ဖေ့ဘုတ်မှာ ပြောနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်

Monday, January 2, 2012




ပေးမယ် ပေးမယ် အသံထွက်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အခု ပေးလိုက်ပါပြီ တဲ့။
ဒီသတင်းကို Messenger ဂျာနယ် ဖေ့ဘုတ်မှာ အခုလို တွေ့ရမှာပါ -

ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့ ၄း၂၀ နာရီခန့်က MRTV-4 မှ ထုတ်လွှင့်သွားသော Breaking News အရ ....

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမိန် ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်း ချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ ဘာတွေ ပြောနေကြသလဲ
သိန်းစိန်အစိုးရရဲ့ New Year Discount ကတော့ ရက်ရောပါပေတယ် ....း)

လို့ ဖေ့စ်ဘုတ်မှာ အမြဲမပြတ် ရှိနေသူတဦးက မှတ်ချက်ပြုပါတယ်။

နောက်တဦးကလည်း ဖေ့စ်ဘုတ်မှာ အခုလို ဆိုထားပါတယ်။
ပြောင်ပြောင့်အား ဆဲကြမည့်သူများ သိသာစေရန်...
ပိုးဆိုးပက်စက်ဆဲမည့်သူများ နားနားပြီးဆဲရန်၊
အခွန်းသုံးဆယ်ကျော် ဆဲမည့်သူများ အခွန်းသုံးဆယ်သာ ဆဲကြရန်၊
အခွန်း နှစ်ဆယ်နှင့် သုံးဆယ်ကြား ဆဲမည့်သူများ အခွန်းနှစ်ဆယ်သာ ဆဲကြရန်၊
အခွန်းနှစ်ဆယ်အောက် ဆဲမည့်သူများ ဆယ့်ငါးခွန်းသာ ဆဲကြရန်...
ပုံ။ နိုင်ငံတော် ပြောင်ရုံး

ဒါကတော့ Messenger ဂျာနယ် ဖေ့ဘုတ်မှာ ကြေညာထားတာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှိရာ သရက် အကျဉ်းထောင်မှ သတင်းများကို Messenger သတင်း ပရိသတ်များ အတွက် ၃.၁.၂၀၁၂ နေ့တွင် အချိန်နှင့် တပြေးညီ တင်ဆက်ပေးသွားမည် ဖြစ်သည်။

လွတ်ငြိမ်း ချမ်းသာခွင့်တွင် ကိုမင်းကိုနိုင် ပါမည် မပါမည်မှာ မသေခြာသော်လည်း တခြားသော နိုင်ငံရေး အကျဉ်းသားများ၏ သတင်းများ အပြင် သရက် အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သော ထူးခြား သတင်းများကို တိုက်ရိုက် သတင်းပေးပို့နိုင်ရန် Messenger ဂျာနယ်မှ အကြီးတန်း သတင်း အယ်ဒီတာ တစ်ဦး ယနေ့ညနေတွင် သရက်မြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။

ထို့အပြင် တောင်ငူ အကျဉ်းထောင်၊ သာယာဝတီ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သော ထူးခြား သတင်းများကိုလည်း Messenger သတင်း ပရိသတ်များ အတွက် အချိန်နှင့် တပြေးညီ တင်ဆက်ပေးနိုင်ရန် Messenger ဂျာနယ်မှ အကြီးတန်း သတင်း အယ်ဒီတာများနှင့် အကြီးတန်း သတင်းထောက်များ သက်ဆိုင်ရာမြို့ အသီးသီးသို့ ယနေ့ ညနေတွင် ထွက်ခွာသွားပြီဖြစ်သည်။

ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ မှတ်ဖွယ်မှတ်ရာ မှတ်ချက်တွေထဲက တချို့ကို အခုလို တွေ့ရပါတယ် -

နည်းနည်းလေးမှကို ယုံကြည်ပေးလို့ မရပါလား၊ နည်းနည်းလေးမှကို အပြုသဘောနဲ့ မြင်ပေးလို့ မရပါလား၊ ပြီးတော့ ပြောလိုက်သေးတယ် အဆိုးမြင် ဝါဒီ, အဆိုးမြင် ဝါဒီနဲ့ အဆိုးချည့်ပဲ လုပ်နေတော့ အဆိုးချည့်ပဲ မြင်နေကြတာ သိပ်တော့ မဆန်းလှပါဘူး။

ယောင်းမမြင်းစီးထွက်သော နှစ်သစ်ကူး လက်ဆောင်.။ ၂၀၁၁ ၏ Icon တစ်ခုအဖြစ် အမွမ်းတင်ခဲ့သူတို့ အတွက် သင်ခန်းစာ.။ ကချင်တွေကိုလဲ တိုက်ဆဲ.. နိုင်ကျဉ်းတွေကိုလဲ ချုပ်မြဲ.. အာဆီယံ ဥက္ကဌဖြစ်သွားတာပဲ အဖတ်တင်တယ်.။

မချမ်းသာတဲ့ လွတ်ငြိမ်းခွင့် အစိုးရက ဒီလိုကလီကမာလုပ်ရတာ ပျော်နေပုံပဲ။ ဒါဟာ အခြေအနေတခုဆီ ဦးတည်နေသလိုဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလိုလုပ်ကိုင်နေတာ အင်မတန်လုပ်ကိုင်သင့်တဲ့ အမှန်တရားပါ။ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲလုပ်ကိုင်ဖို့လိုသေးတာလဲ နောက်ထပ်အမှန်တရားတစ်ခုပါ။ အမှန်တရားကို ရှောင်ရှားတာဟာ မလိုလားအပ်တဲ့ဂျောက်တခုထဲ သွားနေသလိုဘဲ။

အစိုးရရဲ့စေတနာလား...လက်တလုံးချားလှည့်ကွက်တွေလားဆိုတာ စဉ်းစားရခက်ပါတယ်.
သတင်းကောင်းလို့လဲပြောလို့မရပါဘူး..

အရင်ကတဲကပြောနေတာပဲ သိန်းစိန်ကအပြော့ဆွဲ မင်းအောင်လှိုင်က အမာ ကောင် ခုထိမသိကြသေးဘူးလား

နှစ်သစ်မှာ ကာလှုံ (၁၁)ဦးက လူထုတရပ်လုံးကို စိမ်ခေါ်လိုက်ပြန်ပြီ။

18 comments :

  1. Anonymous said... :

    Stupid Government, Stupid Thein Sein, Cruel Than Shwe.
    Why are they so much stupid and cruel? Why don't they realize how much people hate them?
    They should understand that if they release Min Ko Naing and the political prisoners, sanctions will be lifted and the people will be relieved too.

  1. Judemmt said... :

    သိန်းစိန် နှဗူး ပြောင်သလောက် မျက်နှာပြောင်တိုက်တာဘဲ။

  1. Anonymous said... :

    လူယုတ်မာတွေက လမ်းပေါ်ထွက်အော်အောင်လုပ်နေမှတော့ ထွက်အော်ကြတော့။ ဒီတစ်ခါ ပစ်ရင် ပြည်သူနဲ့  KIA နဲ့ ပေါင်းလို့ ကဒါဖီ လို ဇတ်သိမ်းပေးလိုက်ကြပါတော့။

  1. Anonymous said... :

    Is it the cause of Dr. Nay Win Maung's death?

  1. Anonymous said... :

    တော်တော်ရက်ရောပါပေတယ်။ ဘုရားပြီးတော့ငြမ်းဖျက်
ှတဲ့၊သူတို့လိုချင်တာတွေဆန္ဒပြည့်သွာတဲ့အခါကျတော့
    အစွယ်ငေါငေါဘီလူးရုပ်ပြန်ထွက်လာတာပါပဲ။ အခါခါအ
    လိမ်ခံရလည်းငြိမ်ခံနေတတ်သူတွေများနေတော့လည်း
    အခက်သား။နိုင်ငံတစ်ကာလှည့်ပြီးစကားကြီးစကားကျယ်
    တွေပြောဂတိတွေပိုက်ဆံမပေးရတိုင်းဖောဖောသီသီပေး
    အလုပ်ကျတော့ဗိုလ်ချုပ်ပြောဖူးတဲ့နိုင်ငံကသူများလိုလုပ်
    ဗလောင်းဗလဲပြော။ ယိုသူမရှက်မြင်သူရှက်သတဲ့။ ငယ်နိုင်
    ထိုင်းကအများကြီးတိုးတက်သွားပြီ။ ကိုယ့်နိုင်ငံကတော့
    အနိမ့်ဆုံးအဆင့်တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့အ
    မျိုးသားရင်ကြားစေ့ဆွေနွေးပွဲတောင်ဖြစ်အောင်မလုပ်နိုင်။
    တော်တော်ဟုတ်နေကြတာပဲ။

  1. Anonymous said... :

    ပြည်သူက KIA နဲ့ ပေါင်း၇အောင် KIA က သူတော်ကောင်းတွေလား။ ကယ်တင်ရှင်တွေလား။

  1. Anonymous said... :

    Idiot Govenment, they don't know how to take the change. Now I give up all my trust of this government.

  1. Anonymous said... :

    that's mean Thein Sein Government do not want sanction lifted.

  1. Anonymous said... :

    KIAကို ဗမာ့တပ်မတော်ကဘာဖြစ်လို့ အသည်းအသန် ထိုးစစ်ဆင်နေသလဲ ဆိုတာ..သိပါသလား.တရုပ်က..ဧရာဝတီ မြစ်ဆုံ ဒေသ....ကချင် ပြည်နယ်မှာ KIAသော..ဘာသော ကချင် တယောက်
    မှမမြင်ချင်ဘုး..အပြတ်ရှင်းပေးရမယ်.
    လိုတဲ့လက်နက်ခဲယမ်းအကူအညီတရုတ်
    ကပုံအောပေးမယ်...လိုတာပြော..ဖြစ်အောင်လုပ်ပါ...တခြားလက်နက်ကိုင်အဖွဲ့တွေ...နဲ့ မပူးပေါင်းနိုင်အောင်..တဖွဲ့ချင်း ကြိုးရှည်ရှည်နဲ့လှန်ထားပြီး...တဖွဲ့ပြီးတဖွဲ့
    အပြောင်တိုက်...အပြတ်ရှင်း...ဗျူဟာကို
    သုံးတာပါ....ငြိမ်မနေကြနဲ့..ငိုက်မနေ
    ကြနဲ့...သတိရှိကြပါ....

  1. Anonymous said... :

    Aung San Suu Kyi said Thein sein is good and honest.

    The rest of the presidential advisers will come out again with more BS and the "media" will regurgitate again and again.

    Kachin are wanted dead not just by Chinese but by ASEAN, US, UK and Europe as their economy relies on the Chinese economy.

    If the Pipeline is stopped, the Chinese will come in with guns and the world will help Burma like they did to Tibet with a few faint objections.

  1. Anonymous said... :

    As from the beginning,I did'nt trust this Government,because they,all are from Military Junta's and they have to respect and listen the orders from Gen.Than Shwe,till now. Who can say,Than Shwe have retired and not commit in Burma's Politics? Now,you can clearly see their pictures of Military Dictators behaviors. Even,Mrs. Clinton,Japanese Foreign Minister,E.U. and U.K.Government and many leaders were cheated by this Government.They are using,( TIME) as their weapons,for many decades,that we are should notice.

  1. Anonymous said... :

    Did you trust them? If, you have Brain,you should consider to their same behaviors,like Than Shwe 's Military Dictators,because,he is still holding his utmost power from the curtain,and they are the same birds of a Feather,flocks together, and Cows of the same brand.Now,Mrs.Clinton,U.K. & E.U.,governments,Japanese Foreign Minister,and U.N.,all can be noted to their same behavpoir based on the same idea,that *Burma,will not be CHANGE.

  1. Anonymous said... :

    KIA က တန်းတူအခွင့်အရေးနဲ့ ဒီမိုကရေစီအရေး
    အတွက် ကြံ့ကြံ့ခံပြီး တိုက်ပွဲဝင်နေတယ်။ ဒါကြောင့်
    KIA ရဲ့ကြိုးပမ်းမှုကို ထောက်ခံတယ်ကွာ။

  1. Anonymous said... :

    ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသား ကိုးဆယ်ရာခိုင်နူံးက အနှစ်နှစ်ဆယ်အထက်ချည့်ဘဲခင်ည။ ကိုသိန်းလိင် ရ။

  1. Saw said... :

    I know Asian is the worst organization cuz those countries know well about the Burmese military regime how honest it is. However, ASIAN just looks for their rootless business and ignore the entire Burma's population. We can't rely on Aung San Sue Kyi cuz he just strengthen the regime nowadays unlike old days. We, the Burma's population, have to stand on our own feet like Libya and Egypt until we get our freedom and equal rights. We, all the entire ethnic group and the people in Burma, should unite together or empower the UNFC cuz it is our only power, which can make us succeed.

  1. ywarthar said... :

    ကိုယ်အချင်းချင်း စကားများနေ သာမညောင်ည ကိစ္စလေးတွေနဲ့ အချိန်ကုန်နေချိန်မှာ ၂၃ နှစ်လုံးလုံး အကွက်ချချပြီး စနစ်တကျ လုပ်ဆောင်လာတဲ့ ပြောင်ကြီးတို့ က လဒူချုပ်ကြီးတို့လုပ်သွားတဲ့နည်းအတိုင်း အလျှော့အတင်းလေးလုပ်လိုက် သူတို့အာဏာတည်ရေး တွန်းတွန်းတိုက်တိုက်လုပ်လိုက်နဲ့ဆိုတော့ အတိုက်အခံနဲ့ပြည်သူလူထုကလည်း သူတို့လှည့်ကွက်ကို မျက်ခြေပြတ်မသွားဖို့လိုပါတယ်။ မြစ်ဆုံကိစ္စ နည်းနည်းလေးလျှော့ပေးလိုက်တာနဲ့ ပုံပြီး ယုံလို့မရသေးပါဘူး။ နည်းနည်းလေးလျှော့ပေးပြီး အချီကြီး ပြန်ပိတ်လို့ရနေတဲ့ သူတို့ဥပဒေက ရှိနေတယ်လေ။

    စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီပန်းတိုင်ကို လှမ်းနိုင်ကြပါစေ။

  1. Anonymous said... :

    I'm not KIA and I'm not a Kachin but they are better than Thein Sein government and KIA don't kill innocent people.

  1. Anonymous said... :

    Yes, I have noted one thing. This Government have more sympathy,and pay more respect,more care to (Thieves,Robbers,Murderers,Pick pockets,Liars, rapists... Etc:etc,Because when they called for Amnesty,the 95%,of the prisoners,who have released from the prisons are these criminals,not... (POLITICAL Prisoners),so sad. Please do not trust this Government,every single movements based on Power Crazy Military Robber Than Shwe,and his followers,( till now,)who has been Cheated to the World,by using the word that says,We will change for Democracy,all Bullshit.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved