ဆရာဝန်ကိုစော်ကားခြင်းမဟုတ်ပါ... တဲ့

Monday, January 23, 2012


တနှစ်မှာ ဆရာဝန်ပေါင်း ထောင်နှင့် ချီပြီး ဖြစ်နိုင်ပေမယ့် အနုပညာရှင်တယောက် ဖြစ်ဖို့က မလွယ်ဘူး ဆိုတဲ့ သရုပ်ဆောင် မော်ဒယ်လ် စံရတီမိုးမြင့်ရဲ့ ပြောဆိုချက်ကို ဝေဖန်သံတွေ ညံခဲ့ပါတယ်။ အခု သူ့ရဲ့ ပြန်လည်ရှင်းလင်းချက် ထွက်လာပါပြီ။
မနေ့က စံရတီမိုးမြင့် facebook မှာ အခုလို ဖော်ပြထားတာပါ-

"အားလုံးကိုကျေးဇူးတင်ပါတယ်..
တောင်းပန်တာကိုလက်မခံဘဲ
ပြောဆိုသောအစ်ကို..အစ်မများကိုလည်း
ကျေးဇူးတင်ပါတယ်..
ပြောမိသောစကားများမှာဆရာဝန်ကိုစော်ကားခြင်းမဟုတ်ပါ...
သို့သော် ဂျာနယ်တွင်ပါလာသည်မှာ
စော်ကားမိသလို
ဖြစ်နေသည့်အတွက်လည်း
တောင်းပန်ပါတယ်..
ဒီဆေးလောကတင်သာမက
အခြားခြားသောလူမှုရေးလုပ်ငန်းများမှာလည်း
တတ်နိုင်သည့်ဘက်ကပါဝင်ကူညီသွားရန်လည်း
အစတည်းကစိတ်ကူးရှိပြီးဖြစ်ပါတယ်...
နောက်တစ်ခုက
အနုပညာရှင်ဆိုတာနဲ့  sponsor နဲ့ တွဲမမြင်စေချင်ပါဘူး..အနုပညာ ရှင်တိုင်းမှာsponsor ရှိတယ် ဆိုတာ့ဖြစ်နိုင်ပါတယ်..နောက်ကွယ်ကနေသူတို့ ကိုထောက်ပံ့ပေးတာ တစ်ခြား သူစိမ်း တစ်ယောက်ဖြစ်နိုင်သလို သူတို့ မိဘတွေလည်းဖြစ်နိုင်တယ် ဆိုတာကိုတော့ တွေးပေးစေချင်ပါတယ်....
"












22 comments :

  1. Anonymous said... :

    it is very likely a model can be a " Hooker" too .

  1. Anonymous said... :

    တောင်းပန်လိုက်တာများကွာ တလောကလုံး ဗြောင်းဆန်နေတာပဲ။

    ပုံတွေကြည့်ပြီး စိတ်ပြေသလိုလိုပဲ

    :D :D

  1. Anonymous said... :

    ဒီလိုတောင်းပန်မှတော့ ကြေအေးရတော့မှာပေါ့။ စိတ်မရှိတော့ပါဘူးကွယ်။ ကလေးမ ပြောချင်တာသာ ပြောပါတော့ ခွီးခွီး။ လူကြီးတွေက တောင်းပန်ရလွယ်ပါတယ်

  1. Exo Chick said... :

    မ ရှင်း တာ မှ ပို ကောင်း မယ် ထင် တယ် အ နု ပ ညာ ရှင် ဆို တာ ပါ: နပ် စွာ ဖြေ ရှင်း တတ် ပြော တတ် ဖို့ လို ပါ မယ် အ မှန် တိုင်း ဆို မြန် မာ ရုပ် ရှင် အ နု ပ ညာ ရှင် အ ဆို တော် တိုင်း နီး ပါ ပ ရိတ် သတ် ကို လိမ် နေ တာ ပါ ဘဲ သူ တို့ ရဲ့ အ ခြေ အ နေ မှန် ကို ချ ပြ တယ် ဆို တာ မ ရှိ ပါ ဘူ: ဟန် ဆောင် နေ ကျ တာ ပါ ။BTW , MRTV4 မှာ အ နူ ပ ညာ ရှင် နေ့ စဉ် ဘ ဝ ဆို တဲ့ program ရှိ ပါ တယ် တတ် သစ် စ တွေ လည်း ပါ သ လို ဝါ ရင့် တွေ လည်း ပါ တတ် ပါ တယ် အ ချို့ တတ် သစ် စ တွေ က သူ တို့ နေ တဲ့အိမ် ပ ရိတ် သတ် ကို ချ ပြ ရ မှာ ရှက် ပုံ ပေါ် ပါ တယ် အ ဒီ တော့ Hotel room ကို အ ခန်: ပုံ လုပ် ပြီ: ရိုက် ရ ပါ တယ် ။ ဒါ တွေ တ နေ့ ပ ရိတ် သတ် သိ မှ ထိ မယ် ထင် တယ်

    ဟန် ဆောင် မှု ကင်း သော အ နူ ပ ညာ ရှင် များ ဖြစ် ကျ ပါ စေ

  1. Anonymous said... :

    အလကား... ဆေးကျောင်းသား ဆေးကျောင်းသူတွေ အဖြစ်သဲနေကြတာပါ။ တကဲ့ဆရာဝန်တွေက ဘာမှအထိနာမနေပါဘူး။ သူပြောတာတွေမှန်နေတာပဲကို။ မြန်မာပြည်မှာ တစ်နှစ်ကို ဆေးကျောင်းကအောင်တဲ့ လူတွေတစ်ထောင်မက ထွက်ပါတယ်။ ပြီးတော့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အနုပညာရှင်လိုပြောတာမှာ ရုပ်ရှင်မင်းသား မင်းသမီးကိုပဲပြောတာ မဟုတ်ပါဘူး။ ဆရာရေးဆရာတွေ ပန်းချီဆရာတွေပါ ပါပါတယ်။ ဆေးကျောင်းက ၆နှစ်လောက် စာကျက် ကျောင်းတက်ရင်ရပါတယ်။ အနုပညာရှင်က ၁၀နှစ်လောက်သင်လဲ တကယ့်ပါရမီပါမှရမှာပါ။ ပြီးတော့ ဆေးကျောင်းကလူတွေက သူတို့စာအများကြီးကျက်ရတယ်လို့ ပြောပါတယ်။ အဲ့ဒါက မြန်မာပြည်က တခြားကျောင်းတွေနဲ့ ယှဉ်လိုက်လို့ပါ။ တခြားကျောင်းတွေက သိပ္ပံနဲ့မဆိုင်လို့ပါ။ သိပ္ပံနဲ့ဆိုင်တဲ့ကျောင်းတိုင်း စာအများကြီးကျက်ရပါတယ်။

  1. Anonymous said... :

    အနုပညာသမားဆိုတာ..သူတို့ဘာလုပ်လုပ်...လူတွေအာလုံးမြင်နေရတယ်။..စကားပြောရင်..လွတ်ကနဲမပြောသြင့်ဘူးပြောတုန်းကပြောပြီးပြန်ရှင်းကြတဲ့သူတွေမနည်းဘူး..
    ဒီလိုမလုပ်သင့်ဘူး....ပြောရင်လည်းပါးနပ်ရတယ်

  1. Anonymous said... :

    အဲဒါ....ဗမာသရုပ်ဆောင်လား ...ကိုရီးယား သရုပ်ဆောင်လား ....

  1. Anonymous said... :

    So cute, yes though I am a Specialist doctor, I wont get angry with u as you are so so sweet

    He He

  1. Anonymous said... :

    အခြားဘာသာရပ်တွေ ၄ နှစ်တက်လို့ ဘွဲ့ရတယ်။ သူတို့မှာ ၇ နှစ်လောက် တက်မှ ဘွဲ့ရတာ။ ဒီလို ဥာဏ်မမှီတဲ့လူတွေပဲ ဆရာဝန်လုပ်နေတာ

  1. moemin said... :

    ဆရာဝန်တွေဆိုတဲ့ နေရာမှာ တစ်နှစ်တစ်နှစ် အင်ဂျင်နီယာတွေ(သို့)ရှေ့နေ(သို့)ရေကြောင်းသဘောင်္သား(သို့)ဆရာမ ထောင်နဲ့ချီပြီး ဖြစ်ပေမယ့်အနုပညာရှင်တစ်ယောက်ဖြစ်ဖို့က ခဲယဉ်းတယ်လို့ ပြောခဲ့ရင်လည်း အခုအပြောခံရတဲ့ဆရာဝန်တွေ နေရာမှာ အင်ဂျင်နီယာတွေရှေ့နေတွေ သဘောင်္သားတွေ ဆက်ဆက်ထိမခံ နာကြမှာပဲလေ...လူဆိုတာက ကိုယ်ကိုတိုင် ခံစားရတော့မှပဲ ကိုယ်ချင်းစာတတ်ကြတာပါ...Professional နယ်ပယ်တိုင်းဟာ သူ့ဟာနဲ့သူတန်ဖိုးရှိကြပါတယ် တခုနဲ့တခု နှိုင်းယှဉ်လို့ကောင်းတဲ့ အရာတွေ မဟုတ်ကြပါဘူး.အခုခေတ်ကြီးထဲမှာ ဆရာဝန်မှ ပေါသောနေတာ မဟုတ်ဘူး အင်ဂျင်နီယာ သဘောင်္သား ရှေ့နေ အကုန်လုံးက ပေါသောနေတာပဲလေ ဆရာဝန်ကိုချည်းပဲ လာမတိုက်ခိုက်ချင်ပါနဲ့...

  1. Anonymous said... :

    ခုချိန်မှာ တစ်နှစ်တစ်နှစ်ကို အင်ဂျင်နီယာတွေ(သို့)ရှေ့နေတွေ(သို့)ရေကြောင်းသဘောင်္သားတွေ ထောင်ချီဖြစ်နေပေမယ့်အနုပညာရှင်တယောက်ဖြစ်ဖို့ခက်ခဲတယ်လို့ မင်းသမီးတယောက်ယောက်ကသာ ပြောကြည့် အင်ဂျင်နီယာတွေ ရှေ့နေတွေ ရေကြောင်းသဘောင်္သားတွေ ဆက်ဆက်ထိမခံ နာကြမှာပဲလေ။လူဆိုတာက ကိုယ်တိုင်ခံစားမှပဲ ကိုယ်ချင်းစာတတ်ကြတာ။Professionalနယ်ပယ်တိုင်းက တန်ဖိုးကိုယ်စီရှိကြတာပဲ နှိုင်းယှဉ်လို့ရတဲ့အရာတွေ မဟုတ်ဘူး...

  1. Anonymous said... :

    ခုချိန်မှာ ဆရာဝန်တွေ ချည်းပဲပေါသောနေတာမဟုတ်ဘူး အင်ဂျင်နီယာတွေ ရှေ့နေတွေ ရေကြောင်းတွေ အကုန်လုံးကို ပေါသောနေတာပဲ...ကိုယ့်ရဲ့Professionalအလုပ်က အဲလို ပေါသောနေတယ်လို့လာပြောရင် လူတိုင်းက နာကြမှာပဲလေ...ဆရာဝန်ပဲဖြစ်ဖြစ် အင်ဂျင်နီယာပဲဖြစ်ဖြစ် နယ်ပယ်တိုင်းမှာ ညံ့တဲ့သူ တော်တဲ့သူ ဆိုးတဲ့သူကောင်းတဲ့သူ ဒွန်တွဲနေကြတာပဲလေ...

  1. ကဲဟုတ်ပါပြီဆရာဝန်ဖြစ်ဖို့ကခက်တယ်ထားပါဦးအဲဒီဖြစ်ပြီးသားဆရာဝန်တွေကိုပဲကြည့်ပါ။နယ်စွန်နယ်ဖျားကိုဘယ်နှစ်ယောက်လောက်များဆင်းသွားပြီးအလုပ်လုပ်နေကြပါသလဲရန်ကုန်မှာနေနောက်နိုင်ငံခြားထွက်ဖို့ပဲလုပ်နေကြတာမလား။တာဝန်ထမ်းဆောင်တဲ့ဆရာဝန်တွေကလဲပိုက်ဆံမပါတဲ့လူနာကိုဆေးကုမပေးတာပြည်သူတွေအားလုံးသိပါတယ်ဗျာ။ဒီတော့အလကားဆရာဝန်တွေကဘာမဟုတ်တဲ့စကားတခွန်းကိုထည့်ပြီးစကားကြီးစကားကျယ်တွေမပြောပါနဲ့အလုပ်နဲ့သက်သေပြရအောင်ကျုပ်တို့မြို့ကိုလာပြီးလုပ်အားဒါနအဖြစ်သာလာပြီးပေးပါတော့။ကျုပ်တို့နယ်မှာလူပေါင်းနှစ်သိန်းကျော်ရှိပါတယ်ဆရာဝန်ကသုံးယောက်တည်ရယ်မလုံလောက်ပါဘူး။ကျုပ်ပြောတာရှင်းပါတယ်နှော်။

  1. Anonymous said... :

    ပုရွက်ဆိတ်တွင်လည်းသူသဘာဝအလျှောက်အစွမ်းရှိ-ဆင်-ခြင်သေ့တို့သည်လည်းသူသဘာဝအလျှောက်အစွမ်းကိုယ်စီရှိကြပါသည် လူတိုင်းအစွမ်းကိုယ်စီ-အလှကိုယ်စီရှိကြပါသည် မိမိကြောင့်တစ်ပါးသူများ စိတ်အနှောင့်အယှက် မဖြစ်ပါစေနှင့် ကိုယ်ချင်းစာပြီးမှပြောပါ

  1. Exo Chick said... :

    ဆ ရာဝန် ပေါ တယ် ဆို တာ Micro level, urban level မှာ ဖြစ် ပါ လိမ့် မယ် တစ် နိုင် ငံ လုံး အ တိုင်း အ တာ နဲ့ ယှဉ် ရင် အ ရေ အ တွက် အ တော် လို ပါ သေး တယ်။ ဆေး ကျောင်: တတ် ပြီ: ဆ ရာ ဝန် မ လုပ် ဖြစ် ရင် တော့အ ခြာ: လူ တ ယောက် အ တွက်နေ ရာ တ နေ ရာ ရော သန်: 60 သော ပြည် သူ တွေ အ တွက် ပါ နင့် နာ တယ် ထင် ပါ တယ်။

  1. Anonymous said... :

    အားလုံးက အပုက်ကောင်သရူပ်ထားတွေပါ

  1. mgmg said... :

    ကိုယ့်အလုပ်ကိုယ်လုပ်တာမဟုတ်ဘူး သူများလိုက်ပုတ်ခတ်နေ အများကအာရုံစိုက်စေချင်လဲနည်းလမ်းရှိမှာပါ စိတ်ပါလို့ပြောပြော မပါလို့ဘဲပြောပြော ပုတ်ခတ်ပြောဆိုတာကတော့ မကောင်းဘူးပေါ့

  1. Anonymous said... :

    ဟုတ်တယ် ဆရာဝန်တွေတာများတာတကယ်တော့အရေအချင်းရှိတာနည်းတယ် ၊။

  1. Away youte thar said... :

    Hey guys, first of all, this is not the time to fight each other, but this is the time to cooperate each other and build our country's future together. Second of all, everybody has its own values,and no one is better than any others. The important thing is to take own responsibilities. Third of all, it isn't difficult to be whatever you want if you have strong desire, however, it is really difficult to get success in the fields, and the most difficult is to maintain the success. Lastly, please remind that everybody is equal. I wish all people in Myanmar love each other, help each other, share each other, and may Myanmar be the most wonderful land in the world.

  1. အနုပညာရှင်မဖြစ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်ပါတော့မယ့်....အနုပညာရှင်မလေးရယ်.....

  1. Anonymous said... :

    အောက်မှာ ကွင်းစကွင်းပိတ်နဲ့ ပြထားတာ တစ်ကယ်အဆင့်မရှိ၊သူများတွေကို ပုတ်ခတ်တတ်တဲ့ လူစားမျိုးတွေ ရေးတတ်တဲ့ comment တွေပါ။ နားမလည်လို့ပါ။ ဒီPost က တောင်းပန်တာကို သိစေချင်တာလား။မော်ဒယ်ကို ဓာတ်ပုံတွေ ဝေေ၀ဆာဆာ ဖော်ပြပြီး ကြော်ငြာပေးနေတာလား။
    ( Anonymous said...
    အလကား... ဆေးကျောင်းသား ဆေးကျောင်းသူတွေ အဖြစ်သဲနေကြတာပါ။ တကဲ့ဆရာဝန်တွေက ဘာမှအထိနာမနေပါဘူး။ သူပြောတာတွေမှန်နေတာပဲကို။ မြန်မာပြည်မှာ တစ်နှစ်ကို ဆေးကျောင်းကအောင်တဲ့ လူတွေတစ်ထောင်မက ထွက်ပါတယ်။ ပြီးတော့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အနုပညာရှင်လိုပြောတာမှာ ရုပ်ရှင်မင်းသား မင်းသမီးကိုပဲပြောတာ မဟုတ်ပါဘူး။ ဆရာရေးဆရာတွေ ပန်းချီဆရာတွေပါ ပါပါတယ်။ ဆေးကျောင်းက ၆နှစ်လောက် စာကျက် ကျောင်းတက်ရင်ရပါတယ်။ အနုပညာရှင်က ၁၀နှစ်လောက်သင်လဲ တကယ့်ပါရမီပါမှရမှာပါ။ ပြီးတော့ ဆေးကျောင်းကလူတွေက သူတို့စာအများကြီးကျက်ရတယ်လို့ ပြောပါတယ်။ အဲ့ဒါက မြန်မာပြည်က တခြားကျောင်းတွေနဲ့ ယှဉ်လိုက်လို့ပါ။ တခြားကျောင်းတွေက သိပ္ပံနဲ့မဆိုင်လို့ပါ။ သိပ္ပံနဲ့ဆိုင်တဲ့ကျောင်းတိုင်း စာအများကြီးကျက်ရပါတယ်။
    Anonymous said...
    အခြားဘာသာရပ်တွေ ၄ နှစ်တက်လို့ ဘွဲ့ရတယ်။ သူတို့မှာ ၇ နှစ်လောက် တက်မှ ဘွဲ့ရတာ။ ဒီလို ဥာဏ်မမှီတဲ့လူတွေပဲ ဆရာဝန်လုပ်နေတာ ) No Standard People

  1. Anonymous said... :

    What is myanmar doctor after 1988? Who can see, are they working in which country and where? Sorry I just asked .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved