မီဒီယာတွေကို ကိုဇာဂနာ ပြောချင်တဲ့စကား

Friday, January 6, 2012

ဓာတ်ပုံ - ကိုဇာနာရဲ့ ဖေ့စ်ဘုတ်မှ


ကိုဇာနာရဲ့ ဟာသပြက်လုံးတွေက နာမည်ကျော်သလို နိုင်ငံရေးနဲ့ ပတ်သက်လို့ ကိုဇာဂနာ ပြောလိုက်တာတွေကလည်း ခုတလော ပွဲဆူတာတွေ တွေ့ရပါတယ်။ မှတ်မိသလောက်ဆိုရင် နိုင်ငံရေးအကျဉ်းသားများ ကူညီမှု ကိစ္စ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ ထောက်ပံ့မှု ရ မရကိစ္စ၊ NLD နဲ့ အင်တယ်လက်ကျူရယ်၊ ပြင်ပမီဒီယာတွေကို အင်တာဗျူးမပေးချင်တော့ စတာတွေ ဖြစ်ပါတယ်။ များသောဖြင့် ကိုဇာဂနာရဲ့ ပြောဆိုမှုနဲ့ မီဒီယာတွေရဲ့ ကောက်ယူဖော်ပြမှုတွေကလည်း အကြောင်းရင်းဖြစ်ပါတယ်။

ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ ပတ်သက်လို့ သူဖြစ်စေချင်တာ၊ သူနဲ့ မီဒီယာ ဆက်ဆံရေး၊ မီဒီယာတွေအပေါ် သူ ဘယ်လို မြင်နေတယ် ဆိုတာတွေကို ဧရာဝတီက မေးမြန်းခဲ့ပြီး ကိုဇာဂနာက ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။


Interview with Zarganar by inzali

7 comments :

  1. Anonymous said... :

    ဦးဇာဂနာကလဲ...သမ္မတကြီးဦးသိန်စိန်ပြောသလိုနောက်ဆိုပြောထည့်လိုက်ပေါ့..
    ဘာတဲ့..အိုးတန်ဆန်ခပ်ပြောနည်းလေ..ဘယ်လိုပြော
    ရမလဲဆိုတော့..အဲ..ဒီလိုပေါ့လေ..တစ်ခုတော့ရှိတာပေါ့...
    ကျနော်တို့ ကတော့ယုံကြည်ချက်ကြောင့်ဆိုတာကိုလက်မခံဘူးပေါ့နော်..
    ဘယ်လိုပြောရမလဲဆိုတော့..အင်းပေါ့နော်..အဲဒါကိုပေါ့လေ..
    .နောက်နောက်ဆိုရင်ပေါ့နော်...လက်ခံပြီးလျော့ပေါ့ပစ်ဒဏ်ပေါ့နော်..
    စဉ်းစားပေးမယ်ဆိုတာမျိုးပေါ့နော်..နောက်ပြီးတော့လဲပေါ့နော်...အင်း..
    ဖွဲ့ စည်းပုံကလဲပေါ့နော်..သမ္မတကိုအပ်နှင်းထားတဲ့ဆိုတော့ပေါ့နော်..
    လုပ်ချင်တိုင်းလုပ်လို့ ရတာပေါ့နော်.
    .အဲ..ကျနော်ပြောချင်တာကပေါ့နော်..ဒါဘာဘဲပေါ့နော်..ဟီးဟီးပေါ့နော်...

  1. Anonymous said... :

    လုပ်ချင်ရာလုပ် ပြောချင်ရာ ပြောပြီးမှ အခုမှ ဇာတ်သမားအထာနဲ့ ပြန်ဖားမနေပါနဲ့ဗျာ.. ကျုပ်တို့က ဒါမျိုးဆို အံတိုနေပြီ ဂတုံးရေး...

  1. Anonymous said... :

    ဟုတ်ပါတယ် ... တချို့သတင်းတွေ စကားတွေကို ကာယ ကံရှင်က ဘာမှ မသိလိုက်ပဲနဲ့ ထည့်လိုက်တာတွေလဲ အ များကြီး တွေ့ကြုံနေရတယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တာပေါ့၊ ဒါဟာ လူတယောက်ရဲ့ ဘဝကို သတ်လိုက်တာနဲ့ အတူတူ ပါပဲ၊ သတင်းသမားရော. အဖျင်းသမားရော သူတပါး ခေါင်းနင်း စားချင်သူများပါ အားလုံး လိုက်နာရမှာပါ... ကျင့်ဝတ်မသိရင်လဲ အကျင့်ယုတ်နဲ့တော့ မလုပ်သင့် ပါဘူး...

  1. Anonymous said... :

    အကွက်ရွှေ့ချက်ကြီးက သိသာလွန်းပါတယ်ကွာ......

  1. Anonymous said... :

    ကိုဇာဂနာ အနေနဲ့ facebook မှာ ကိုယ်စား ပို့စ်လုပ်ပေးနေသူရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြန်ကြည့်သင့်ပါတယ်။ ဒါရိုက်တာ ၀ိုင်းရဲ့ ဒီအခန်းဖြတ်တုန်းက ၀ိုင်းပြီး ပြောကြတဲ့အထဲမှာ ကိုဇာဂနာ့သားအရွယ်လောက် ချာတိတ်တွေပါပြီး သူတို့ အပြောအဆို ယဉ်ကျေးပုံနဲ့ နောက်ပိုင်း defriend လုပ်ခံရ block ခံရဖြစ်တဲ့နောက် အဲဒီချာတိတ်တွေကပဲ ကိုဇာဂနာကို defame လုပ်စရာအချက်အနေနဲ့ ပြောဆိုနေတာ မြင်ရတာ မကောင်းပါ။ နောက်ပြီး တချို့ချာတိတ်ဆိုရင် ကိုဇာဂနာအနေနဲ့ ကိုယ်တိုင်ကို အကောင့်လုပ်ပြီး သုံးနေတယ်ပြောထားပြီး အခုမှ သူများကို လုပ်ခိုင်းတယ် ပြောသလိုလဲ လုပ်နေပြန်သေးတယ်။

  1. Anonymous said... :

    ကိုသူရ(ဇာဂနာ)ဟာသူကျွမ်းကျင်တဲ့ တင်္ခနုပ္ပတိဥာဏ်၊
    (Ad Hoc Solution) နဲ့ ဟာသဥာဏ်.. (satire)ပေါင်းစပ်ပြီး အနုပညာဘက်ကနေအကျိုးပြု၊
    တိုင်းပြည်သိအောင်ဖေါ်ထုတ်ဖျော်ဖြေမှုတွေလုပ်နေတာပါ။
    သင်တို့ကကောကောင်းကျိုးဘာမှမလုပ်ကြဘဲနဲ့ ဝေဖန်လေကန်လုပ်နေကြလား။ဒီတိုင်းပြည်မှာမွေးပြီးဆန်ကိုစားကြတဲ့
    ကျေးဇူးသိတဲ့လူပိုများလာရင်..မြန်မာပြည်ကြီးမြန်မြန်
    တိုးတက်ကောင်းလာမှာပါ။

  1. mediaman said... :

    ကိုဇာဂနာဟာ မီဒီယာသမားတွေကို ငယ်ကြီးနုရင့်မရွေးလေးလေးစားစားဆက်ဆံတတ်တဲ့သူပါ။ ကိုယ်တွေ့ပါ။ မီဒီယာသမားတစ်ချို့က ပါးနပ်တာနဲ့ ကောက်ကျစ်တာ ကိုမခွဲခြားတတ်သေးပါဘူး။ ထင်မြင်ယူဆချက်တောင်းတာနဲ့ ကိုယ့်အမြင်ကို သူများပါးစပ်ငှားပြီးပြောခိုင်းတာ ကျင့်ဝတ်နဲ့မညီဘူးဆိုတာလည်း နားလည်သဘောပေါက်သူခပ်ရှားရှားပါ။ ဗိုက်အငှားနဲ့ ဓားထိုးခံတဲ့ မီဒီယာသမားတွေကို ရှောင်တာအကောင်းဆုံးပါပဲ။ ကိုဇာဂနာပြောယူရတဲ့ မီဒီယာသမားတွေဆိုရင် ဘယ်အဆင့်လဲဆိုတာခန့်မှန်းလို့ရပါတယ်။ အောက်တန်းကျတာနဲ့ ပါးနပ်တာလည်းခွဲနိုင်ရင် ကောင်းမယ်ထင်ပါတယ်။ မီဒီယာပညာပြည့်ပြည့် သိက္ခာရှိရှိ ဖြစ်ဖို့ မီဒီယာကပဲ ၀ိုင်းဝန်းထိန်းသိမ်း ဆင်ခြင်ရင်ကောင်းမယ်လို့ အကြံပေးပါတယ်။ တခြားလူတွေကပြောရင်လည်း မိကျောင်းမင်းရေကင်းပြတယ်လို့ပြောဦးမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved