်စဉ်တွေလုပ်နေကျမို့ ။ ကျွန်မတို့တိုင်းပြည်မှာ ကြိုးနီစနစ်နဲ့ အာဏာရှင်စနစ် တဖြည်းဖြည်းလျှော့လာပြီဆိုပေမယ့် ဖျာပုံမှာ လွတ်လပ်ရေးနေ့ဈေးရောင်းပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးက စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စည်းကမ်းတွေအမျိုးမျိုးလုပ်ခဲ့တာဘဲကြည်တော့။ အပေါ်ကလူတွေကမသိဘဲ အောက်ကနေ ရွှေဖေါ့ရိုးနဲ့ဆုံးမနေတာတွေက ခေါက်ရိုးကျိုးနေစဲပဲလား။ ပြည်သူတွေကို မျက်လုံးစုံမှိတ်ပြီးလိမ်နေတဲ့ အကျင့်တွေပြင်ဖို့ကောင်းပြီ။

  1. Anonymous said... :

    ထိုင်းနိုင်ငံက အလုပ်သမားတွေပေးတာမဟုတ်ပါဘူး
    ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အတိုက်အခံ အဖွဲ့အစည်းအချို့ကပေးတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved