ပျက်ပြဲသွားသော ခရမ်းပြာ နှစ်ပွင့်သို့ 

Wednesday, January 25, 2012


ဇေမှိုင်း၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၂
ပြုတ်ထွက်သွားတဲ့ သွားအစုံအတွက်
၁၀ နှစ်ကျော် ညီးတွားနေခဲ့ရတာ
ပဲထမင်းနဲ့  မနက်စာ
ခဲတွေပါလာတော့
ပါးစပ်ထဲက ငုတ်တုတ်မေ့နေရတဲ့
သွားဖုံးတွေနဲ့ လိမ့်ကြိတ်
မကြာခင်အတွင်း ထမင်းဝပြီဆိုတော့
စုတ်ပြတ်သွားတဲ့ သွားဖုံးတွေက
ပါးစောင်ထဲ ပစ်ခတ်ကြပြန်ရော….။
အဲဒီလိုကြီး
ဒီခရီးမနီးပါ
ဆယ်စုနှစ်အတွင်းမှာ
ခင်ဗျားကို ဘယ်သူကြင်နာခဲ့ကြပါလိမ့်
သစ်ကြုတ်ဥပုသ်စောင့်တဲ့နေ့ မှာ
ခင်ဗျားအိမ်ပြန်ခဲ့ရတယ်...။
ခင်ဗျားလိုပဲ
ရဲဘော် ဇော်လင်းထွန်းကတော့
သူ့ နှလုံးသားကို
ဟောဒီ မြေကြီးအတွက်
မြှုပ်နှံခဲ့
အခုလည်း
ခင်ဗျားက ဒီမြေကြီးထဲ
ကိုယ့်ကိုကိုယ်ထိုးကြ
ထွန်သွားတွေရဲ့ နင်းထိုးမှုကို ခံလိုက်ရပြန်ပြီ…။
သေချာတယ်
ဘယ်သူ… ဘယ်အမျိုးကောင်းသား..
ခင်ဗျား ဈာပနမှာ
ပန်းတခြင်း ကဗျာတပုဒ်
လွမ်းဇာတ်မဆိုချင်နေပါ့စေ
အနုံညာတပြည်သူတွေ အတွက်
ခင်ဗျားတို့ က
အရုဏ်တက်စေခဲ့တာ…။

(စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲက ထွက်လာပြီး ရက်အနည်းငယ်အတွင်း ကျဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသား ၂ ဦး ကို အလေးပြုပြီး ရေးတဲ့ ကဗျာဖြစ်ပါတယ်)
ညွှန်း - http://moemaka.blogspot.com/

5 comments :

  1. Anonymous said... :

    ရဲဘော် ကိုသက်နွယ်(ခ)ကိုငြိမ်းလူ နဲ့  ရဲဘော်ကိုဇော်လင်းထွန်းတိုနဲ့ အတူ ထောင်တွင်းထောင်ပြင်မှာကျဆုံးသွားတဲ့ ကျနော်တို့ ရဲ့ ရဲဘော်အားလုံးကို လေးစားဂုဏ်ယူပါတယ်။ ဘ၀ဆက်တိုင်း လူသတ်စစ်မုဒိမ်းကောင်တွေအားလုံးကို ပြန်လည်ပြီး ကိုယ့်လိုမျိုးပြန်လည်ခံစားစေရမယ်။ စစ်မုဒိမ်းကောင်တွေ ရဲ့ လက်ချက်နဲ့ မတရားဖိနှိပ် ညှင်းပန်းပြီး ကျဆုံး ကွယ်လွန်သွားတဲ့ ရဲဘော်အားလုံးကောင်းရာသုဂတိလားပါစေ။

  1. Anonymous said... :

    sad.

  1. Anonymous said... :

    I want to know about him.
    His activity,biography and why he was suffered by those cruelest people??????
    I felt so sad!

    May god bless you Ko Thet Ngwe!!!

  1. Anonymous said... :

    May I know Ko Nyein Lu was from KhaYannPyar Hostel?
    I mean the hostel near Hle-Dan, about 40 years ago..
    Please...

  1. MayHla said... :

    Keep all of ' em.
    one day, it will be useful to send those committed to trial.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved