ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့

Sunday, January 15, 2012

လွတ်မြောက်လာပြီးနောက် မဂ္ဂင်ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ရွှေဝါရောင် သံဃာ့အရေးအခင်းခေါင်းဆောင် ဥူးဂမ္ဘီရ

ဥူးဂမ္ဘီရနဲ့အမေးအဖြေ -

အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေလျှောက်မလုပ်နဲ့
Yangon Press International ရဲ့ ဖေ့်စ်ဘုတ် စာမျက်နှာမှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။
၂၀၀၇ သံဃာ့အရေးအခင်း ကာလတွင်အာဏာပိုင်များက ၀င်ရောက်စီးနင်းခဲ့ပြီးချိတ်ပိတ်ခံထားရသော ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ်ရှိမဂ္ဂင်ကျောင်းတိုက်သို့ ယနေ့နံနက်ကမှ ရောက်ရှိလာခဲ့သော ဦးဇင်း ဥူးဂမ္ဘီရအား ၀ိုင်ပီအိုင်မှတွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ဝိုင်ပီအိုင်။ ။ဦးဇင်းတို့လွတ်လာပြီဆိုတော့ ဗမာပြည်ဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်နေပြီလို့ပြောနိုင်ပြီလားဘုရား၊

ဥူးဂမ္ဘီရ။ ။ ပြောင်းလဲတယ်ဆိုတာ လက်ရှိအနေအထားမှာ ကျုပ်မနေ့ကထောင်ကလွတ်လာတယ်၊ ဒီနေ့ရန်ကုန်ပြန်ရောက်တယ်။ ဒါကတော့အသေချာဆုံးပဲ၊ ကျန်တာတွေကတော့ ဘာတွေပြောင်းလဲတယ်ဆိုတာသေချာမသိရသေးဘူး၊ သိပ်တော့မထူးခြားသေးပါဘူး

လက်ရှိအနေအထားဘာသုံးသပ်မိသလဲဆိုတော့ခင်ဗျားတို့ပြောတာကျုပ်ကြားနေရတာလည်းတော်တော်ဒေါသထွက်တယ်။ အများကြီးပြောင်းလဲသွားပြီ အများကြီးတိုးတက်သွားပါပြီ အများကြီးအခွင့်အရေးတွေရသွားပြီဆိုတာ ၊ အဲဒါခင်ဗျားတို့အရင်တုန်းကမတရားဖိနှိပ်ခံထားခဲ့ကြရတာကို၊ အဲဒီကနေ နည်းနည်းလေး အခွင့်အရေးမစို့မပို့လေးရတာကိုပဲ တစ်ကယ့် အခွင့်အရေးကြီးရနေသလို၊ အရင်ကနဲ့သွားတိုင်းတာကို…


ဝိုင်ပီအိုင်။ ။ မြန်မာပြည်ရဲ့လက်ရှိအနေအထားကရော အရင်ကထက်စာရင်တော့ပိုပြီးပွင့်ပွင့်လင်းလင်းရှိလာတယ်လို့မမြင်ဘူးလားဘုရား

ဥူးဂမ္ဘီရ။ ။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့မီဒီယာတွေက Freedom of speech တို့ Freedom of press တို့ဘယ်လောက်ရနေပြီလဲ၊ လွတ်လပ်စွာပြောဆိုခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့် ဘယ်လောက်ရှိနေပြီလဲ၊ သူတို့ဥပဒေပြုတဲ့အထဲမှာ ငြိမ်းချမ်းစွာစုဝေးခွင့်အတွက် ခွင့်ပြုချက်တောင်းရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ဆန္ဒဖေါ်ပြတာကိုခွင့်ပြုချက်တောင်းနေရအုန်းမလား၊

အကျဉ်းထောင်တွေထဲမှာ လူမဆန်ပဲလုပ်ခဲ့တာတွေအများကြီးပဲ၊ လွတ်ခါနီးလပိုင်းအလိုလောက်ကမှ ဆန်ကောင်းကျွေးသလိုလိုဘာလိုလိုနဲ့၊ ခင်ဗျားတို့သိပ်မထင်နဲ့ အရင်ထက်နည်းနည်းလေးကောင်းလာတာကိုပြောတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမပြည့်စုံ၊ ဆေးဝါးအလုံအလောက်မရှိ၊ ဆရာဝန်အလုံအလောက်မရှိဘူး၊ နေရေးထိုင်ရေးစားသောက်ရေးတွေ ထောင်ထဲမှာ လိုအပ်နေတုန်းပဲ စစ်အာဏာရှင်စနစ်ရဲ့ စရိုက်ဆိုးတွေ အကျင့်ဆိုးတွေ ထောင်ထဲမှာ အခုထိရှိသေးတယ်။


ဝိုင်ပီအိုင်။ ။ ကုလသမဂ္ဂက လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားလာတုန်းက လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် စုံစမ်းရေးကော်မရှင်ဖွင့်ဖို့လိုအပ်တယ်လို့ပြောခဲ့ဖူးပါတယ်။ ဦးဇင်းအဲဒီကိစ္စကိုဘယ်လိုထင်ပါသလဲဘုရား၊

ဥူးဂမ္ဘီရ။ ။ စုံစမ်းရေးကော်မရှင်လိုအပ်တယ်လို့ပြောတာ ဘယ်လောက်ကြာပြီလဲ၊ အခုရပြီလား၊ အခုထိဘာဖြစ်တုန်း၊ အခုလုပ်နေပြီလား၊ ရပြီလား၊ ဒါပါးစပ်ကပြောတာ၊ ဒုန်းဒိုင်းတံဆိပ်တွေနှိပ်၊ မြန်မာနိုင်ငံအခြေအနေကလူ့အခွင့်အရေးစိမ်ခေါ်မှုတွေရှိနေတယ်ဘာညာနဲ့ပြောနေပေမဲ့ ဘယ်လောက်လက်တွေ့ကျကျလုပ်နေလို့တုန်း၊


ဝိုင်ပီအိုင်။ ။ မြန်မာနိုင်ငံမှာတစ်ကယ်တမ်းစစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ ဘာတွေလိုအပ်တယ်လို့ထင်ပါသလဲဘုရား၊

ဥူးဂမ္ဘီရ။ ။အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေလျှောက်မလုပ်နဲ့၊ အမေရိကန်က အိုဘာမားက Change ဆိုတိုင်း သံယောင်လိုက်နေကြတာ၊ ဘာတွေ Change လို့လဲ၊ တချိန်းချိန်းနဲ့ကြာတော့ဖတ်ရတာတစ်မျိုးပဲဗျာ၊ ထောင်ထဲမှာကလည်း ဒါပဲဖတ်ရတာကို၊ မလုံမလောက်စာပေလွတ်လပ်ခွင့်လေးနဲ့ရတဲ့ဂျာနယ်ဘ၀နဲ့ပုံနှိပ်ထားတာတွေဖတ်ပြီးအပြင်ကိုမှန်းနေရတာ အံစာတုံးလေးတွေဆက်သလို ဆက်စပ်ကြည့်နေရတာ၊

ဟိုမှာတိုင်းရင်းသားတွေဘာဖြစ်နေပြီ၊ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေပြည့်နှက်နေပါပြီ၊ နိုင်ငံတော်သမ္မတက အပစ်အခတ်တွေရပ်ဖို့ပြောတယ်။ ဒါပေမယ့် ပစ်တုန်း ဒါဘာလို့မဖြေရှင်းတာလဲ၊ ကုန်ဈေးနှုန်းတွေတက်နေတာ ဘာလို့မဖြေရှင်းပေးတာလဲ၊

ဆယ်စုနှစ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖေါက်ခံထားရတာ၊ အခုပဲကြည့် ကျူပ်တို့လွတ်လာပြီ၊ တစ်ချို့ကျန်ခဲ့သေးတယ် ဦးမြင့်အေးတို့ အေးအောင်တို့ ဥာဏ်ရွှေတို့ လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ကို မတရားပုဒ်မတွေတပ်ထားတာ ဖေါက်ခွဲရေးပုဒ်မတွေတပ်ထားတာ၊ ဒါ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာပဲ၊ လုပ်ရပ်နဲ့ပုဒ်မနဲ့ကတခြားစီ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတယ်ဘာညာနဲ့ ကျုပ်တို့တော့လွတ်လာပြီ၊ ဘာလို့သူတို့ချန်ထားလဲ၊ ဒါမရိုးသားဘူး၊ ဒီလိုသာ မရိုးမသားလုပ်နေလို့ကတော့ ဘာဒီမိုကရေစီမှဖြစ်မှာမဟုတ်ဘူး ။

25 comments :

  1. Anonymous said... :

    ဦးဇင်းမိန့်တာတွေ အမှန်ချည်းပဲ.. သူတို့ပဲ မတရားဖမ်း ထားတဲ့ နိုင်/ကျဉ်းတွေ သူတို့ ပဲ ပြန်လွှတ်ပေးတာကို ဖ.ဘ ထဲမှာဆို သမ္မတကြီးကို ပဲ ကျေးဇူးတင်လွန်းလို့ ဦပဲ ချရတော့မလိုလို ..ပြောမှားဆိုမှားရှိခဲ့တာတွေကိုတောင်းပန်ပါတယ်လို့ပဲ ပြောရတော့မလို .. ဘာတွေမှန်းလဲမသိ ..လေတယ်.. တကယ်ဆို စတင်ပြောင်းလဲလာတဲ့ ခြေလှမ်း တစ်ခုအဖြစ်ပဲ ကြိုဆိုသင့်တာ ... ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုလှမျိုးနောင် ပြောသလို( အစိုးရ အဖွဲ့ဆိုတာ ပြည်သူအတွက် သူလုပ်ရမဲ့ အလုပ်တွေ ရှိပြီးသား) ဆိုသလိုပဲ အဲဒါတွေ သိပ်လုပ်ပြနိုင်သေးတာမဟုတ်သေးပဲနဲ့ ကျနော်တို့တွေ သိပ် အပျော်မလွန်သင့်ဘူး .. တော်ကြာ အာဏာရှင်တွေရဲ့ ထောင်ချောက်ထဲ လှည့်ကွက်ထဲပဲ ပြန်ဝင်သွားရအုံးမယ်..
    (ဘိုထိန်)

  1. ဒကာတစ်ဦး said... :

    ဦးဂမ္ဘီရ-
    အရှင်ဘုရားရဲ့ တိုင်းပြည်အတွက် အနစ်နာခံခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ပါတယ်။ အရှင်ဘုရားအတွက် သတိပြုသင့်တာလေးတွေကိုလည်း တစ်ဆက်တည်း ပြောပါရစေ။
    အရှင်ဘုရား နိုင်ငံရေးဆက်လုပ်မယ်ဆိုရင် ယခုထက် ကျယ်ပြန့်တဲ့ နိုင်ငံရေးအမြင် ရှိဖို့တော့ လိုမယ်ထင်ပါတယ်။ နောက်ပြီး အရှင်ဘုရားက ရဟန်းတစ်ပါးဖြစ်တဲ့အတွက် ရဟန်းတစ်ပါးလို ပြောတတ်ဆိုတတ်အောင် နေတတ်ထိုင်တတ်အောင် ဗုဒ္ဓတရားတော်တွေကိုလဲ ကျကျနန လေ့လာသင့်ပါတယ်။
    တပည့်တော် ဒီလို လျှောက်ရတာက ဟိုမရောက် ဒီမရောက် ဖြစ်သွားမှာ စိုးလို့ပါ။ ဗုဒ္ဓစာပေလည်း ကောင်းကောင်း မတတ်၊ နိုင်ငံရေးအမြင်လည်း ကျယ်ကျယ်ပြန့်ပြန့် မရှိတဲ့ ရဟန်းတစ်ပါး နိုင်ငံရေးလောကထဲ ၀င်သွားရင်-
    နိုင်ငံရေးအမြင်အားနည်းတဲ့အတွက် ကိုယ်ထင်ရာ လျှောက်ပြောလို့ နိုင်ငံရေးနယ်ပယ်ကလူများက အဲဒီရဟန်းကို အထင်မကြီးသလို ဗုဒ္ဓစာပေကောင်းကောင်းမတတ်၊ ကောင်းကောင်း မလိုက်နာတဲ့အတွက် ကာယကံ ၀စီကံ ကြမ်းတမ်းနေလို့ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကလဲ အလေးမထားကြပါဘူး။ ဒီတော့ အရှင်ဘုရားအနေနဲ့ အရှည်သဖြင့် တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အကျိုးပြုချင်တယ်ဆိုရင်တော့ အခုလတ်တလော ထင်ပေါ်ကျော်ကြားမှုကလေးအပေါ်မှာ သာယာမနေဘဲ ဗုဒ္ဓစာပေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင် လေ့လာသင်ကြားပါ၊ တစ်ဖက်ကလဲ နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် လေ့လာဆည်းပူးပါ-လို့ အကြံပြုချင်ပါတယ်။ အခု လွတ်မြောက်လာကြတဲ့ မန္တလေးက စာတတ်ပေတတ် ရဟန်းတော်တွေရဲ့ ပြောစကား၊ ကိုမင်းကိုနိုင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပြောစကား၊ အဲဒီစကားတွေနဲ့ အရှင်ဘုရားပြောတဲ့ စကားကို နှိုင်းယှဉ်ကြည့်မိတဲ့အခါ အရှင်ဘုရားမှာ လေ့လာဖြည့်ဆည်းဖို့ လိုနေတယ်လို့ ထင်မြင်မိလို့ပါ။

  1. Anonymous said... :

    စာ များ များ ဖတ် ပါ

  1. MinAhPhay said... :

    အကျဉ်းထောင်တွေထဲမှာ လူမဆန်ပဲလုပ်ခဲ့တာတွေအများကြီးပဲ၊ လွတ်ခါနီးလပိုင်းအလိုလောက်ကမှ ဆန်ကောင်းကျွေးသလိုလိုဘာလိုလိုနဲ့၊ ခင်ဗျားတို့သိပ်မထင်နဲ့ အရင်ထက်နည်းနည်းလေးကောင်းလာတာကိုပြောတာ၊

    I do agree that point.

    Still ' keep on watching and Make it happen ' ......

    Only by international pressure and monitoring plus efforts of all in our country ....will achieve this. Of course, our on going effort too.

    I will say.. ONLY After ' election in April resulting in D A S S K and others be in Admin Tree' with full democratic picture - say further 3 months. ...( June - July ) .. all freeze with be thawed to some extent.

    Still . continued freezing of illegitimate assets will be continued.

    It is a long haul. but ' we will get there ' . There may be some more obstacles to overcome, but not as much as before.

    It has always been ' begun ' . So Keep on pressed.

    Keep on pressed.

    After 2030 - current ' faces' in current political scenes will disappear .....Naturally ....and so on .

    From now on, we have to ' Plan ahead ' for ' EVER BRIGHT Future of our Myanmar ' .

    D A S S K is the model and follow her and she together with her reliable team will team all the way through to Brighter Future.

    Let me warn you - In case of some dissatisfaction during traveling with her ( D A S S K ) . you/we all need ourselves to be ' open and candid ' and ' present to her.

    Rather than ' Stab in the back behaviour' . Such behaviour is very common in the past, and present .

    Should we not ' inherit ' the bad habits from the past.

    Anyone who could explain more in Simple language , better than my writing , be greatly appreciated.

    Cheers

    MinAhPhay

  1. Anonymous said... :

    ဒကာတစ်ဦး ပြောတာထောက်ခံပါတယ်...

  1. aung naing said... :

    သွေးခွဲတာ၊လမ်းကြောင်းလွဲတာ၊ခြောက်လှန့်တာတွေကိုစစ်တပ်ဒလံတွေ၊ကြံဖွတ်တွေလုပ်နေတာရိုးအားလွန်းတယ်၊

  1. Anonymous said... :

    အ၇ှင်ဘု၇ား ဒကာတစ်ဦးပြောတာမှန်ပါတယ်
    လေးလေးနက်နက်ဆင်ခြင်သင်.ကြောင်းေ၇ှာက်ထားအပ်ပါတယ်။

  1. May said... :

    Response to ဒကာတစ်ဦး
    Don't criticize so much on Ashin Gambiya. You would say or behave the same as him if you were in his situation. We need to appreciate his bravery and support him.

  1. Anonymous said... :

    Right

  1. Anonymous said... :

    လူကို၊ ဘုန်းကြီးကို ကြိက် တိုင်း ဘာပြောပြောမထောက်ခံနဲ။ မှားမယ်။ နိုင်ငံရေးသမားတိုင်းမမှန်ဘူး။ အစိုးရကိုဆန့်ကျင်တိုင်းမမှန်ဘူး။ ပြည်သူလူထုကပြောပေးရမှာ။ ဆရာတော်ပြောတာမှားနေတယ်။ သေချာစဉ်းစားကြပါ။

    ဒကာတဦးပြောတာကိုလေစားပါတယ်။

  1. Zwe said... :

    "May". All we want is Peace and Democracy. We need to criticize all politicians as much as we can (I mean both Government and Anti-Government side) which can control their idea and though but remember, the result should all lead to the positive outcome.

    Anonymous said well. I agreed with Anonymous. "May" please don't close your eyes.

  1. Anonymous said... :

    ဥူးဂမ္ဘီရမိန့်တာမှန်ပါတယ်။စစ်တပ်ရဲ့လက်ဝါးကြီးအုပ်စနစ်ခိုင်မာရေးအတွက်
    အပေးအယူလုပ်ပြီးကစားနေတာပါ။တကယ်ပြောင်းလိုစိတ်ရှိပုံမရပါ။ နှိုင်ငံရေး
    အကျဉ်းသားတွေကိုလဲအမေရိကန်ရဲ့အသိအမှတ်ပြုမှုနဲ့နောက်ဆုံးအချိန်ထိဈေး
    ဆစ်ပြီးမတတ်သာလို့လွှတ်လိုက်တာပါ။

  1. Anonymous said... :

    Burma Media Wash က တုန့်ပြန်
    (၁)စာဖတ်သူအားလုံးဖတ်နိုင်အောင်၊မြန်မာလိုရေးလိုက်တယ်။
    (၂)ဟေး...အပေါ်က ဒကာ လို့ အမည်ခံတဲ့လူ..

    ခင်ဗျား ဟာ အဖိနှိပ်ခံတို့ကိုဆန့်ကျင်သူ..။

    တိုင်းပြည်ကိုဖျက်ဆီးသူ..။

    တိုင်းရင်းသားပြည်သူတွေကိုစော်ကားသူ..။

    အဖျက်သမားစစ်စစ်တွေပစ်ချလိုက်တဲ့အရိုးကိုဝါးပြီး၊
    သူတို့အလိုကျ..ဟောင်နေသူ..။

    အရှင်ဦးဂမ္ဘီရကိုထင်ယောင်ထင်မှားဖြစ်အောင် ဘလိုင်း အပုတ်ချနေသူ..။

    ကိုယ့်ကိုယ်ကို အဖျက်သမားစစ်စစ် ဆီမှာ ရောင်းစားသူ..။

    ကိုယ်ရေးသမိုင်းကို ခွေးသရေချပ်ပြားပေါ်မှာရေးနေသူ..။

    Burma Media Washဝေဖန်သည်အဝေဖန်ခံသည်

  1. Lutint said... :

    ဥူးဂမ္ဘီရ မိန့်တာကို သဘောတူထောက်ခံပါတယ်။
    စံဦး

  1. တစ်ဦးတစ်ယောက်ကို အနီးကပ် မပေါင်းသင်း မတွေ့ကြုံ မဆက်ဆံဖူးပါဘဲ တစ်ဦးတစ်ယောက်ကို ဝေဖန်တာဟာ ၉၀%မှားတယ် မဆိုနိုင်ပေမဲ့ နီးပါးတော့ မှားတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်၊ လူတွေမှာ ကိုထိတွေ့ ရင်ဆိုင်ရတဲ့ ပါတ်ဝန်းကျင်အပြင် မွေးရာပါဗီဇဆိုတာ ရှိပါသေးတယ်၊ ဒါဟာ သိပ်ပြင်ရ ခက်ပါတယ်၊ အာဇာနည်အရှင်ဟာ ထိတွေ့ခဲ့ရတဲ့ ၀န်းကျင်ကြောင့် (သို့) ဒဏ်ချက်တွေကြောင့် စကားအသုံးနှုံးတွေ မာနေတာ ဖြစ်နိုင်သလို ဗီဇကြောင့် အပြောအဆို ပြတ်သားတာလည်း ဖြစ်နိုင်ပါတယ်၊
    ဒကာတစ်ဦးဆိုသူကွန်မင့်က positive ဖြစ်သယောင်ယောင်နဲ့ အာဇာနည်အရှင်ကို စော်ကား ထားတယ်လို့ ခံစားမိလို့ပါ၊ ရင်ထဲက ဆန္ဒအမှန်ကိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်.။

  1. Anonymous said... :

    အရှင်ဘုရား စာများများဖတ်ပါဦးဘုရား

  1. Thet Nyo said... :

    ဆရာတော် အနေနဲ့ အခြေအနေ ကိုသိဖို့တော့ လိုတာပေါ့ ။အစိုးရဘက်ကလဲ ဖြည်ဖြည်း ပြောင်းလဲလာတာကို ပြည်သူတွေကလဲ အသိအမှတ်ပြုပေးဖို့လိုပါတယ်။အရင်နဲ့ အခု ပြောင်းလဲလာတာတော့ အမှန်ပါ။ဒါကို ကြိုဆိုကြရမှာပေါ့ ။ပြိးတော့ အမေစုရဲ့ စွမ်းဆောင်တာကိုလဲ အသိအမှတ်ပြုပေးပါ

  1. Anonymous said... :

    စိတ်လေပါတယ် ဘုန်းဘုန်း ရား( ဘုန်းဘုန်းပြောသွားတဲ့စကားကိုဖတ်ပြီး အထင်ကိုမကြီးတော့ဘူး။ အဲလောက်အမြင်ကျဉ်းနေတာ တစ်ဖက်ကြီးပြောသွားတာ၊ လက်တွေ့လုပ်နေသူတွေကိုလဲအားနာပါအုံး။ လူဝတ်သာလဲလိုက်ပါ။ ဘာသာသာသနာ နာမည်ပျက်တယ်။

  1. Anonymous said... :

    ဒီဘုန်းကြီး ဒီအလုပ် လုပ်တာဟာ ခင်ဗျားတို့ အထင်ကြီးဖို့ လုပ်တာမဟုတ်ဘူး။ ခင်ဗျားတို့သာ ပြောတာ။ comment ပေးတဲ့လူက တယောက်တည်းတောင် ဖြစ်ချင်ဖြစ်မှာ။ လာလိုက်ရင် စာများများဖတ်ပါ ဆိုတဲ့လူချည်းပဲ။ ဘယ်စာတွေ ဖတ်ရမှာလဲ။ ခင်ဗျားတို့ ဖတ်နေကျ မြန်မာ့အလင်း၊ ကြေးမုံ၊ လျှပ်တပြက် စတဲ့ ဖော်လံဖားစာစောင်တွေလား။

  1. Anonymous said... :

    ဦးဂမ္ဘီရကတော့ သူ.စိတ်ထဲမှာတသက်လုံးဒီမိုကရေစီရမဲ့သူမဟုတ်ဘူး။ သူ.ရဲ.စိတ်ကိုသူ.ရဲ.အပြောအဆိုတွေခန့်မှန်းရတာအ တိုက်အခံများတဲ့စိတ်ဘဲ။တသက်လုံးပူလောင်နေရမဲ့စိတ်ဓါတ်ပိုင်ရှင်ဘဲ။ ထောင်ကထွက်လာပြီးတရားအရင်ထိုင်လိုက်ပါဦး။စိတ်လေး ငြိမ်းချမ်းသွားအောင်လို့။

  1. May said... :

    Response to ဒကာတဦး and his fellows
    Be sure you are perfect before criticizing others.
    Be sure you have enough knowledge before giving lesson to others.
    Be sure you will not do the same as that person if you face the same situation in the future, before commenting something unsympathetically.
    Be sure your intention, before saying anything.
    Be sure your performance will give positive to whom, before doing anything.

  1. Ta Tut said... :

    The answer is that Burmese should change their mind. You know the government is bad but look to the government side, there are millions of people. Burma only have 60millions of populations and almost half of it is in Government side with willingly or unwillingly. Which mean most of burmese mind are already corrupted by fault history and fault mindset. Come on change you self first human!

  1. Anonymous said... :

    စဉ်းစားဆင်ခြင်တတ်တဲ့ဥာဏ်နဲ့ဝေဖန်ပိုင်းခြား
    တတ်တဲ.အသိလူတိုင်းမှာပြည့်ဝဖို့လိုအပ်တယ်။
    ကိုယ့်လိုဘကိုသာရှေ့တန်းတင်တတ်သူများ
    ဖက်ဆစ်အောက်မှာနေသင့်တယ်။

  1. Anonymous said... :

    အရှင်ဦးဂမ္ဘီရကိုယ်မလုပ်နိုင်တာလုပ်တာလေးစားစရာပါ။

  1. Anonymous said... :

    ဘုန်းဘုန်းဘုရား ဒါ မြန်မာပြည်ပါ နည်းနည်းလေးလည်းစဉ်းစားပါအုံးဘုရား ဒီလောက်တောင်တိုးတက်နေတာကိုအကောင်းမြင်သင့်ပါတယ် အတိုက်အခံလုပ်ဖို့လောက်မစဉ်းစားပါနဲ့ အရင်ကဆိုးဝါးစုတ်ပြတ်နေတဲ့မြန်မာပြည့်ကို အဘက်ဘက်ကပြည့်စုံအောင်ချက်ချင်းလုပ်ဖို့ဆိုတာမလွယ်ပါဘူး တိုးတက်နေတာအနည်းငယ်မျှဖြစ်ပေမဲ့အကောင်းမြင်သင့်ပါတယ် မတိုးတက်လာသေးဘူး ဒါကဒါပဲဆို အရှင်ဘုရားလွတ်ဖို့တောင်မဖြစ်နိုင်ပါဘူး ဆီဂျီးတွေအထပ်ထပ်နဲ့ညစ်ပတ်နေတဲ့အဝတ်စုတ်ကို တစ်ခါတည်းအပြောင်လျော်ဖို့မဖြစ်နိုင်သလိုပါပဲ နောက်ဆုံးရောက်နေတဲ့နိုင်ငံကို တစ်ခါတည်းနဲ့ရှေ့ရောက်အောင်ဆွဲခေါ်လို့ရမလဲ အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ကြပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved