တောသား မြန်မာပြည်သွား

Tuesday, January 24, 2012

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Thomas Countryman မနေ့က ဗိုလ်မှူးကြီးအောင်သောင်တို့နဲ့ သွားတွေ့တယ်လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။
ပုံထဲမှာ အမေရိကန်ဘက်က သံရုံးယာယီတာဝန်ခံ၊ စစ်သံမှူး တို့ကို ခပ်ဝါးဝါး မြင်ရပါတယ်။

အမေရိကန် ထိပ်တန်းအရာရှိကြီးတွေ မြန်မာပြည်ကို အဆက်မပြတ် သွားလာနေချိန်မှာ Thomas Countryman ရဲ့ ခရီးစဉ်က မထင်မရှား ဖြစ်နေပါတယ်။

ဝန်ကြီးနာမည်က Countryman ဆိုတော့ တောသား လို့ ဘာသာပြန်ရမယ် ထင်ပါတယ်

CNN ရဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့ သတင်းမှာတော့ အခုလို ရေးထားတာ တွေ့ရမှာပါ -

Thomas Countryman, assistant secretary for International Security and Nonproliferation, is traveling to the country next week to discuss Myanmar's military relationship with North Korea, the official said. The administration has voiced concern about the countries' military ties and North Korean missile sales to Myanmar.

မြောက်ကိုရီးယားနဲ့မြန်မာ စစ်ရေးဆက်စပ်မှုအကြောင်း ဆွေးနွေးဖို့ Thomas Countryman မြန်မာပြည်သွားမယ် တဲ့။

2 comments :

  1. Anonymous said... :

    ဟားဟား နာမည်ကလည်း ရီရတယ်။ ဧရာဝတီဘလောက်ရေးသူကလည်း ကြံကြံဖန်ဖန် ရှာတတ်တယ်။

  1. Anonymous said... :

    သူက အမေရိကန်နိုင်ငံရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (ဟီလာရီ ကလင်တန်ရဲ့ လက်ထောက်) မဟုတ်ပါဘူး။သတင်းစာထဲမှာ ရှင်းရှင်းလင်းလင်းရေးထားရဲ့သားနဲ့ ၊ ဘလော့ဂ်မှာ ပြန်ရေးထားတာ မှားနေပါတယ်။
    ပို့ စ်နဲ့ ဆက်စပ်ပြီးပြောရမယ်ဆိုရင် Butcher (သားသတ်သမား) လို နာမည်မျိုးတွေလည်းရှိပါတယ်။ ၈၈ အရေးတော်ပုံကာလတုန်းက သမတဦးစိန်လွင်ကို၊ ဒီနာမည်နဲ့  အမည်ဆိုးကင်ပွန်းတပ်ပေးခဲ့တာကို၊ သတိရကြဦးမယ် ထင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved